loading...

loading...

loading...

မြန်မာအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတွေမှာ COVID-19 ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်နေကြပါတယ်။
Ko John

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ COVID-19 ရောဂါ ကူးစက်မှုတွေ ကမ္ဘာ့နိုင်ငံ စုစုပေါင်းအရေအတွက်ရဲ့ သုံးပုံနှစ်ပုံကျော်မှာ ဖြစ်ပွားနေပါတယ်။

(Photo: Reuters)

COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေကို အာဆီယံဒေသတွင်း နိုင်ငံတွေမှာလည်း စစ်ဆေးအတည်ပြုထားပြီး သေဆုံးမှုတွေလည်း ရှိနေပါတယ်။ နိုင်ငံအသီးသီးက ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်နိုင်ရေး ဆောင်ရွက်မှုတွေ လုပ်ဆောင်နေကြပေမဲ့ လက်ရှိအချိန်အထိ ကူးစက်ခံရမှုနဲ့ သေဆုံးမှုတွေ ကမ္ဘာတစ်ဝှမ်းမှာ နေ့စဥ် တိုးလာနေဆဲဖြစ်ပါတယ်။ မြန်မာအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံတွေမှာလည်း COVID-19 ဗိုင်းရပ်စ်ထိန်းချုပ်ရေး တိုးမြှင့်ဆောင်ရွက်နေကြပြီး နောက်ဆုံး သိရှိရတဲ့ အခြေအနေများကို ကောက်နုတ်ဖော်ပြထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ

အာဆီယံနိုင်ငံများအနက် ဖိလစ်ပိုင်မှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် အများဆုံးဖြစ်နေပြီး မတ်လ ၁၇ ရက်နေ့ ညပိုင်းအထိ ၁၄ ဦး သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်မှာ လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၈၇ ဦးရှိပြီး ၂ ဦး ပြန်လည်သက်သာလာခဲ့ပါတယ်။ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု ထိန်းချုပ်ရန် ဖိလစ်ပိုင်အစိုးရက မနီလာမြို့တော် နယ်နမိတ်အတွင်းရှိ မြို့ ၁၆ ခုမှာ ည ၈ နာရီမှ မနက် ၅ နာရီအထိ ညမထွက်ရအမိန့်များ မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့ပြီး ဈေးဝယ်စင်တာတွေကိုလည်း တစ်လကြာပိတ်ထားရန် ညွှန်ကြားထားပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေးက နိုင်ငံရဲ့ကျန်းမာရေး အရေးပေါ်အခြေအနေကို အမြင့်ဆုံးအဆင့် သတ်မှတ်ခဲ့ပြီး လူဦးရေ ၁၂ သန်းရှိတဲ့ မနီလာမြို့တော်မှာ အသွားအလာ ပိတ်ပင်ကန့်သတ်ထားပါတယ်။ မနီလာမြို့တော် အဝင်အထွက် ကုန်းလမ်းနဲ့ လေကြောင်းခရီးစဥ်တွေကိုလည်း ကန့်သတ်ချက်များ ထုတ်ပြန်ထားပြီး မတ်လ ၁၅ ရက်နေ့မှာ စတင်သက်ရောက်ခဲ့ပါတယ်။




(P

hoto: Rappler)


မနီလာမြို့တော် နယ်နမိတ်အတွင်း မြို့ ၁၆ ခုမှာ ဈေးဝယ်စင်တာများနဲ့ လုပ်ငန်းတွေကို ယာယီ ပိတ်ပင်ထားရန် ညွှန်ကြားထားပြီး အခြေခံ ကုန်စုံပစ္စည်းအရောင်းဆိုင်များ၊ ဘဏ်များနဲ့ ဆေးဆိုင်များကိုသာ ဖွင့်လှစ်ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်လေကြောင်းလိုင်း (Philippine Airlines) ရဲ့ နိုင်ငံတကာလေကြောင်းခရီးစဥ်တွေကို မတ်လ ၂၀ ရက်မှစပြီး ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။

