တွစ်တာကနေ အသိပေးခဲ့တာပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းနဲ့ ဇနီးဖြစ်သူ မီလန်နီရာထရန့်တို့မှာ ကိုဗစ်ရောဂါပိုးတွေ့ရှိကြောင်း ဒီကနေ့ (အောက်တိုဘာလ ၂ ) ရက်နေ့ မနက်ပိုင်းမှာပဲ တွစ်တာကနေ အသိပေးလိုက်တာ ဖြစ်ပါတယ်။

"ဒီကနေ့ညမှာ @FLOTUS (မီလန်နီယာ) နဲ့ ကျွန်တော့်မှာ ကိုဗစ် ၁၉ ပေါ့စစ်တစ်ဖြစ်နေပါတယ်။ ကျွန်တော်တို့တွေ ကွာရန်တင်းစတင်နေထိုင်မှာဖြစ်ပြီး အလျင်မြန်ဆုံးနေကောင်းအောင် လုပ်ပါမယ်။ ကျွန်တော်တွေ အတူတကွ ဒါကို အတူကျော်ဖြတ်ကြမယ်" လို့ ထရန့်က သောကြာနေ့ မနက် ၁ နာရီ (မြန်မာစံတော်ချိန် မနက် ၁၁ နာရီ ၂၄ မိနစ်) မှာ တွစ်တာကနေ ပြောလိုက်တာပါ။



ဒေါ်နယ်ထရန့်က ၎င်းရဲ့အနီးကပ်ဆုံး လက်ထောက်တစ်ဦး COVID-19 ကူးစက်ခံထားရတဲ့အတွက် ကွာရန်တင်းဝင်ဖို့ စီစဉ်ထားတယ်လို့ အောက်တိုဘာလ ၁ ရက်နေ့ညကပဲ တွစ်တာကနေ ပြောခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့အတွက် ကိုဗစ်လူနာတွေအနက် အစိုးရိမ်ရဆုံးအုပ်စုထဲမှာ ပါဝင်နေပါတယ်။

သမ္မတထရန့်နဲ့ သမ္မတကတော်တို့ဟာ လက်ရှိမှာ မပြင်းထန်တဲ့ ရောဂါလက္ခဏာရှိကြောင်းနဲ့ အိမ်ဖြူတော်အတွင်း နေအိမ်မှာပင် နေထိုင်သွားရန် စီစဥ်ထားကြောင်း ၎င်းရဲ့ဆရာဝန် Sean Conley က ဆိုပါတယ်။ ထရန့်ဟာ COVID-19 ရောဂါ ကူးစက်ခံရသူတွေထဲမှာ အကျော်ကြားဆုံးသူတစ်ဦး ဖြစ်ပါတယ်။ ယခင်က ဗြိတိန်ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်နဲ့ ဘရာဇီးသမ္မတ ဂျာရီဘိုဆိုနာရိုတို့ ကူးစက်ခံရဖူးပြီး ရောဂါပျောက်ကင်းသွားခဲ့ပြီ ဖြစ်ပါတယ်။

သမ္မတထရန့်နဲ့ ၎င်းရဲ့ဇနီး မီလန်နီယာတို့မှာ COVID-19 ကူးစက်ခံရမှု စစ်ဆေးတွေ့ရှိခဲ့ရပေမဲ့ ဒုတိယသမ္မတမိုက်ပင့်စ်နဲ့ ဒုတိယသမ္မတကတော်တို့ကို စစ်ဆေးခဲ့ရာမှာတော့ ကူးစက်ခံထားရခြင်းမရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ COVID-19 ကူးစက်မှုအများဆုံး နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၇ သန်းကျော်နဲ့ သေဆုံးသူ ၂ သိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

ကိုဗစ်ကူးစက်ခံရတဲ့ ရက်သတ္တပတ်အတွင်း ဒေါ်နယ်ထရန့်ရဲ့ သွားလာလှုပ်ရှားမှုများ


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က