ဧပြီလလယ်ပိုင်းမှာ အမြင့်ဆုံးဖြစ်လာမယ်လို့ မယ်လို့ ခန့်မှန်းထားပြီး ကူးစက်မှုနှုန်း လျော့ကျသွားမယ့် အရိပ်လက္ခဏာများရှိတယ်လို့ ဆိုပါတယ်။
Ko John

အာဆီယံအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံဖြစ်တဲ့ မလေးရှားမှာ COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုဟာ ဧပြီလလယ်ပိုင်းမှာ အမြင့်ဆုံးဖြစ်လာမယ်လို့ မယ်လို့ ခန့်မှန်းထားပြီး ကူးစက်မှုနှုန်း လျော့ကျသွားမယ့် အရိပ်လက္ခဏာများရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယနေ့ (ဧပြီ ၂ ရက်) ပြောပါတယ်။

(Photo: Reuters)

မလေးရှားနိုင်ငံဟာ အရှေ့တောင်အာရှမှ COVID-19 ကူးစက်မှုအများဆုံးနိုင်ငံဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ၂,၉၀၈ ဦး ဗိုင်းရပ်စ်ကူးစက်ခံရပြီး ၄၅ ဦး သေဆုံးခဲ့ပါတယ်။ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာလာသူ လက်ရှိအချိန်အထ ၆၄၅ ဦးရှိခဲ့ပါတယ်။ မလေးရှားနိုင်ငံက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ဟန့်တားရန် ခရီးထွက်ခြင်းနဲ့ သွားလာလှုပ်ရှားမှုတွေကို ပိတ်ပင်ကန့်သတ်ထားပါတယ်။



"ရရှိနိုင်တဲ့ အချက်အလက်တွေကို အခြေခံပြီး WHO Country Office က မလေးရှားမှာ COVID-19 ကြောင့် ဆေးရုံတက်ရသူဦးရေ ဧပြီလလယ်မှာ အများဆုံးဖြစ်လာမယ် ခန့်မှန်းထားပါတယ်" လို့ မလေးရှား၊ ဘူရူနိုင်းနဲ့ စင်ကာပူနိုင်ငံဆိုင်ရာ WHO ကိုယ်စားလှယ် Ying-Ru Lo က Reuters သတင်းဌာနကို ပြောပါတယ်။

(Photo: Reuters)

လာမယ့် သီတင်းပတ်အတွင်း မလေးရှားမှာ စိုးရိမ်ရတဲ့အခြေအနေဖြင့် COVID-19 လူနာအရေအတွက် အများဆုံးဖြစ်လာမယ်လို့ သူမက ဆိုပါတယ်။ WHO ရဲ့ ခန့်မှန်းချက်များဟာ အပြောင်းအလဲရှိနိုင်ကြောင်းလည်း Ying-Ru Lo က ဖြည့်စွက်ပြောခဲ့ပါတယ်။ "ကူးစက်မှုနှုန်း လျော့ကျသွားမယ့် ကနဦး အရိပ်လက္ခဏာတွေ ရှိပါတယ်၊ ဒါပေမဲ့ ထိန်းချုပ်ရေးအစီအမံတွေကို ပယ်ဖျက်လိုက်ပြီး လူတွေက ကာကွယ်မှုတွေ ဆက်မလုပ်ကြတော့ရင် ဗိုင်းရပ်စ်ကူးစက်မှုတွေ တစ်ကျော့ပြန်ဖြစ်လာနိုင်ပါတယ်" လို့ Ying-Ru Lo ပြောပါတယ်။

လက်ရှိအချိန်အထိ မလေးရှားနိုင်ငံတစ်ဝှမ်း အထူးကြပ်မတ်ကုသနေရတဲ့ COVID-19 လူနာ ၁၀၂ ဦးရှိနေပါတယ်။ သွားလာလှုပ်ရှားမှုတွေ ပိတ်ပင်ကန့်သတ်ထားစဥ်အတွင်း COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ အသစ်တွေရှိမှုနှုန်းဟာ နှေးကွေးသွားမယ့်ပုံရှိကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၁ ရက်နေ့မှာ ပြောခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း မလေးရှားမှာ ဗိုင်းရပ်စ်စစ်ဆေးမှုကို အရှိန်မြှင့်လုပ်ဆောင်နေပြီး တစ်ရက်လျှင် လူ ၇,၀၀၀ ကျော်ကို စစ်ဆေးနေပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ တစ်ရက်လျှင် လူဦးရေ ၃,၅၀၀ ကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


Author


က္က