င်ဒိုနီးရှားနိုင်ငံ

အင်ဒိုနီးရှားဟာ ဖိလစ်ပိုင်ပြီးပါက အာဆီယံနိုင်ငံများအနက် COVID-19 ကြောင့် သေဆုံးမှု ဒုတိယအများဆုံး ဖြစ်နေပါတယ်။ မတ်လ ၁၇ ရက် ညပိုင်းအထိ စာရင်းတွေအရ အင်ဒိုနီးရှားနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၂ ဦး စစ်ဆေးအတည်ပြုထားပြီး ၅ ဦး သေဆုံးခဲ့ကာ ၂ ဦး ပြန်လည်သက်သာခဲပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုနဲ့ သေဆုံးမှုတွေ တိုးလာတာကြောင့် အင်ဒိုနီးရှားအစိုးရက ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း အီတလီ၊ ဗာတီကန်စီးတီး၊ စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်နဲ့ အီရန် နိုင်ငံများသို့ သွားရောက်ခဲ့ဖူးသူတွေကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင်ထားမယ်လို့ မတ်လ ၁၇ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ပြောပါတယ်။ ထိုသို့ ပိတ်ပင်မှုဟာ သောကြာနေ့ (မတ်လ ၂၀ ရက်) ညသန်းခေါင်အချိန်မှာ စတင်သက်ရောက်မှာ ဖြစ်ပါတယ်။



(P

hoto: Reuters)

အင်ဒိုနီးရှားမှာ ပို့ဆောင်ရေးဝန်ကြီး COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက် သမ္မတဂျိုကိဝီဒိုဒို အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဗိုင်းရပ်စ်စစ်ဆေးမှု ခံယူကြတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဂျကာတာနဲ့ အခြား ပြည်နယ်တွေနဲ့ မြို့တွေမှာ ပြီးခဲ့တဲ့ ကျောင်းများပိတ်ထားခဲ့ပါတယ်။

ကုမ္ပဏီအချို့ကလည်း ဝန်ထမ်းတွေကို နေအိမ်မှ အလုပ်လုပ်ကြရန် ပြောထားတယ်လို့ သိရပါတယ်။ "အခုအချိန်မှာ အရေးကြီးဆုံးအချက်က လူတွေ ခပ်ခွာခွာနေကြဖို့ပါ၊ ဒါကြောင့် ဒီအခြေအနေမှာ အိမ်ကနေ အလုပ်လုပ်တာ၊ အိမ်မှာပဲ သင်ကြားတာနဲ့ ဝတ်ပြုတာတွေ လုပ်သင့်ပါတယ်" လို့ သမ္မတဂျိုကိုဝီက ပြောပါတယ်။

လေးရှားနိုင်ငံ

ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ မြင့်တက်လာတဲ့ မလေးရှားမှာ ပထမဆုံး သေဆုံးမှုတွေလည်း ရှိလာပါတယ်။ COVID-19 ကြောင့် ၂ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၁၇ ရက်နေ့မှာ မလေးရှားအစိုးရက အတည်ပြုခဲ့ပါတယ်။ မလေးရှားမှာ ယခုရက်ပိုင်းအတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူတွေ သိသာစွာ မြင့်တက်တွေ့ရှိလာရပြီး မတ်လ ၁၇ ရက် ညပိုင်းအထိ ကူးစက်ခံရသူ ၆၇၃ ဦးရှိခဲ့ပါတယ်။

ပြန်လည်သက်သာသွားသူ အရေအတွက် ၂၆ ဦး ဖြစ်ပါတယ်။ မလေးရှားမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေအနက် ၄၀၀ ကျော်ဟာ ဖေဖေါ်ဝါရီ ၂၈ ရက်မှ မတ်လ ၁ ရက်အထိ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဘာသာရေး စုဝေးပွဲနဲ့ ဆက်နွယ်နေပါတယ်။ အဆိုပါ ဘာသာရေးပွဲကို လူဦးရေ ၁၆,၀၀၀ တက်ရောက်ခဲ့ပြီး ဘူရူနိုင်း၊ စင်ကာပူနဲ့ အင်ဒိုနီးရှား နိုင်ငံတို့မှ လာရောက်ခဲ့ကြသူတွေလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရပါတယ်။



(Ph

oto: Reuters)


