loading...

loading...

loading...

၂၀၁၆ ခုနှစ်အတွင်းက ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ထိတ်လန့်တုပ်လှုပ်ဖွယ် အမှုဖြစ်ပါတယ်။
Ko John

၂၀၁၆ ခုနှစ်အတွင်းက ဂျပန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မသန်စွမ်းသူ ၁၉ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့မှုမှ တရားခံ ဂျပန်အမျိုးသားကို ယနေ့ (မတ်လ ၁၆ ရက်) သေဒဏ်ချမှတ်လိုက်ကောင်း သိရပါတယ်။

(Photo: AFP)

အသက် ၃၀ နှစ်အရွယ် ဆာတိုရှီယူအီမတ်စုက စောင့်ရှောက်ရေးဂေဟာတစ်ခုရှိ မသန်စွမ်းသူ ၁၉ ဦးကို ဓားဖြင့်ထိုးသတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ၎င်းဟာ တိုကျိုမြို့ အနောက်တောင်ဘက် ဆာဂါမီဟာရာမြို့ရှိ အခင်းဖြစ်ပွားခဲ့တဲ့ Tsukui Yamayuri-en စောင့်ရှောက်ရေးဂေဟာမှာ အလုပ်လုပ်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

ဆာတိုရှီက စောင့်ရှောက်ရေးဂေဟာမှာ တိုက်ခိုက်မှုအတွင်း အခြား ၂၆ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။ ယခုအမှုနဲ့ ပတ်သက်ပြီး ဆာတိုရှီရဲ့ ရှေ့နေတွေက ၎င်းတို့ရဲ့ အမှုသည်ဟာ ဆေးခြောက်သုံးစွဲရာမှာ စိတ်ပိုင်းဆိုင်ရာ ကစဥ့်ကလျားဖြစ်နေကြောင်းနဲ့ အပြစ်မရှိကြောင်း ယခင်က လျှောက်လဲခဲ့ကြပါတယ်။

(Photo: The Japan News)

သို့သော် အစိုးရရှေ့နေတွေက ဆာတိုရှီဟာ စောင့်ရှောက်ရေးဂေဟာ တိုက်ခိုက်မှုအတွက် တာဝန်ယူနိုင်တဲ့ အခြေအနေရှိကြောင်းနဲ့ ၎င်းရဲ့ ပြစ်မှုများအတွက် သေဒဏ်ချမှတ်သင့်ကြောင်း ပြောခဲ့ပါတယ်။ မသန်းစွမ်းသူတွေကို တိုက်ခိုက်သတ်ဖြတ်မှုဟာ လူမဆန်တဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း အစိုးရရှေ့နေတွေက ပြီးခဲ့တဲ့လအတွင်းက တရားခွင်မှာ လျှောက်လဲခဲ့ကြပါတယ်။

ယခုအမှုဟာ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး လူအစုအပြုံလိုက် သတ်ဖြတ်မှုတွေအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အကြမ်းဖက်ရာဇဝတ်မှု ဖြစ်ပွားနှုန်းနည်းပါးတဲ့ ဂျပန်မှာ ပြည်သူများ ထိတ်လန့်တုပ်လှုပ်ခဲ့ကြရပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က