သမ္မတထရန်နဲ့ နီးကပ်သူတွေအနက် ဇနီးဖြစ်သူ မီလန်နီယာ အပါအဝင် ကူးစက်ခံရသူ ၁၁ ဦးရှိပြီဖြစ်ပါတယ်။

အမေရိကန်သမ္မတအိမ်ဖြူတော် သတင်းထုတ်ပြန်‌‌ရေးအရာရှိ Kayleigh McEnany က သူမထံမှာ COVID-19 ကူးစက်ခံထားရကြောင်း ယနေ့ (အောက်တိုဘာ ၅ ရက်) အတည်ပြု ပြောကြားပါတယ်။

(Photo: Jacquelyn Martin/AP)

McEnany က အသွားအလာကန့်သတ်နေထိုင်မှု စတင်သွားမယ်လို့ ပြောထားပြီး အိမ်ဖြူတော် ဆေးဘက်ဆိုင်ရာအဖွဲ့ကတော့ သူမနဲ့ အနီးကပ် ထိတွေ့မှုရှိတဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်တွေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ "ကူးစက်မှုမရှိဘူးလို့ ကြာသပတေးနေ့ကစပြီး negative ပဲ ဆက်တိုက်တွေ့နေခဲ့ပါတယ်၊ တနင်္လာနေ့ (အောက်တိုဘာ ၅ ရက်) မနက်ပိုင်းမှာတော့ ကူးစက်ခံထားရတယ်လို့ positive အဖြေထွက်ခဲ့ပါတယ်၊ ရောဂါလက္ခဏာ ခံစားရတာတော့ မရှိဘူး" လို့ McEnany က Twitter မှတစ်ဆင့် ပြောထားပါတယ်။



သူမအနေနဲ့ သမ္မတဒေါ်နယ်ထရန့်ရဲ့ အနီးကပ်လက်ထောက် Hope Hicks က အစောပိုင်းမှာ ကူးစက်ခံထားရကြောင်းကို မသိခဲ့ဘူးလို့လည်း McEnany က ဆိုပါတယ်။ COVID-19 ကူးစက်ခံခဲ့ရပေမဲ့ အမေရိကန်ပြည်သူတွေကို လိုအပ်တဲ့ သတင်းအချက်အလက်ပေးနိုင်ရန် ကြိုးစားလုပ်ဆောင်သွားမယ်လို့ သူမက ပြောခဲ့ပါတယ်။

အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ McEnany ထံမှာ COVID-19 တွေ့ရပြီးနောက် ယခုအခါ သမ္မတထရန်နဲ့ နီးကပ်သူတွေအနက် ဇနီးဖြစ်သူ မီလန်နီယာ အပါအဝင် ကူးစက်ခံရသူ ၁၁ ဦးရှိပြီဖြစ်ပါတယ်။ ထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့ပါတယ်။ ၎င်းရဲ့ဇနီး မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်လက် နေထိုင်လျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။

ထရန့်ကို စတီးရွိုက်ဆေး Dexamethasone ဖြင့် ကုသပေးနေခဲ့ပြီး အစောဆုံးအဖြစ် အောက်တိုဘာ ၅ ရက်မှာ ဆေးရုံဆင်းနိုင်ဖွယ်ရှိကြောင်းနဲ့ အိမ်ဖြူတော်မှာ ကုသမှုတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ၎င်းရဲ့ ဆရာဝန်တွေက ပြောထားပါတယ်။ ထရန့်က Walter Reed ဆေးရုံမှာရှိနေစဥ် အောက်တိုဘာ ၄ ရက်နေ့က ယာဥ်တန်းဖြင့် ဆေးရုံအပြင်သို့ ခေတ္တထွက်ပြီး ၎င်းအားထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။

အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲကျင်းပရန် တစ်လခန့်သာလိုတော့ပြီး ထရန့် အလုပ်များပြားနေချိန်မှာ ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။

Share

Loading Next Article...
က္က