ကူးစက်မှုတွေ မြင့်တက်နေပေမဲ့ ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

လတ်တလော ရက်ပိုင်းအတွင်း COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ အတည်ပြုလူနာ ၃၁၇ ဦး တိုးလာခဲ့ပြီး ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစပြီး နေ့အလိုက်ကူးစက်မှု ယနေ့ (အောက်တိုဘာ ၃ ရက်) စံချိန်သစ်ထပ်တင်ခဲ့ပါတယ်။

(Photo: Reuters)

ယနေ့ ထုတ်ပြန်မှုအရ မလေးရှားနိုင်ငံမှာ ကူးစက်ခံရသူ ၁၂,၀၈၈ ဦးရှိလာခဲ့ပြီး သေဆုံးသူတစ်ဦးတိုးကာ စုစုပေါင်း သေဆုံးသူအ‌ရေအတွက် ၁၃၇ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ယမန်နေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်မှုအရ မလေးရှားမှာ အတည်ပြုလူနာ ၂၈၇ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးအဖြစ် စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။



မလေးရှားမှာ ကူးစက်မှုအစုအဝေး နေရာအသစ်များလည်း တွေ့ရှိလာရတယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ကူးစက်မှုအစုအဝေး နေရာသစ်များမှာ Kedah ပြည်နယ်ရှိ Bah Lunas နဲ့ Bah Rose၊ Selangor ပြည်နယ်ရှိ Jelok တို့ ဖြစ်ပါတယ်။ ယခု ကူးစက်မှုအသစ်တွေနဲ့ ဆက်စပ်တဲ့ ကနဦး ကူးစက်ခံရသူဟာ ပြည်နယ်ရွေးကောက်ပွဲကျင်းပတဲ့ ဆာဘားပြည်နယ်သို့ ခရီးသွားရာဇဝင်ရှိခဲ့တယ်လို့ ဆိုပါတယ်။

(Photo: Reuters)

Kedah မှာ တွေ့ရတဲ့ ကူးစက်မှုအသစ်အားလုံးဟာ ပြည်တွင်းကူးစက်မှုများလည်း ဖြစ်ပါတယ်။ မလေးရှားမှာ ပြည်နယ်ရွေးကောက်ပွဲအတွက် ဆာဘား (Sabah) သို့ အဝင်အထွက် ခရီးသွားလာမှုတွေ များပြားခဲ့ပြီးနောက် ကူးစက်မှုတွေ သိသာစွာ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

ပြည်နယ်ရွေးကောက်ပွဲမတိုင်မီ ဆာဘားပြည်နယ်သို့ အဝင်အထွက် ခရီးသွားသူတွေကို စည်းမျဥ်းစည်းကမ်းအရ စောင့်ကြည့်စစ်ဆေးမှု မလုပ်ခဲ့ခြင်းအတွက် မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာစင်ရဲ့ အစိုးရကို ဝေဖန်မှုတွေ ရှိနေပါတယ်။ လတ်တလော COVD-19 ကူးစက်မှုတွေ သိသိသာသာ မြင့်တက်နေပေမဲ့ မလေးရှားအစိုးရက ကူးစက်မှုထိန်းချုပ်ရေး ပိတ်ပင်ကန့်သတ်ချက်များ ပြန်လည်သတ်မှတ်သွားမှာ မဟုတ်ကြောင်း ပြောထားပါတယ်။

(Photo: Lim Huey Teng/Reuters)

ကူးစက်မှုတွေ မြင့်တက်လာမှုဟာ အိမ်နီးချင်းနိုင်ငံများမှ ရွှေ့ပြောင်းနေထိုင်သူတွေကြောင့်လည်း တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း မလေးရှာအစိုးရ ဝန်ကြီးတစ်ဦးက ဆိုပါတယ်။ မလေးရှားမှာ အတည်ပြုလူနာသစ် အရေအတွက် မြင့်တက်လာမှုဟာ ကူးစက်မှုလှိုင်းအသစ်တစ်ခု အစပြုခြင်းလို့ ယူဆနိုင်ပြီး အများပြည်သူအနေနဲ့ ခပ်ခွာခွာနေခြင်းနဲ့ မလိုအပ်ဘဲ နေအိမ်ကနေ အပြင်မထွက်ကြရန် ကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Noor Hisham က တိုက်တွန်းပြောကြားထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က