ကူးစက်မှုလှိုင်းအသစ် စတင်နေပြီလို့ ယူဆနိုင်ကြောင်း ကျန်းမာရေးတာဝန်ရှိသူက ပြောပါတယ်။

မလေးရှားနိုင်ငံမှာ ယနေ့ (အောက်တိုဘာ ၁ ရက်) ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာသစ် ၂၆၀ တိုးလာခဲ့ရာ ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန်မှစပြီး ဒုတိယမြောက် နေ့အလိုက် အများဆုံးကူးစက်မှု ဖြစ်လာခဲ့ပါတယ်။

(Photo: Lim Huey Teng/Reuters)

မလေးရှားအာဏာပိုင်တွေက နေ့အလိုက် ကူးစက်မှုအသစ်များ ယခုအရေအတွက်ဖြစ်လာပြီးနောက် ကူးစက်မှုလှိုင်းအသစ်တစ်ခုကို သတိထားရန် ပြောကြားလိုက်ပါတယ်။ ပြည်နယ်ရွေးကောက်ပွဲအတွက် ဆာဘား (Sabah) သို့ အဝင်အထွက် ခရီးသွားလာမှုတွေ များပြားခဲ့ပြီးနောက် ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။ မလေးရှားမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁၁,၄၈၄ ဦးနဲ့ သေဆုံးသူ ၁၃၆ ဦးရှိခဲ့ပါတယ်။



(Photo: Lim Huey Teng/Reuters)

မလေးရှားမှာ ယနေ့ တိုးလာခဲ့တဲ့ ကူးစက်မှုတွေအနက် တစ်ဦးကလွဲပြီး အားလုံးဟာ ပြည်တွင်းကူးစက်မှုများ ဖြစ်ပါတယ်။ ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစပြီး မလေးရှားမှာ နေ့အလိုက် ကူးစက်မှုအများဆုံးအဖြစ် ဇွန် ၄ ရက်နေ့မှာ အတည်ပြုလူနာ ၂၇၇ ဦးတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။ အတည်ပြုလူနာသစ် အရေအတွက် မြင့်တက်လာမှုဟာ ကူးစက်မှုလှိုင်းအသစ်တစ်ခု အစပြုခြင်းလို့ ယူဆနိုင်ပြီး အများပြည်သူအနေနဲ့ ခပ်ခွာခွာနေခြင်းနဲ့ မလိုအပ်ဘဲ နေအိမ်ကနေ အပြင်မထွက်ကြရန် ဒေါက်တာ Noor Hisham က တိုက်တွန်းပြောကြားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က