ဆိုင်တွေရှေ့မှာ အိုးများနဲ့ ဒယ်အိုးများကို ထုရိုက်ဆန္ဒပြခဲ့ကြပါတယ်။

ပြင်သစ်နိုင်ငံ ပါရီမြို့မှာ စားသောက်ဆိုင်ပိုင်ရှင်တွေနဲ့ ၎င်းတို့ရဲ့ ဝန်ထမ်းတွေက ဆိုင်တွေရှေ့မှာ လက်ပတ်အနက်များပတ်ကာ အိုးများနဲ့ ဒယ်အိုးများကို ထုရိုက်ဆန္ဒပြပြီး COVID-19 ကူးစက်ပျံ့နှံမှု ရပ်တန့်ရေး တင်းကျပ်တဲ့ ကန့်သတ်ချက်များ ထုတ်ပြန်ညွှန်ကြားခြင်းမပြုရန် အစိုးရကို ယနေ့ (အောက်တိုဘာ ၂ ရက်) တိုက်တွန်းခဲ့ကြပါတယ်။

(Photo: Reuters)

ပြင်သစ်မှာ ကူးစက်မှုတွေ မြင့်တက်နေတာကြောင့် ကျန်းမာရေးဝန်ကြီး အိုလီဗီယာဗီရန်က ပါရီဧရိယာမှာ အစောဆုံး တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) မှစပြီး COVID-19 သတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်သွားမယ်လို့ ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) မှာ ပြောခဲ့ပါတယ်။



အစိုးရက အသစ်ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်အသစ်အရ စားသောက်ဆိုင်များ ပိတ်ပင်ရပါက လုပ်ငန်းရပ်နားသွားရမှာကို ဆိုင်ပိုင်ရှင်တွေက စိုးရိမ်ပူပန်နေကြပါတယ်။ COVID-19 ထိန်းချုပ်ရေး လက်ရှိ ကန့်သတ်ချက်တွေအရ ပြင်သစ်မြို့တော်ရှိ ဘားဆိုင်တွေနဲ့ စားသောက်ဆိုင်တွေဟာ ည ၁၀ နာရီမှာ ဆိုင်ပိတ်ရတာ ဖြစ်ပါတယ်။

(Photo: Reuters)

"ကျွန်တော်တို့ အလုပ်တွေအတွက်၊ ကျွန်တော်တို့ လုပ်အားခတွေအတွက်၊ ကျွန်တော်တို့ အနာဂတ်အတွက် အကြီးအကျယ် စိုးရိမ်စရာပါ" လို့ ပါရီမြို့မြောက်ပိုင်း Gare de l'Est ရထားဘူတာရုံအနီးရှိ La Ville de Provins စားသောက်ဆိုင် မန်နေဂျာ Andrea Vincenzi က Reuters သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဗီရန်ရဲ့ အဆိုအရ ပါရီဧရိယာအတွင်း COVID-19 သတိပေးချက် အမြင့်ဆုံးအဆင့် ထုတ်ပြန်သွားရန် အစိုးရရဲ့ သတ်မှတ်ချက်သုံးခုလုံးနဲ့ ကိုက်ညီခဲ့တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း လူဦးရေ ၁၀၀,၀၀၀ မှာ COVID-19 ကူးစက်ခံရသူ ၂၅၀ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: AFP)

နာမည်ကြီး ပြင်သစ်စားဖိုမှူး Philippe Etchebest က စားသောက်ဆိုင်နဲ့ ဘားဆိုင် ပိုင်ရှင်တွေကို အစိုးရရဲ့ ကန့်သတ်ချက်အရ ဆိုင်တွေပိတ်ပင်ရမယ့်အရေး ဆန္ဒပြကြရန် တိုက်တွန်းခဲ့ပါတယ်။ ယနေ့ နေ့လယ်စာ စားချိန်မတိုင်မီ ဆိုင်တွေရှေ့ကိုထွက်ပြီး ဆူဆူညံညံ အသံများပြုလုပ်ကြရန် စာဖိုးမှူး Philippe Etchebest က ပြောခဲ့ပါတယ်။

ပြင်သစ်ကျန်းမရေးဝန်ကြီး ဗီရန်က နိုင်ငံတောင်ပိုင်း မာဆေးလ်မြို့ရှိ ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားကြရန် ညွှန်ကြားထားခဲ့ကြောင်း သိရပါတယ်။ မာဆေးလ်မြို့မှာလည်း ဘားဆိုင်နဲ့ စားသောက်ဆိုင်တွေပိတ်ရမယ့် ညွှန်ကြားချက်ကို ဆိုင်ပိုင်ရှင်တွေ စက်တင်ဘာ ၂၅ ရက်နေ့က ဆန္ဒပြခဲ့ကြပြီး ၎င်းတို့အနေနဲ့ ဆိုင်တွေ အပြီးဆိုင်ပိတ်သွားရနိုင်ကြောင်း သတိပေးခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က