ထရန့်ရဲ့ COVID-19 ကုသမှုပြီးဆုံးခဲ့ပြီလို့ အိမ်ဖြူတော်ဆရာဝန်က ပြောထားပါတယ်။

COVID-19 ကူးစက်ခံခဲ့ရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က စနေနေ့ (အောက်တိုဘာ ၁၀ ရက်) မှာ လူထုစည်းဝေးပွဲတစ်ခုနဲ့အတူ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေမှာ ၎င်း ပြန်လည်ပါဝင်လာနိုင်ကြောင်း အောက်တိုဘာ ၈ ရက်နေ့က ပြောပါတယ်။

(Photo: AP)

အိမ်ဖြူတော်ဆရာဝန်တွေက ၎င်းကို ကုသမှုပြီးဆုံးခဲ့ပြီဖြစ်ကြောင်းနဲ့ အများပြည်သူဆိုင်ရာ အခမ်းအနားတွေ ပြန်လည်စတင်နိုင်ပြီလို့ ပြောခဲ့ကြောင်း ထရန့်က ဆိုပါတယ်။ သမ္မတထရန့်က သောကြာနေ့ (အောက်တိုဘာ ၉ ရက်) မှာ COVID-19 စစ်ဆေးမှု ပြုလုပ်သွားဖွယ်ရှိတယ်လို့ Fox News မှ အစီအစဥ်တင်ဆက်သူ Sean Hannity နဲ့ အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။



ထရန့်ဟာ COVID-19 ရှိကြောင်း အောက်တိုဘာ ၂ ရက်နေ့မှာ စစ်ဆေးတွေ့ရှိရပြီးနောက် တစ်ပတ်အကြာမှာ နောက်တစ်ကြိမ် စစ်ဆေးမှုခံယူမှာလည်း ဖြစ်ပါတယ်။ အိမ်ဖြူတော်ကတော့ သမ္မတထရန့်ထံမှာ COVID-19 မရှိကြောင့် မည်သည့်အချိန်မှာ နောက်ဆုံးစစ်ဆေးထားခဲ့မှုနဲ့ ပတ်သက်ပြီး ပြောကြားရန်ငြင်းပယ်ခဲ့ပါတယ်။

(Photo: Stephen Maturen/Getty Images)

သမ္မတထရန့်ကတော့ အောက်တိုဘာ ၁၀ ရက်မှာ ပြုလုပ်ရန်ရှိတဲ့ ဖလော်ရီဒါပြည်နယ် လူထုစည်း‌ဝေးပွဲ အပါအဝင် လာမယ့်ရက်များအတွင်း မဲဆွယ်စည်းရုံးမှုတွေ ပြန်လုပ်မယ်လို့ ပြောထားပါတယ်။ "အမှန်တစ်ကယ်ကို ကောင်းပါတယ်၊ တစ်ကယ်လို့ စီစဥ်ဖို့အချိန် လုံလောမယ်ဆိုရင် စနေနေ့ည လူထုစည်းဝေးပွဲလုပ်ဖို့ကို ကြိုးစားမယ်လို့ ကျွန်တော် စဥ်းစားပါတယ်" လို့ ၎င်းရဲ့ ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး အင်တာဗျူးမှာ သမ္မတထရန့်က ပြောပါတယ်။

အိမ်ဖြူတော်ဆရာဝန် ဒေါက်တာ Sean Conley က ကြာသပတေးနေ့ (အောက်တိုဘာ ၈ ရက်) အစောပိုင်းမှာ ပြောကြားခဲ့မှုအရ သမ္မတထရန့်ဟာ COVID-19 ရောဂါအတွက် ကုသမှုပြီးဆုံးခဲ့ပြီဖြစ်ကြောင်း၊ အောက်တိုဘာ ၅ ရက်နေ့မှာ စစ်ဆေးရုံမှ အိမ်ဖြူတော်သို့ ပြန်ရောက်ပြီးကတည်းက ကျန်းမာရေးအခြေအနေ တည်ငြိမ်မှုရှိကြောင်းနဲ့ အများပြည်သူနဲ့ ထိတွေ့မှုတွေကို စနေနေ့ (အောက်တိုဘာ ၁၀ ရက်) မှာ ပြန်လည်စတင်နိုင်ကြောင်း သိရပါတယ်။

(Photo: AP)

သမ္မတထရန့်ဟာ ကုသမှုကို အလွန်ကောင်းမွန်စွာ တုံ့ပြန်မှုရှိခဲ့ကြောင်းနဲ့ မည်သည့် ဘေးထွက်ဆိုးကျိုးမျှ မရှိခဲ့ကြောင်းလည်း ဒေါက်တာ Sean Conley က ဆိုပါတယ်။ သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။

သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။ Walter Reed မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သမ္မတထရန့်ဟာ လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က