ဗိုင်းရပ်စ်ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်လာခဲ့ပြီးနောက် မလေးရှားအစိုးရက မတ် ၁၈ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ နိုင်ငံသားများ ပြည်ပထွက်ခွာမှုနဲ့ နိုင်ငံခြားသားများ ပြည်တွင်းဝင်ရောက်မှု ပိတ်ပင်တဲ့အမိန့်တစ်ရပ်ကို မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံရပ်ခြားမှ ပြန်လာကြတဲ့ မလေးရှားနိုင်ငံသားတွေဟာလည်း ကျန်းမာရေးစစ်ဆေးမှု ခံယူရမှာဖြစ်ပြီး မိမိဘာသာ ၁၄ ရက်ကြာ ရောဂါခြေချုပ်ဖြင့် နေထိုင်ရမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဘာသာရေးပွဲများ၊ အားကစားပွဲများ၊ လူမှုရေးနဲ့ ယဥ်ကျေးမှုဆိုင်ရာ ပွဲများအပါအဝင် လူစုလူဝေးဖြစ်စေတဲ့ လှုပ်ရှားမှုတွေကိုလည်း မလေးရှားတစ်နိုင်ငံလုံး ပိတ်ပင်ထားပါတယ်။ မလေးရှားမှာ ကျောင်းများနဲ့ အဆင့်မြင့်ပညာသင်ကြားရေးတက္ကသိုလ်များ အားလုံးကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်။ ထို့အတူ ရေ၊ လျှပ်စစ်၊ စွမ်းအင်၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ရေနံ၊ လုံခြုံရေးနဲ့ ကာကွယ်ရေးကဲ့သို့ မရှိမဖြစ် လုပ်ငန်းတွေကလွဲပြီး လုပ်ငန်းများအားလုံးကိုလည်း ပိတ်ပင်ထားမယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ

မြန်မာနဲ့ကပ်လျက် အာဆီယံနိုင်ငံဖြစ်တဲ့ ထိုင်းမှာလည်း COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ ဖြစ်ပွားနေပြီး လက်ရှိအချိန်အထိ ၁ ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၁၇ ရက် ညပိုင်းထိ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၇၇ ဦးရှိပြီး ၃၄ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။



(Ph

oto: AP)

ဗိုင်းရပ်စ်ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ဧပြီလအတွင်း ဆွန်ခရန်ပွဲတော် (ထိုင်းသင်္ကြန်) အားလပ်ရက်ကို ရွှေ့ဆိုင်းရန်နဲ့ ကျောင်းများပိတ်ထားရန် ထိုင်းအစိုးရက ဆုံးဖြတ်ခဲ့ပါတယ်။ ထိုင်းမှာ ကျောင်းများ၊ ဘားဆိုင်များ၊ ရုပ်ရှင်ရုံများ၊ ကြက်တိုက်ကွင်းများနဲ့ အခြား ဖျော်ဖြေရေးနေရာတွေကို ပိတ်ပင်ရန်နဲ့ ထိုင်းနှစ်သစ်ကူး အားလပ်ရက်ကို ရွှေ့ဆိုင်းရန် အစီအစဥ်တွေကို မတ်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပြီး အစိုးရအဖွဲ့က မတ်လ ၁၇ ရက်မှာ ဆွန်ခရန်ပွဲတော် (ထိုင်းသင်္ကြန်) အားလပ်ရက်ကို ရွှေ့ဆိုင်းရန်နဲ့ ကျောင်းများပိတ်ထားရန် အတည်ပြုခဲ့ပါတယ်။

ဖျော်ဖြေရေးနေရာများ ပိတ်ပင်မှုကိုတော့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးတွေက ဆုံးဖြတ်သွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ Buri Ram ခရိုင်မှာတော့ ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေးအတွက် အဝင်အထွက် ပိတ်ပင်ထားမယ်လို့ အုပ်ချုပ်ရေးမှူး Thatchakorn Hatthathayakul က တနင်္လာနေ့ (မတ်လ ၁၆ ရက်) မှာ ကြေညာခဲ့ကြောင်း သိရပါတယ်။

စင်ကာပူနိုင်ငံ

အာဆီယံအဖွဲ့ဝင် စင်ကာပူမှာလည်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နေ့စဥ် တိုးလာနေပြီး မတ်လ ၁၇ ရက် ညပိုင်းအထိ ၂၆၆ ဦး ကူးစက်ခံထားရပြီး ၉၆ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။ စင်ကာပူမှာ COVID-19 ကြောင့် သေဆုံးမှုမရှိပါဘူး။ စင်ကာပူမှာ မတ်လ ၁၇ ရက်နေ့က ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ရပြီး လက်ရှိအချိန်အထိ ဗိုင်းရပ်စ်ကူးစက်သူ နေ့စဥ်တွေ့ရှိရမှုတွေအနက် အများဆုံးလည်း ဖြစ်လာပါတယ်။



(Ph

oto: MediaCorp)

