အဓိက တိုက်ခိုက်သူကို ဖမ်းဆီးရမိခဲ့ပါတယ်။
Ko John

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ Charlie Habdo သရော်စာမဂ္ဂဇင်း ရုံးဟောင်းအနီး ဓားဖြင့်တိုက်ခိုက်ခံမှု ယနေ့ (စက်တင်ဘာ ၂၅ ရက်) ဖြစ်ပွားခဲ့ပြီး လူနှစ်ဦး ဒဏ်ရာပြင်းထန်စွာရခဲ့ကြောင်း သိရပါတယ်။

(Photo: David Cohen/EVN)

ဓားဖြင့်တိုက်ခိုက်ခံရသူနှစ်ဦးဟာ ဂျာနယ်လစ်တွေ ဖြစ်တယ်လို့ Reuters သတင်းက ဖော်ပြပါတယ်။ ယခုဖြစ်ရပ်ကို ပြင်သစ်ရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် စုံစမ်းစစ်ဆေးမှု ဆောင်ရွက်နေပါတယ်။ ဓားဖြင့်တိုက်ခိုက်မှုမှ အဓိက တိုက်ခိုက်သူအဖြစ် သံသယရှိသူတစ်ဦးကို ဖမ်းဆီးထားကြောင်းနဲ့ နောက်တစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဝန်ကြီးချုပ် Jean Castex က ပြောပါတယ်။ အဓိက သံသယရှိသူဟာ အသက် ၁၈ နှစ်အရွယ် ပါကစ္စတန်လူမျိုးဖြစ်တယ်လို့ ဆိုပါတယ်။

ဓားဖြင့်တိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရခဲ့သူတွေအနက် ၂ ဦးဟာ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ရဲတပ်ဖွဲသတင်းရင်းမြစ်တစ်ခုက အစောပိုင်းမှာ Reuters သတင်းဌာနကို ပြောခဲ့ပါတယ်။ Charlie Habdo မဂ္ဂဇင်းရုံးခန်းဟာ လွန်ခဲ့တဲ့ ငါးနှစ်ကျော်က အကြမ်းသမားများ တိုက်ခိုက်မှုခံခဲ့ရတဲ့ နေရာလည်းဖြစ်ပါတယ်။

(Photo: (/Alain Jocard/AFP)

၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Charlie Habdo မဂ္ဂဇင်းရုံးခန်းကို စစ်သွေးကြွ အကြမ်းဖက်သမားများက တိုက်ခိုက်မှုဖြစ်ရပ်အတွင်း လူ ၁၂ ဦး သေဆုံးခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုမှာ ပူးပေါင်းကူညီခဲ့မှုဖြင့် စွပ်စွဲခံထားရသူ ၁၄ ဦးကို ပါရီမြို့မှာ စက်တင်ဘာ ၂ ရက်နေက တရားရုံးထုတ် ကြားနာစစ်ဆေးခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ တိုက်ခိုက်မှု ဖြစ်ပွားတဲ့နေရာမှာ တောခုတ်ဓားတစ်ချောင်းနဲ့ အသားလှီးဓားတစ်ချောင်း တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့သတင်းရင်းမြစ်တွေက ပြောပါတယ်။

(Photo: Reuters)

ဒေသဆိုင်ရာ အာဏာပိုင်တွေက အခင်းဖြစ်နေရာအနီး ဖြတ်သန်းသွားလာခြင်းမပြုရန်နဲ့ ပါရီမြို့ အရှေ့မြောက်ပိုင်းမှာ ရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေပါတယ်။ ပါရီမြို့ ဒုတိယမြို့တော်ဝန် Emmanuel Gregoire က Twitter မှာ ပြောကြားထားမှုအရ ရဲတပ်ဖွဲ့က အန္တရာယ်ပြုနိုင်သူတစ်ဦးကို ရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဓားဖြင့်တိုက်ခိုက်မှု ဖြစ်ပွားပြီး‌နောက် ပါရီမြို့ဧရိယာအတွင်း မြေအောက်ရထားလိုင်းကို ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ထပ်မံသိရတဲ့သတင်းအရ ဓားဖြင့်တိုက်ခိုက်မှုနဲ့ ဆက်စပ်ပြီး အဓိက သံသယရှိသူ အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူ ခုနစ်ဦးရှိတယ်လို့ ဆိုပါတယ်။

.


Author


က္က