မိုးသီးထုဟာ ငါးပေမှ ခြောက်ပွဲအထိရှိခဲ့ပါတယ်။

မက္ကစီကိုနိုင်ငံ ဂူအာဒါလာဂျာရာ (Guadalajara) မြို့မှာ မကြုံစဖူး ထူးထူးခြားခြား မိုးသီးမုန်တိုင် ကျရောက်မှုကြောင့် မြို့ခံများ အံ့သြတုန်လှုပ်ခဲ့ကြပြီး ခြောက်ပေခွဲအထိနက်တဲ့ မိုးသီးထုများ ဖုံးလွှမ်းသွားမှုကြောင့် ကားများ မောင်းနှင်မရဘဲ ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

မိုးသီးထုဟာ ကားများ ကိုယ်ထည်တစ်ဝက် နစ်မြုပ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ မက္ကစီကိုရဲ့ လူဦးရေအထူထပ်ဆုံး မြို့တစ်မြို့ဖြစ်တဲ့ ဂူအာဒါလာဂျရာမြို့မှာ ယမန်နေ့ (ဇွန် ၃၀ ရက်) က ထူးထူးခြားခြား မိုးသီးမုန်တိုင်း ကျရောက်ခဲ့တာဖြစ်ပါတယ်။



"ဂူအာဒါလာဂျာရာမှာ ဒီလိုမြင်ကွင်းမျိုးတွေ ကျွန်တော် တစ်ခါမျှ မမြင်ဖူးဘူး၊ ရာသီဥတုပြောင်းလဲမှုက အမှန်တစ်ကယ်ပဲလားလို့ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်၊ ဒါတွေက အရင်က တစ်ခါမျှ မမြင်ခဲ့ဖူးတဲ့ သဘာဝဖြစ်စဉ်တွေပဲ" လို့ ပြည်နယ်အုပ်ချုပ်ရေးမှူး အန်းနရစ်အယ်လ်ဖာရိုက AFP သတင်းဌာနကို ပြောပါတယ်။


(Photo: AFP)

မိုးသီးမုန်တိုင်း ကျရောက်ခဲ့တဲ့ ဂူအာဒါလာဂျာရာမြို့ဟာ မက္ကစီကိုနိုင်ငံ မြောက်ပိုင်းမှာတည်ရှိပြီး လူဦးရေငါးသန်းဝန်းကျင် နေထိုင်ကြပါတယ်။ အဆိုပါမြို့မှာ လတ်တလော ရက်များအတွင်း နွေရာသီအပူချိန် ၃၁ ဒီဂရီဆဲလ်စီးယပ် ဖြစ်နေကြောင်းလည်း သိရပါတယ်။ ဂူအာဒါလာဂျာရာမြို့ရဲ့ ဆင်ခြေဖုံးနေရာ အနည်းဆုံး ခြောက်ခုမှာ ငါးပေမှ ခြောက်ပေခွဲအထိ အနက်ရှိနိုင်တဲ့ မိုးသီးများဖုံးလွှမ်းနေခဲ့ပါတယ်။

(Photo: @HT_IC6/Twitter)

ကလေးတွေက တစ်ဦးနဲ့တစ်ဦး မိုးသီးများဖြင့် ပစ်ပေါက်ဆော့ကစားခဲ့ကြပြီး ပြည်သူ့ကာကွယ်ရေးဌာနနဲ့ စစ်သားတွေက စက်ယန္တရားကြီးများသုံးကာ လမ်းမတွေကို ရှင်းလင်းခဲ့ကြရတယ်လို့ ဆိုပါတယ်။ နေအိမ်နဲ့ စီးပွားရေးလုပ်ငန်းနေရာ ၂၀၀ နီးပါး မိုးသီးများထိမှန်မှုကြောင့် အပျက်အစီးဖြစ်ပေါ်ခဲ့ပြီး ကားအစီးရေ ၅၀ ထက်မနည်း မိုးသီးဖုံးလွှမ်းမှုအတွင်း ပိတ်မိနေခဲ့ကြောင်း သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က