လက်ရှိအချိန်အထိ ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျတဲ့လက္ခဏာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

အိန္ဒိယမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ယနေ့ (အောက်တိုဘာ ၃ ရက်) ၁၀၀,၀၀၀ ကျော်လွန်လာခဲ့ပြီး တစ်ကမ္ဘာလုံးမှာ အမေရိကန်နဲ့ ဘရာဇီးပြီးလျှင် တတိယမြောက် သေဆုံးမှု သိန်းဂဏန်းရှိတဲ့ နိုင်ငံဖြစ်လာပါတယ်။

(Photo: Getty Images)

အိန္ဒိယမှာ လက်ရှိအချိန်အထိ ကူးစက်မှုနဲ့ သေဆုံးမှုတွေ လျော့ကျတဲ့လက္ခဏာ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်မှုအရ COVID-19 ကြောင့် သေဆုံးသူ ၁၀၀,၈၄၂ ဦးနဲ့ ကူးစက်ခံရသူ ၆.၄ သန်းရှိလာကြောင်း သိရပါတယ်။ အိန္ဒိယဟာ ယခုအခါ ကမ္ဘာတစ်ဝန်း နေ့အလိုက် ကူးစက်မှုနှုန် အမြင့်ဆုံးနိုင်ငံလည်းဖြစ်ပြီး လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်ခံရ ၇၉,၄၇၆ ဦး တိုးလာခဲ့ပါတယ်။



ဝန်ကြီးချုပ်မိုဒီရဲ့ အစိုးရဟာလည်း ကူးစက်မှုထိန်းချုပ်ရေး မတ်လနှောင်းပိုင်းမှာ တစ်နိုင်ငံလုံးကို တင်းကျပ်တဲ့ lockdown အစီအမံများ သတ်မှတ်ဆောင်ရွက်ခဲ့ပြီးနောက် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စီးပွားရေးကျဆင်းမှုကြောင့် အိန္ဒိယမှာ lockdown ရုပ်သိမ်းပြီး လုပ်ငန်းများ အပြည့်အဝ ပြန်ဖွင့်ပေးလာခဲ့ပါတယ်။

(Photo: Reuters)

ရုပ်ရှင်ရုံတွေကို ထိုင်ခုံအရေအတွက် ထက်ဝက်ဖြင့် ယခုသီတင်းပတ်မှာ ပြန်ဖွင့်ခွင့်ပြုခဲ့ပြီး ကျောင်းတွေကိုလည်း ယခုလလယ်မှစပြီး ပြန်ဖွင့်ရန် ဆုံးဖြတ်နိုင်ကြောင်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများကို ခွင့်ပြုထားပါတယ်။ ဆောင်းရာသီ ရောက်ရှိတော့မှာဖြစ်ပြီး လာမယ့်လအတွင်း ဟိန္ဒူတို့ရဲ့ ဒီပါဝါလီပွဲတော် ကျင်းပမယ့်အချိန်လည်းဖြစ်နေရာ ကမ္ဘာ့ဒုတိယမြောက် လူဦးရေအများဆုံး အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ ရုတ်တရက် မြင့်တက်မှုတွေ့ရနိုင်ကြောင်း ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောထားပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကြောင့် သေဆုံးမှုအားလုံးရဲ့ ၄၅ ရာခိုင်နှုန်းဟာ အမေရိကန်၊ ဘရာဇီးနဲ့ အိန္ဒိယမှာ ဖြစ်ပါတယ်။ သို့သော် ကိန်းဂဏန်းတွေအရ အိန္ဒိယမှာ သေဆုံးမှုနှုန်းဟာ အမေရိကန်နဲ့ ဘရာဇီးတို့ထက် သိသာစွာ လျော့နည်းနေပြီး အစိုးရက အချက်အလက်များ မှန်ကန်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေကြောင်း Reuters သတင်းက ပြောပါတယ်။

အိန္ဒိယမှာ အစိုးရက တရားဝင်ထုတ်ပြန်ထားမှုထက် ၁၀ ဆဖြစ်တဲ့ လူဦးရေ သန်း ၆၀ ကျော် COVID-19 ကူးစက်ခံထားရနိုင်ကြောင်း အိန္ဒိယ ဆေးပညာသုတေသနကောင်စီ (Indian Council of Medical Research - ICMR) က တစ်နိုင်ငံလုံးအနှံ့ သွေးနမူရယူကာ ပဋိပစ္စည်းများ စစ်ဆေးလေ့လာမှုရလဒ်ကို ကိုးကားပြီး စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က