ဖခင်က သေဆုံးခဲ့ပြီး သားဖြစ်သူက ဒဏ်ရာရခဲ့ပါတယ်။

မလေးရှားနိုင်ငံ Kuala Pilah မြို့ငယ်လေးရှိ ရေခဲမုန့်ဆိုင်တစ်ဆိုင်မှာ လေအေးပေးစက် ကွန်ပရက်ဆာ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး သေဆုံးပြီး ၎င်းရဲ့သားဖြစ်သူ ဒဏ်ရာရခဲ့ပါတယ်။

(Photo: Bernama)

ယနေ့ (မေ ၂၉ ရက်) မနက် ၁၁ နာရီဝန်းကျင်က အသက် ၅၆ နှစ်အရွယ် အမျိုးသားနဲ့ ၎င်းရဲ့ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူတို့က အဆောက်အအုံ ပထမထပ်နေရာမှာ တပ်ဆင်ထားတဲ့ လေအေးပေးစက်ရဲ့ ကွန်ပရက်ဆာ (compressor) ကို ပြုပြင်နေစဉ် ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ Kuala Pilah မီးသတ်နဲ့ကယ်ဆယ်ရေးဌာနမှ အကြီးအကဲ Eva Saifun Kamuni က ပြောပါတယ်။



"သူတို့ လှေခါးပေါ်မှာရှိနေတုန်း ကွန်ပရက်ဆာက ရုတ်တရက် ပေါက်ကွဲသွားခဲ့တယ်၊ ပေါက်ကွဲမှုကြောင့် အဲဒီ အမျိုးသားက လှေခါးပေါ်ကနေ ပြုတ်ကျပြီး ခေါင်းနဲ့မျက်နှာမှာ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တယ်၊ သူက နေရာမှာတင် သေဆုံးခဲ့တယ်လို့ ဆေးဘက်ဝန်ထမ်းက အတည်ပြုခဲ့ပါတယ်" လို့ Eva Saifun Kamuni က Bernama သတင်းဌာနကို ပြောခဲ့ပါတယ်။

(Photo: Bernama)

သားအဖနှစ်ဦးလုံးကို Tuanku Ampuan Najihah ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ မနက် ၁၁ နာရီ ၁၃ မိနစ်မှာ ယခုဖြစ်ရပ် ဖြစ်ပွားကြောင်း သတင်းပေးမှုရရှိခဲ့ပြီးနောက် မီးသတ်နဲ့ကယ်ဆယ်ရေးအရာရှိ ခြောက်ဦးက အခင်းဖြစ်နေရာသို့ အလျင်အမြန်သွားရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ မီးသတ်နဲ့ကယ်ဆယ်ရေးဌာနက ပေါက်ကွဲမှုဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေပြီး ယခုကိစ္စကို နောက်ထပ် လိုအပ်တဲ့ ဆောင်ရွက်မှုတွေအတွက် ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပေးသွားမယ်လို့ ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က