ယခုနှစ်အတွင်း ဂျပန်နိုင်ငံက နိုင်ငံခြားသားအများစု ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့ပါတယ်။

ဂျပန်နိုင်ငံက COVID-19 ထိန်းချုပ်ကာကွယ်ရေး တင်းကျပ်တဲ့ နယ်စပ်ပိတ်ပင်ကန့်သတ်ချက်တွေကို အောက်တိုဘာလမှစပြီး ဖြေလျှော့သွားပြီး နိုင်ငံခြားသားများ ပိုမိုဝင်ရောက်ခွင့်ပြုသွားမယ်လို့ ဝန်ကြီးချုပ်ယိုရှီဟီဒီဆူဂါက ယနေ့ (စက်တင်ဘာ ၂၅ ရက်) ပြောပါတယ်။

(ဂျပန်ဝန်ကြီးချုပ် ဆူဂါ) (Photo: Kyodo)

ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီ ယခုနှစ်အတွင်း ဂျပန်နိုင်ငံက နိုင်ငံခြားသားအများစု ဝင်ရောက်မှုကို ပိတ်ပင်ထားခဲ့ပါတယ်။ သို့သော် စီးပွားရေးလုပ်ငန်းအရ နိုင်ငံသို့လာရောက်မှုကို တဖြည်းဖြည်း ပြန်လည်ခွင့်ပြုရန် ဆွေးနွေးညှိနှိုင်းနေခဲ့တယ်လို့ ဆိုပါတယ်။



"နောက်လကစပြီး ဂျပန်လူမျိုးဖြစ်စေ နိုင်ငံခြားသားဖြစ်စေ ခရီးသွားလာခွင့် တတ်နိုင်သလောက်များများ ကျွန်တော်တို့ ပြန်လည်ခွင့်ပြုသွားမှာပါ၊ ဒါပေမဲ့ အလည်အပတ်ထွက်တဲ့ ကမ္ဘာလှည့်ခရီးသည်တွေတော့ မပါသေးပါဘူး" လို့ ဂျပန်ဝန်ကြီးချုပ်ဆူဂါက အစိုးရရဲ့ COVID-19 ဆိုင်ရာ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

ဂျပန်မီဒီယာက ဖော်ပြမှုအရ နိုင်ငံခြားသားများ ဝင်ရောက်မှုကို တစ်ရက်လျှင် ၁,၀၀၀ ခွင့်ပြုသွားမှာဖြစ်ပြီး အနည်းဆုံး သုံးလကြာ နေထိုင်ခွင့်ရှိမယ်လို့ ဆိုပါတယ်။ ဂျပန်ကိုဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေဟာ တိကျမှန်ကန်တဲ့ PCR coronavirus test စစ်ဆေးမှု ခံယူရမှာဖြစ်ပြီး ၁၄ ရက်ကြာ ကိုယ်တိုင် သီးခြားခွဲနေထိုင်ရမယ်လို့ AFP သတင်းမှာ ဖော်ပြပါတယ်။ ဂျပနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၈၀,၀၀၀ ကျော်၊ သေဆုံးသူ ၁,၅၂၀ ဦးနဲ့ ပြန်လည်သက်သာသူ ၇၂,၅၀၀ ကျော်ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က