အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး သဆေုံးခဲ့ပါတယ်။

နယူးယော့ခ်မြို့ရှိ လိုင်စင်မဲ့ လောင်ကစားရုံတစ်ခုမှာ ဒေသစံတော်ချိန် ယနေ့ (အောက်တိုဘာ ၁၂ ရက်) မနက်အစောပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ လူလေးဦးထက်မနည်း သေဆုံးပြီး သုံးဦးဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

(Photo: Angel Zayas/Daily Mail)

ဘရွတ်ကလင်းမှာ ဖြစ်ပွားခဲ့တဲ့ ယခုပစ်ခတ်မှုနဲ့ ဆက်စပ်ပြီး ဖမ်းဆီးမှုမရှိသေးကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ အတိအကျ အခြေအနေကို မသိရသေးဘူးလို့ နယူးယော့ခ်ရဲတပ်ဖွဲ့က AFP သတင်းဌာနကို ပြောပါတယ်။



ပစ်ခတ်မှုဟာ ဘရွတ်ကလင်းရှိ အဓိက လမ်းမကြီးဖြစ်တဲ့ Utica Avenue ရှိ Triple A Aces Private & Social Rental Place မှာ ဖြစ်ပွားခဲ့ပြီး အဆိုပါနေရာဟာ တရားမဝင် လောင်ကစားရုံဖြစ်တယ်လို့ နယူးယော့ခ်ရဲတပ်ဖွဲ့မှ စုံစမ်းထောက်လှမ်းရေးဌာန အကြီးအကဲ Dermot Shea က ပြောပါတယ်။

(Photo: AP)

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ အမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြား အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦးတို့ အသက်အန္တရာယ် မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပစ်ခတ်မှုဖြစ်ပွားတဲ့နေရာမှာ ဖဲချပ်နဲ့အံစာတုံးကဲ့သို့ လောင်းကစားလုပ်ကြောင်း သက်သေအထောက်အထား တွေ့ရှိခဲ့ရပြီး ကနဦး စုံစမ်းစစ်ဆေးမှုအရ အနည်းဆုံး သေနတ် ၁၅ ချက် ပစ်ခတ်ခဲ့ကြောင်း Dermot Shea က သတင်းထောက်တွေကို ပြောပါတယ်။

(Photo: Angel Zayas/Daily Mail)

ပစ်ခတ်မှုဟာ လောင်းကစားကိစ္စကြောင့် ဖြစ်ပွားခဲ့ခြင်း သို့မဟုတ် လုယက်မှုနဲ့ဆက်နွယ်ခဲ့ကြောင်း အတည်ပြုရန် စောလွန်းနေသေးတယ်လို့လည်း ၎င်းကဆိုပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့နေရာမှာ သေနတ်အတိုနှစ်လက်ကို သိမ်းဆည်းရမိခဲ့ပြီး နောက်ထပ် သေနတ်များ ထပ်မံတွေရှိရနိုင်တယ်လို့ ရဲတပ်ဖွဲ့က သုံးသပ်ထားပါတယ်။

လူသတ်မှု စုံစမ်းစစ်ဆေးရေး အရာရှိတွေကို အခင်းဖြစ်နေရာမှာတွေ့ရပြီး Dermot Shea ရဲ့ အဆိုအရ ယခုအမှုဟာ လူဆိုးဂိုဏ်းနဲ့ဆက်နွယ်နေတဲ့ အထောက်အထားမရှိကြောင်း သိရပါတယ်။ ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သူတွေဟာ အသက် ၃၂ နှစ်မှ ၄၉ နှစ်ကြား အသက်အရွယ်ရှိသူတွေလို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က