စီစဉ်ထားတဲ့မြို့နဲ့ လေးမိုင်အကွာမှာ မှားယငွ်းပျံသန်းခဲ့ပါတယ်။

ဆွစ်ဇာလန်လေတပ်မှ လေကြောင်းအလှပြအဖဲ့ွတစ်ဖွဲ့က ကောင်းကင်ယံမှဖြတ်ပြီး ပျံသန်းရမယ့်မြို့ မှားယွင်းပျံသန်းခဲ့မိရာ အဆိုပါမြို့ဧရိယာမှာ ကျင်းပပြုလုပ်နေတဲ့ တေးဂီတနဲ့ ပျော်ပွဲရွှင်ပွဲမှ လူအများ အံ့အားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

(Patrouille Suisse လြေကောင်းအလှပြအဖွဲ့ လေယာဉ်များ) (Photo: Picture-Alliance/AP/M.Tacca)

Patrouille Suisse လေကြောင်းအလှပြ ပျံသန်းအဖွဲ့က သမိုင်းဝင် ဆွစ်ဇာလန်လေယာဉ်မှူး အော်စခါဘိုင်ဒါ (Oskar Bider) ကွယ်လွန်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းရဲ့မွေးရပ်မြေ Langenbruck မြို့ ကောင်းကင်ယံမှာ တနင်္ဂနွေနေ့ (ဇူလိုင် ၈ ရက်) မွန်းလွဲပိုင်းက အလှပြပျံသန်းရန် စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။

(ဆစွ်ဇာလန်လေယာဉ်မှး အော်စခါဘိုင်ဒါ) (Photo: Oskar-Bider.Ch)

သို့သော် လေကြောင်းအလှပြ ပျံသန်းမှုအဖွဲ့က မြို့မှားယွင်းပြီး ၄ မိုင်ခန့်ကွာဝေးတဲ့ Mümliswil မြို့ပေါ်မှာ ပျံသန်းခဲ့ကြပါတယ်။ ဆွစ်ဇာလန်ကာကယွ်ရေးဝန်ကြီးဌာမှ ပြောခငွ့်ရပုဂ္ဂိုလ်က ယခု အမှားအယွင်းအတွက် တောင်းပန်ကြောင်းပြောခဲ့ပါတယ်။ အော်စခါဘိုင်ဒါဟာ ဆစွ်ဇာလန်နိုင်ငံ ဘန်းမြို့မှ အီတလီနိုင်ငံ မီလန်မြို့ကို Alps တောင်တန်းပေါ်မှ ဖြတ်သန်းပြီး ပျံသန်းနိုင်ခဲ့သူအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ထိုပျံသန်းမှုကို အော်စခါဘိုင်ဒါက အသက် ၂၂ နှစ်အရွယ် ၁၉၁၃ ခုနှစ်မှာ အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။



(Patrouille Suisse လြေကောင်းအလှပြအဖွဲ့ လေယာဉ်များ)(Photo: AFP/Getty Images)

အော်စခါဘိုင်ဒါ ကွယ်လွန်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းရဲ့မွေးရပ်မြေ Langenbruck မြို့ပေါ်မှာ အလှပြပျံသန်းရန် စီစဉ်ထားခဲ့ပေမဲ့ အလှပြလေယာဉ်အုပ်စု ခေါင်းဆောင်ဖြစ်သူက Mümliswil မြို့ဧရိယာအတငွ်း တေးဂီတနဲ့ပျော်ပွဲရွှင်ပွဲအတကွ် ဆောက်လုပ်ထားတဲ့ ယာယီတဲကိုတေ့ွပြီးနောက် မှားယွင်းလမ်းညွှန်ခဲ့မိတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။

လေကြောင်းအလှပြ ပျံသန်းမှုအဖွဲ့မှာ အသုံးပြုနေတဲ့ F-5E Tiger II လေယာဉ်မှာ GPS နည်းပညာ မပါဝင်ဘူးလို့ ဆွစ်ဇာလန်စစ်တပ် ပြောခငွ့်ရပုဂ္ဂိုလ်က ဂျာမန်ဘာသာဖြင့် ပုံနှိပ်ထုတ်ဝေတဲ့ Neue Zürcher Zeitung သတင်းစာကို ပြောခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က