မီးလောင်မှုကို တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။

ဘန်ကောက်မြို့ Chatuchak ခရိုင်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်မီးလောင်မှုအတွင်း ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦး သေဆုံးခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုကြောင့် အငှားချထားတဲ့ နေအိမ်လေးလုံး ပျက်စီးခဲ့ပါတယ်။

bangkok-house-fire1.jpg

Photo: The Nation



မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်တွေဟာ အတွဲလိုက် တဆက်တစပ်တည်း တည်ဆောက်ထားခြင်းဖြစ်ပြီး စုစုပေါင်း နေအိမ်ခြောက်လုံးပါဝင်ပါတယ်။ ရဲတပ်ဖွဲ့မှတ်တမ်းအရ စက်တင်ဘာ ၂၄ ရက် မနက် ၉ နာရီ ၂၀ မိနစ်မှာ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။



နေအိမ်တွဲမှ တတိမြောက်နေအိမ်ကနေ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နောက်ထပ် နေအိမ်သုံးလုံးကို ကူးစက်လောင်ကျွမ်းသွားခဲ့ပါတယ်။

Photo: JS100 and Chanchai Kanchanasut/ Facebook



မီးလောင်မှု စတင်ဖြစ်ပွားခဲ့တဲ့နေအိမ် ဒုတိယထပ်မှာ အသက် ၂၀ နှစ်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ Panida Chok-uayporn ရဲ့ မီးလောင်ကျွမ်းခံထားရတဲ့ အလောင်းကို တွေ့ရှိခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။ သူမရဲ့အလောင်းကို နံရံကိုမှီထားပြီး အိပ်ရာပေါ်မှာထိုင်လျက်သား တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

မီးလောင်မှုအတွင်း သေဆုံးခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဟာ သူမရဲ့မိခင်၊ အဒေါ်ဖြစ်သူတို့နဲ့ အတူနေထိုင်သူဖြစ်ပြီး Dhurakij Pundit တက္ကသိုလ်မှဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။

Photo: The Nation



မီးလောင်မှုဖြစ်ပွားတဲ့ မနက် ၈ နာရီ ၂၀ မိနစ်မှာ အသက် ၇၁ နှစ်အရွယ် အဒေါ်ဖြစ်သူ Nawaporn က နေအိမ်မှထွက်လာခဲ့ကြောင်းနဲ့ တူမဖြစ်သူဟာ သူမရဲ့ အိပ်ခန်းအတွင်း အိပ်ပျော်နေတယ်လို့ ပြောခဲ့ပါတယ်။ မီးသတ်သမားတွေက မီးလောင်မှုကို တစ်နာရီကျော်ကြာ ငြှိမ်းသတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: The Nation



မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်တွေဟာ အောက်ထပ်ကို အုတ်ဖြင့်တည်ဆောက်ထားပြီး အပေါ်ထပ်ကိုတော့ သစ်သားဖြင့် တည်ဆောက်ထားကြောင်း သိရပါတယ်။

မီးလောင်မှုဖြစ်ပွားခဲ့တဲ့ နေအိမ်တွေကို လွန်ခဲ့တဲ့ နှစ် ၅၀ ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ အသက် ၅၀ အရွယ် ဒေသခံတစ်ဦးဖြစ်သူ Sophan Pongpaithoon က ပြောခဲ့ပါတယ်။

 

Share

Loading Next Article...
က္က