COVID-19 ကူးစက်မှု ထိန်းချုပ်ဟန့်တားရေး ဆောင်ရွက်မှုအဖြစ် စင်ကာပူကို ဝင်ရောက်လာသူတွေအနက် ပြီးခဲ့တဲ့ ၁၄ ရက်အတွင်း မြန်မာအပါအဝင် အာဆီယံနိုင်ငံများ၊ ဂျပန်၊ ဆွစ်ဇာလန် သို့မဟုတ် ဗြိတိန်သို့ သွားရောက်ခဲ့ဖူးသူတွေဟာ ၁၄ ရက်ကြာ အိမ်မှာပဲနေရမယ်လို့ စင်ကာပူအစိုးရက မတ်လ ၁၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အဆိုပါ ကန့်သတ်ချက်ဟာ စင်ကာပူမှာ အခြေချနေထိုင်သူများ၊ ကာရှည်ကြာနေထိုင်ခွင့်ရရှိထားသူများနဲ့ ခေတ္တအလည်အပတ် လာရောက်သူများ အပါအဝင် ခရီးသွားအားလုံး အကျုံးဝင်ကြောင်း စင်ကာပူကျန်းမာရေးဝန်ကြီးဌာန (Ministry of Health - MOH) က ပြောပါတယ်။ စင်ကာပူအစိုးရက နိုင်ငံသားတွေကိုလည်း မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားပါတယ်။

ဗီယက်နမ်နိုင်ငံ

မတ်လ ၁၇ ရက် ညပိုင်းအထိ ဗီယက်နမ်မှာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၆ ဦးရှိပြီး ၁၆ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။ ဗီယက်နမ်မှာလည် ဗိုင်းရပ်စ်ကူးစက်ခံရမှုတွေ ဆက်လက် တိုးမြင့်နေရာ အစိုးရက နိုင်ငံခြားသားအားလုံးအတွက် ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးမှုတွေကို ရပ်ဆိုင်းထားမယ်လို့ မတ်လ ၁၇ ရက်မှာ ပြောပါတယ်။



(Photo: Reuters)

ဗီယက်နမ်နိုင်ငံက ဥရောပ Schengen ဗီဇာကင်းလွတ်နယ်မြေဒေသနဲ့ ဗြိတိန်မှာ လာရောက်သူတွေကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ (မတ်လ ၁၅ ရက်) မှစပြီး ပြည်ဝင်ခွင့်ပိတ်ထားပြီး COVID-19 ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိရတဲ့ နေရာဒေသများမှ လာရောက်သူတွေကို သီးခြားခွဲစောင့်ကြည့်မှုနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

ဗီယက်နမ်မှာ တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများကို ပိတ်ထားပါတယ်။ ဒါ့အပြင် ရုပ်ရှင်ရုံများ၊ နိုက်ကလပ်များ၊ ဘားဆိုင်များ၊ အနှိပ်ခန်းများ၊ ကာရာအိုကေများနဲ့ အွန်လိုင်းဂိမ်းဆိုင်တွေကိုလည်း မတ်လကုန်အထိ ပိတ်ထားကြရန် ဗီယက်နမ်အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။ ဗီယက်နမ်အစိုးရက လူစုလူဝေး မပြုလုပ်ကြရန်နဲ့ အများပြည်သူနေရာတွေမှာ mask တပ်ဆင်သွားလာကြရန်လည်း ညွန်ကြားထားကြောင်း သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ

ကမ္ဘောဒီးယားမှာ မတ်လ ၁၆ ရက်အထိ COVID-19 ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ ဦးရှိခဲ့ရာမှ မတ်လ ၁၇ ရက်မှာတော့ နှစ်ဆတိုးလာပြီး ၂၄ ဦးအထိ ရှိလာခဲ့ပါတယ်။ မတ်လ ၁၇ ရက်နေ့က နောက်ထပ် အသစ်တွေ့ရှိရတဲ့ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၂ ဦးအနက် ၁၁ ဦးဟာ မလေးရှားနိုင်ငံမှာ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲကို တက်ရောက်ခဲ့သူတွေ ဖြစ်ပါတယ်။



(Ph

oto: AFP)


ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က နိုင်ငံသားတွေကို ဥရောပ၊ အမေရိကန်နဲ့ အီရန်သို့ ခရီးမသွားကြရန် ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ်။ ဥရောပ၊ အမေရိကန်နဲ့ အီရန်တို့မှ ကမ္ဘောဒီးယားသို့ ပြန်ရောက်လာသူတွေကိုလည်း ၁၄ ရက်ကြာ သီးခြားခွဲထားပြီး ရောဂါခြေချုပ်ဖြင့် နေထိုင်ရမယ်လို့ ဟွန်ဆန်က ညွှန်ကြားထားပါတယ်။

