loading...

loading...

loading...

ဝန်ကြီးချုပ်နဲ့ ဝန်ကြီးများက လစာ ၂ လစာမယူဘဲ COVID-19 တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမှာပါ။
Ko John

မလေးရှားမှာ ဝန်ကြီးချုပ် မူဟီဒင်ယာစင်၊ ဝန်ကြီးများနဲ့ ဒုတိယဝန်ကြီးများက ၎င်းတို့ရဲ့လစာ ၂ လစာမယူတော့ဘဲ ထိုငွေများကို နိုင်ငံမှာ COVID-19 တိုက်ဖျက်ရေးအတွက် လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

(Photo: Bernama)

ဝန်ကြီးချုပ်ရုံးက ယနေ့ (မတ်လ ၂၆ ရက်) ထုတ်ပြန်ချက်အရ ယမန်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ လစာမယူမယ့်ကိစ္စကို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ COVID-19 ကပ်ရောဂါကြောင့် ဆိုးရွားစွာ သက်ရောက်မှုခံရသူတွေကို ကူညီပေးမယ့် ကတိကဝတ်ကို လက်တွေ့ သက်သေပြခဲ့တာလည်း ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မလေးရှားအစိုးရက ရောဂါကြောင့် သက်ရောက်မှုကြုံရတဲ့ ပြည်သူတွေကို ကူညီပေးရန် အားထုတ်လုပ်ဆောင်မှုတစ်ခုအဖြစ် COVID-19 ရန်ပုံငွေကိုလည်း မတ်လ ၁၁ ရက်နေ့မှာ စတင်ခဲ့ကြောင်း သိရပါတယ်။ မတ်လ ၂၅ ရက်နေ့ကအထိ အစိုးရက ထည့်ဝင်မှုများ အပါအဝင် COVID-19 ရန်ပုံငွေမှာ မလေးရှားရင်းဂစ်ငွေ ၈ ဒသမ ၄ သန်းကျော် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ သန်းခန့်) ရရှိထားပါတယ်။

(Photo: EPA-EFE)

မလေးရှားမှာ မတ်လ ၂၆ ရက် ညပိုင်းအထိ စာရင်းတွေအရ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂,၀၁၃ ဦး စစ်ဆေးတွေ့ရှိထားပြီး သေဆုံးသူ ၂၃ ဦးအထိ မြင့်တက်လာပါတယ်။ လက်ရှိအချိန်အထိ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်လည်သက်သာသွားသူ ၁၉၉ ဦးရှိပါတယ်။ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် မလေးရှားတစ်နိုင်ငံလုံး သွားလာလှုပ်ရှားမှု ကန့်သတ်မိန့်ကိုလည်း လာမယ့် ဧပြီ ၁၄ ရက်နေ့အထိ တိုးချဲ့ထုတ်ပြန်ထားကြောင်း CNA သတင်းမှာ ဖော်ပြပါတယ်။

(Photo: Reuters)

ထို့အတူ မလေးရှားနိုင်ငံသားတွေကို ပြည်ပခရီးသွားခြင်း တားမြစ်ထားပြီး နိုင်ငံခြားခရီးသည်တွေကိုလည်း ပြည်ဝင်ခွင့်ပိတ်ပင်ထားပါတယ်။ မလေးရှားမှာ မရှိမဖြစ် လုပ်ငန်းများမှလွဲပြီး အခြား အစိုးရနဲ့ ပုဂ္ဂလိကပိုင်း လုပ်ငန်းများအားလုံးကိုလည်း ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် စူပါမတ်ကက်များ၊ ကုန်စုံဆိုင်များနဲ့ နေ့စဥ်လိုအပ်တဲ့ အသုံးအဆောင်များရောင်းချရာ စတိုးဆိုင်များမှလွဲပြီး ဝတ်ပြုနေရာများနဲ့ စီးပွားရေးလုပ်ငန်း အဆောက်အအုံများကို ပိတ်ထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က