ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲမှာ ဆေးရုံဆင်းမယ်လို့ Twitter မှတစ်ဆင့် ကြေညာခဲ့ပါတယ်။

COVID-19 ကူးစက်ခံရပြီးနောက် ဆေးရုံတက်ရောက်ခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဆေးရုံမှဆင်းတော့မယ်လို့ ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်း (မြန်မာစံတော်ချိန် အောက်တိုဘာ ၆ ရက် မနက် ၁ နာရီခွဲဝန်းကျင်) မှာ ပြောကြားလိုက်ပါတယ်။

(Photo: AFP)

သမ္မတထရန့်က ဒေသစံတော်ချိန် အောက်တိုဘာ ၅ ရက် ညနေ ၆ နာရီခွဲမှာ ဆေးရုံဆင်းမယ်လို့ Twitter မှတစ်ဆင့် ကြေညာခဲ့ပါတယ်။ ထရန့်က အမှန်တစ်ကယ်နေကောင်းကြောင်းနဲ့ ကိုဗစ် (COVID-19) ကို မကြောက်ကြရန်လည်း ပြောခဲ့ပါတယ်။ ထရန့်အစိုးရလက်ထက်မှာ တိုးတက်ခဲ့ကြောင်းနဲ့ အလွန်ကြီးကျယ်တဲ့ ဆေးဝါးနဲ့ အသိပညာတွေ ရှိလာခဲ့တယ်လို့ ထရန့်က ဆိုပါတယ်။



ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၂၀ ကထက် ပိုနေလို့ကောင်းတယ်လို့ ခံစားရကြောင်းလည်း ထရန့်က Twitter မှာ ပြောထားပါသေးတယ်။ ထရန့်က ဆေးရုံဆင်းတော့မယ်လို့ ကြေညာမှုဟာ ၎င်းရဲ့ ဆရာဝန်တွေက သတင်းစာရှင်းလင်းပွဲ စတင်ခါနီးအချိန်မှာ ဖြစ်ပါတယ်။ 

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့ပါတယ်။

၎င်းရဲ့ဇနီး မီလန်နီယာကတော့ အိမ်ဖြူတော်မှာပင် ဆက်လက် နေထိုင်လျက်ရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရပါတယ်။ ထရန့်ကို စတီးရွိုက်ဆေး Dexamethasone ဖြင့် ကုသပေးနေခဲ့ပြီး အစောဆုံးအဖြစ် အောက်တိုဘာ ၅ ရက်မှာ ဆေးရုံဆင်းနိုင်ဖွယ်ရှိကြောင်းနဲ့ အိမ်ဖြူတော်မှာ ကုသမှုတွေ ဆက်လက် လုပ်ဆောင်မယ်လို့ ၎င်းရဲ့ ဆရာဝန်တွေက ပြောထားပါတယ်။

(Photo: Getty Images)

ထရန့်က Walter Reed ဆေးရုံမှာရှိနေစဥ် အောက်တိုဘာ ၄ ရက်နေ့က ယာဥ်တန်းဖြင့် ဆေးရုံအပြင်သို့ ခေတ္တထွက်ပြီး ၎င်းအားထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါသေးတယ်။ အမေရိကန်သမ္မတထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။

အမေရိကန်မှာ ရွေးကောက်ပွဲကျင်းပရန် တစ်လခန့်သာလိုတော့ပြီး ထရန့် အလုပ်များပြားနေချိန်မှာ ၎င်းတို့ဇနီးမောင်နှံ COVID-19 ကူးစက်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၆ သန်းကျော်၊ သေဆုံးသူ ၂၁၄,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၄.၈ သန်းကျော်ရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က