ဘရူနိုင်းနိုင်ငံ

ဘရူနိုင်းမှာ မတ်လ ၁၇ ရက် ညပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၆ ဦး တွေ့ရှိထားပါတယ်။ အဆိုပါ ကူးစက်ခံရမှုတွေအနက် ၄၅ ဦးထက်မနည်းဟာ မလေးရှားနိုင်ငံ ကွာလမ်လမ်ပူမြို့စွန် Sri Petaling မြို့ရှိ ဗလီတစ်ခုမှာ ပြုလုပ်ခဲ့တဲ့ ဘာသာရေးပွဲနဲ့ ဆက်နွယ်နေတယ်လို့ ဆိုပါတယ်။ ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် ဘရူနိုင်းအစိုးရက နိုင်ငံသားတွေနဲ့ အခြေချနေထိုင်သူ နိုင်ငံခြားသားတွေကို နိုင်ငံမှထွက်ခွာခွင့် ပိတ်ပင်ထားပါတယ်။


ြန်မာနိုင်ငံ


အာဆီယံနိုင်ငံ ၁၀ နိုင်ငံအနက် မတ်လ ၁၇ ရက် ညပိုင်းအထိ မြန်မာနိုင်ငံမှာ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိထားပါဘူး။ မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မတ်လ ၁၇ ရက် ည ၈ နာရီချိန် တရားဝင် ထုတ်ပြန်ထားမှုအရ စောင့်ကြည့်လူနာ ၁၄၂ ဦး၊ သံသယလူနာ ၂ ဦး၊ ဗိုင်းရပ်စ်မတွေ့ရတဲ့ လူနာ ၁၃၅ ဦးနဲ့ ဓာတ်ခွဲခန်းအဖြေစောင့်ဆိုင်းဆဲ လူနာ ၉ ဦးရှိကြောင်း သိရပါတယ်။

မတ်လ ၁၇ ရက် မနက်ပိုင်းက မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ကုသမှုခံယူနေတဲ့ ဗိုင်းရပ်စ်သံသယလူနာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး သေဆုံးသွားခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ မရှိ စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံထားရခြင်း မရှိကြောင်း အဖြေထွက်ခဲ့တယ်လို့ ယနေ့ (မတ်လ ၁၈ ရက်) မနက် (၀၀:၁၅) နာရီအချိန်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တရားဝင် Facebook မှာ ဖော်ပြထားပါတယ်။


(Imag

e: MOHS Myanmar)


လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှု မတွေ့ရှိရသေးပေမဲ့ ကြိုတင်ကာကွယ်မှုများအဖြစ် လူစုလူဝေးဖြစ်စေတဲ့ သင်္ကြန်နဲ့ အကယ်ဒမီကဲ့သို့ ပွဲအခမ်းအနားများကို ဖျက်သိမ်း/ရွှေ့ဆိုင်းခြင်း၊ ရုပ်ရှင်ရုံများပိတ်ခြင်းကဲ့သို့ ဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပါတယ်။ ဒါ့အပြင် သတ်မှတ်နိုင်ငံများမှ ဝင်ရောက်လာသူတွေကို ၁၄ ရက်ကြာ သီးခြားခွဲထားပြီး စောင့်ကြည့်မယ့် အစီအစဥ်ကိုလည်း ချမှတ်ထားပါတယ်။

ာအိုနိုင်ငံ


အာဆီယံအဖွဲ့ဝင်ဖြစ်တဲ့ လာအိုနိုင်ငံမှာ မတ်လ ၁၇ ရက် ညပိုင်းအထိ COVID-19 ဗိုင်းရပ်စ်ကူးစက်မှု မတွေ့ရှိသေးကြောင်း သိရပါတယ်။ လာအိုကို ရောက်ရှိလာတဲ့ နိုင်ငံခြားသားများနဲ့ ဗီယက်နမ်မှာ ကျောင်းတက်ပြီး လတ်တလော ပြန်ရောက်လာခဲ့တဲ့ လာအိုကျောင်းသူကျောင်းသားတွေကို စစ်ဆေးခဲ့ရာ ဗိုင်းရပ်စ်ကူးစက်ခံရမှု မရှိကြောင်း လာအိုကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က