အယ်လ်ဇိုင်းမားရောဂါ ခံစားနေရတဲ့ အဘွားအိုဖြစ်ပါတယ်။
Ko John

တရုတ်နိုင်ငံမှာ အထပ်မြင့် အဆောက်အအုံကနေ မည်သည့် အကူအညီမျှမပါဘဲ တွယ်ဆင်းခဲ့တဲ့ အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသူ အဘွားအိုတစ်ဦးကို ကယ်ဆယ်ခဲ့ရပါတယ်။

(Photo: AsiaWire)

အသက် ၈၀ ကျော် အဘွားအိုကို သူမရဲ့မိသားစုက အထပ်မြင့် အဆောက်အအုံ ၁၄ ထပ်ရှိ နေအိမ်တိုက်ခန်းမှာ သော့ခတ်ပိတ်ထားခဲ့ပြီးနောက် အဘွားအိုက ပြတင်းပေါက်ကနေ အပြင်ကိုထွက်ကာ တိုက်အောက်ဖက်ကို တွယ်ဆင်းသွားခဲ့ပါတယ်။ အဆောက်အအုံ ၁၄ ထပ်ကနေ တွယ်ဆင်းလာခဲ့တဲ့ အဘွားအိုကို ၄ ထပ်အရောက်မှာတော့ မိသားစုတစ်ခုက ပြတင်းပေါက်ဖွင့်ပြီး ၎င်းတို့ရဲ့ တိုက်ခန်းထဲကို ဆွဲသွင်းကယ်ဆယ်ခဲ့ကြောင်း Chengdu မြို့ မီးသတ်တပ်ဖွဲ့က တရုတ်ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။

(Photo: AsiaWire)

ဧပြီ ၂၅ ရက် မနက်ပိုင်းက အနီရောင် အိတ်တစ်လုံးကို လက်တစ်ဖက်က ကိုင်ထားလျက် အထပ်မြင့် အဆောက်အအုံ အပြင်ဘက်ကနေ အောက်ကိုတွယ်ဆင်းနေတဲ့ အဘွားအိုကို လမ်းသွားလမ်းလာတွေ မြင်တွေ့ခဲ့ရပြီး ရင်တထိတ်ထိတ် ဖြစ်ခဲ့ကြရပါတယ်။

အဘွားအိုက လေဝင်လေထွက်ပေါက်မှ သတ္တုချောင်းကို ကိုင်တွယ်ပြီး တိုက်အောက်ဖက်ကို ဖြေးဖြေးချင်း တွယ်ဆင်းနေခဲ့ပါတယ်။ အဆိုပါ တိုက်ခန်းနေသူများကော်မတီမှ ဝန်ထမ်းတစ်ဦးရဲ့ အဆိုအရ အဘွားအိုဟာ အယ်လ်ဇိုင်းမား (Alzheimer's) ရောဂါ ခံစားနေရတယ်လို့လည်း သိရပါတယ်။

(Photo: AsiaWire)

အဘွားအိုရဲ့ မိသားစုက သူမကို ၁၄ ထပ်ရှိ နေအိမ်တိုက်ခန်းမှာ တစ်ဦးတည်း သော့ပိတ်ထားခဲ့ပြီး ယခုကဲ့သို့ ထွက်သွားလိမ့်မယ်လို့ မထင်ခဲ့ကြမိကြောင်း ကော်မတီဝန်ထမ်းက Red Star News ကို ပြောပါတယ်။ မီးသတ်တပ်ဖွဲ့က ယခုဖြစ်ရပ်ကို မနက် ၁၀ နာရီဝန်းကျင်မှာ အကြောင်းကြားမှု လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဆောက်အအုံ ၁၄ ထပ်ကနေ တွယ်ဆင်းခဲ့စဉ်အတွင်း အဘွားအိုဟာ ထိခိုက်ဒဏ်ရာရခဲ့ခြင်းရှိ မရှိ အတိအကျ မသိရသေးပါဘူး။



ဆက်စပ်အကြောင်းအရာများ


က္က