သမ္မတ သို့မဟုတ် ဒုသမ္မတတို့ ထိတွေ့ကူးစက်မှု အန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ထံမှာ COVID-19 ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိရပေမဲ့ သမ္မထရန့် သို့မဟုတ် ဒုတိယသမ္မတ မိုက်ပန့်စ်တို့ကတော့ ထိတွေ့ကူးစက်ခံရနိုင်တဲ့ အန္တရာယ်မရှိဘူးလို့ အိမ်ဖြူတော်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့ပါတယ်။

(ထရန့်နဲ့ အိုဘရိုင်ယန်ကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအတွင်း တွေ့ရစဥ်) (Photo: Telegraph)

"သူ့မှာ မပြင်းထန်တဲ့ ရောဂါလက္ခဏာတွေရှိပါတယ်၊ သူက ကိုယ်တိုင် အသွားအလာကန့်သတ် သီးခြားခွဲနေထိုင်ပြီး အိမ်ဖြူတော်မဟုတ်တဲ လုံခြုံစိတ်ချရတဲ့ နေရာကနေ အလုပ်လုပ်နေပါတယ်၊ သမ္မတ သို့မဟုတ် ဒုသမ္မတတို့ဟာ ထိတွေ့ကူးစက်မှု အန္တရာယ်မရှိပါဘူး၊ နိုင်ငံတော်လုံခြုံရေးကောင်စီရဲ့ အလုပ်တွေ အနှောင့်အယှက်မရှိဘဲ ဆက်လုပ်နေပါတယ်" လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



(မေ ၂၄ ရက်က အိမ်ဖြူတော်မှာတွေ့ရသည့် အိုဘရိုင်ယန်) (Photo: Reuters)

ဝန်ထမ်းတွေကို COVID-19 ပုံမှန် စစ်ဆေးခဲ့ကြောင်းနဲ့ အိုဘရိုင်ယန်ဟာ ကပ်ရောဂါကာလအတွင်း ကူးစက်ခံရတဲ့ ရာထူးအဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူ ဖြစ်တယ်လို့ ဆိုပါတယ်။ မေလအတွင်းက အိမ်ဖြူတော်မှာ သမ္မတထရန့်ရဲ့ အဝတ်အစားပိုင်း ဝန်ထမ်းအဖြစ် တာဝန်ယူရတဲ့ အမေရိကန်တပ်ဖွဲ့ဝင်တစ်ဦးနဲ့ ဒုသမ္မတမိုက်ပန့်စ်ရဲ့ သတင်းပြန်ကြားရေးအရာရှိတို့လည်း COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ Reuters သတင်းမှာ ဖော်ပြပါတယ်။

(အမေရိကန်မှ COVID-19 စစ်ဆေးနေရာတစ်ခု) (Photo: Getty Images)

အမေရိကန်ဟာ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၄.၃ သန်းကျော်၊ သေဆုံးသူ ၁၄၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၂ သန်းကျော်ရှိခဲ့ပါတယ်။ လတ်တ‌လော သီတင်းပတ်များအတွင်း အမေရိကန် ပြည်နယ် ၄၀ ထက်မနည်းမှာ ကူးစက်မှုတွေ မြင့်တက်နေခဲ့ပြီး ဖလော်ရီဒါ၊ တက္ကဆက်၊ ဂျော်ဂျီယာနဲ့ ကယ်လီဖိုးနီးယားတို့မှာ သိသာစွာ မြင့်တက်နေကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က