ထောင်ဒဏ်ကျခံပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ငါးနှစ် နေထိုင်ရမယ်လို့ ဆိုပါတယ်။

ဗီယက်နမ်မှာ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်မှုဖြစ်ကြောင်း အစိုးရက သတ်မှတ်ပြောဆိုထားတဲ့ Facebook ပို့စ်များ ရေးသားမှုဖြင့် ဂီတဆရာတစ်ဦးကို တရားရုံးက ထောင်ဒဏ် ၁၁ နှစ် ယနေ့ (နိုဝင်ဘာ ၅ ရက်) ချမှတ်လိုက်ပါတယ်။

(Photo: AFP)

အသက် ၄၃ နှစ်အရွယ် ငုယင်နန်တင်း (Nguyen Nang Tinh) အမည်ရှိ ဂီတဆရာဟာ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်တဲ့ သတင်းအချက်အလက်နဲ့ ပစ္စည်းများ ပြုလုပ်ခြင်း၊ ဖြန့်ဝေခြင်းတို့ဖြင့် စွပ်စွဲခံခဲ့ရပြီး Nghe An ပြည်နယ် ပြည်သူ့တရားရုံးမှာ တစ်ရက်အတွင်း ကြားနာစစ်ဆေးကာ ပြစ်ဒစ်ချမှတ်လိုက်ကြောင်း ၎င်းရဲ့ရှေ့နေ ငုယင်ဗန်မီယန်က ပြောပါတယ်။



"တရားခွင်မှာ ငုယင်နန်တင်းက စွပ်စွဲမှုဟာ မမှန်ကန်ဘူးဆိုတာနဲ့ အဲဒီ Facebook အကောင့်က သူ မဟုတ်ဘူးကြောင်း ထွက်ဆိုခဲ့ပါတယ်၊ အစိုးရရှေ့နေတွေက ငုယင်နန်တင်း အမည်နဲ့ Facebook အသုံးပြုသူက ကျွန်တော့်အမှုသည် ငုယင်နန်တင်းပဲလို့ ယူဆခဲ့ကြတယ်" လို့ ရှေ့နေက ဆိုပါတယ်။

(Infographic: Asean Today)

Facebook ပေါ်မှာ ၎င်းအမည်နဲ့ နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက် ပို့စ်များနဲ့ ဗီဒီယိုများ ရေးသားထားခြင်းနဲ့ မျှဝေထားခြင်း တွေ့ရှိရပြီးနောက် ပြည်နယ်ကောလိပ်တစ်ခုမှာ ဂီတသင်ခန်းစာ သင်ကြားနေတဲ့ ငုယင်နန်တင်းကို ပြီးခဲ့တဲ့ မေလအတွင်း ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့လနှောင်းပိုင်းကလည်း အသက် ၅၄ နှစ်အရွယ် ဗိသုကာပညာရှင်တစ်ဦးကို အစိုးရဆန့်ကျင့်ရေး ပို့စ်များ Facebook မှာ တင်ခဲ့မှုဖြင့် ထောင်ဒဏ် ၁၂ လ ချမှတ်ခဲ့ဖူးကြောင်း သိရပါတယ်။ ဗီယက်နမ်မှာ Faecbook ကို e-commerce နဲ့ ဆန့်ကျင်ဝေဖန်မှု နှစ်ခုလုံးအတွက် အဓိက နေရာတစ်ခုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါတယ်။

(Photo: Getty Images)

ယခုနှစ် ဇန်နဝါရီလအတွင်းမှာတော့ Facebook ဟာ အသုံးပြုသူတွေကို အစိုးရဆန့်ကျင်ရေး မှတ်ချက်ရေးသားမှု ခွင့်ပြုထားခြင်းဖြင့် ဥပဒေချိုးဖောက်နေကြောင်း ဗီယက်နမ်အစိုးရက စွပ်စွဲခဲ့ပါတယ်။ Facebook က မေလအတွင်း ပြောကြားမှုအရ ဗီယက်နမ်မှာ အသုံးပြုသူတွေကို ကန့်သတ်ထားတဲ့ အကြောင်းအရာပမာဏအား ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ၅၀၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့တယ်လို့ ဆိုပါတယ်။

ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံရတဲ့ ဂီတဆရာ ငုယင်နန်တင်းဟာ Facebook ပေါ်မှာ သတင်းအချက်အလက်နဲ့ ဝေဖန်မှုတွေ ရေးသားမျှဝေခြင်းအတွက် ပစ်မှတ်ထားခံရတဲ့ အစိုးရဆန့်ကျင်ရေးသမားများအနက်မှ တစ်ဦးဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့အစည်း Human Rights Watch မှ Asia Advocacy Director ဂျွန်စစ်ဖ်တန်က ငုယင်နန်တင်းကို အမိန့်မချမှတ်မီ ဗုဒ္ဓဟူးနေ့ (နိုဝင်ဘာ ၁၃ ရက်) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

(Photo: The Sun Daily)

ထောင်ဒဏ် ၁၁ နှစ်ချမှတ်ခံရတဲ့ ဂီတဆရာ ငုယင်နန်တင်းဟာ အကျဥ်းထောင်မှာ ပြစ်ဒဏ်ကျခံရပြီးနောက် နေအိမ်အကျယ်ချုပ်ဖြင့် ငါးနှစ် နေထိုင်ရမယ်လို့လည်း ၎င်းရဲ့ရှေ့နေက ပြောခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ စီးပွးရေးပြုပြင်ပြောင်းလဲမှုနဲ့ လူမှုအသိုင်းအဝိုင်းကြား ပိုမိုလွတ်လပ်ခွင့် အပြောင်းအလဲတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိလာပေမဲ့လည်း အာဏာရ ကွန်မြူနစ်ပါတီက မီဒီယာစိစစ်ရေးကို ဆက်လက် တင်းကျပ်ထားပြီး ဝေဖန်မှုတွေကို သည်းခံခြင်းမရှိသေးကြောင်း Reuters သတင်းက ဖော်ပြထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က