ရိုလာကိုစတာရဲ့ တွဲတစ်တွဲ ပြုတ်ကျလာခဲ့တာ ဖြစ်ပါတယ်။

မက္ကစီကိုနိုင်ငံ မက္ကစီကိုမြို့တော်ရှိ အပန်းဖြေဥယျာဉ်တစ်ခုရှိ ရိုလာကိုစတာ ပျက်ကျမှုကြောင့် အနည်းဆုံး လူနှစ်ဦးသေဆုံးပြီး အခြား လူငါးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ မီဒီယာက ဖော်ပြပါတယ်။

(Photo: @JerrxG13/Twitter)

စနေနေ့ (စက်တင်ဘာ ၂၈ ရက်) က ဖြစ်ပွားခဲ့တဲ့ ရိုလာကိုစတာ မတော်တဆမှုကို မျက်မြင်တွေ့ခဲ့ရသူတွေရဲ့ အဆိုအရ သေဆုံးခဲ့သူတွေဟာ အပန်းဖြေဥယျာဉ်အတွင်း မောင်းနှင်နေတဲ့ Quimera ရိုလာကိုစတာရဲ့ တွဲတစ်တွဲနဲ့အတူ အောက်ကိုပြုတ်ကျလာခဲ့တယ်လို့ သိရပါတယ်။ La Feria အပန်းဖြေဥယျာဉ်အတွင်းရှိ ရိုလာကိုစတာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း မက္ကစီကိုသတင်းတွေက ပြောပါတယ်။



(Photo: @JerrxG13/Twitter)

ရိုလာကိုစတာ ပျက်ကျပြီးနောက် အာဏာပိုင်တွေက ဥယျာဉ်အတွင်းရှိနေသူတွေကို ရွှေ့ပြောင်းစေခဲ့ပြီး အခင်းဖြစ်နေရာမှာ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သတင်းတွေမှာ ဖော်ပြထားမှုအရ Quimera ရိုလာကိုစတာဟာ အစအဆုံး ၃,၂၈၀ ပေရှည်လျားပြီး ဒေါင်လိုက်မြင့်တက်သွားတဲ့ ပတ်လမ်းနေရာသုံးခု ပါရှိကြောင်းသိရပါတယ်။

(Photo: SUUMA)

အရှိန်ဖြင့် မောင်းနှင်နေတဲ့ ရိုလာကိုစတာက မြေပြင်နဲ့နီးကပ်တဲ့ အချိုးအကွေ့နေရာကို ရောက်ရှိစဉ်မှာ တွဲတစ်ခု ပြုတ်ကျလာခဲ့ကြောင်း နယ်သာလန်အခြေစိုက် BNO သတင်းဌာနက ပြောပါတယ်။ အဆိုပါ ရိုလာကိုစတာတွဲထဲမှာ လိုက်ပါစီးနင်းလာသူ အမျိုးသားနှစ်ဦး သေဆုံးခဲ့ပြီး အခြား ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


Share

Loading Next Article...
က္က