သမ္မတထရန့်ဟာ သီးခြားခွဲနေထိုင်မှု ဆက်မလုပ်တော့ရန် CDC သတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့တယ်လို့ ဆိုပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ အခြားသူများသို့ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SAR-CoV-2) ထပ်ဆင့် ကူးစက်ပျံ့နှံ့နိုင်တဲ့ အန္တရာယ်မရှိတော့ကြောင်း ၎င်းရဲ့ ဆရာဝန်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ပြောပါတယ်။

(ထောက်ခံသူတွေကို နှုတ်ဆက်နေသည့် ထရန့်) (Photo: Alex Brandon)

ဒေါက်တာ Sean Conley ရဲ့ မှတ်တမ်းတစ်ခုအရ သမ္မတထရန့်ဟာ သီးခြားခွဲနေထိုင်မှု ဆက်မလုပ်တော့ရန် ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာန (Centers for Disease Control and Prevention - CDC) သတ်မှတ်ချက်တွေနဲ့ ကိုက်ညီခဲ့တယ်လို့ ဆိုပါတယ်။



လက်ရှိ အသိအမှတ်ပြုထားတဲ့ စံသတ်မှတ်ချက်တွေအရ ထရန့်ဟာ ထပ်ဆင့်ကူးစက်မှုအန္တရယ်ရှိသူလို့ မယူဆတော့ကြောင်းလည်း ၎င်းရဲ့ဆရာဝန်က ပြောခဲ့ပါတယ်။ COVID-19 ကူးစက်ခံရတဲ့ သမ္မတထရန့်ဟာ အိမ်ဖြူတော်ကို ပြန်‌ရောက်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် လူအများရှေ့ ထွက်ပေါ်ခဲ့ပြီးချိန်မှာ ဒေါက်တာ Sean Conley ရဲ့ မှတ်တမ်းကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

(ထောက်ခံသူတွေကို မိန့်ခွန်းပြေနေသည့် ထရန့်) (Photo: Alex Brandon)

စနေနေ့ (အောက်တိုဘာ ၁၀ ရက်) မွန်းလွဲပိုင်းက အိမ်ဖြူတော် တောင်ဘက်မြင်ခင်းပြင်မှာ ၎င်းကို ထောက်ခံသူများ ရာနဲ့ချီတဲ့ စုရုံးခဲ့ကြပြီး သမ္မတထရန့်က Blue Room လသာဆောင်နေရာကနေ မိန့်ခွန်းပြောခဲ့ပါတယ်။ ထိုမိန့်ခွန်းပြောစဥ်မှာ ထရန့်က mask ကို ဖယ်ရှားခဲ့ပါသေးတယ်။

ယမန်နေ့က အိမ်ဖြူတော် လသာဆောင်ကနေ မိန့်ခွန်းပြောမှုဟာ ရွေးကောက်ပွဲနေ့မတိုင်မီ သုံးပတ်အလိုမှာ သမ္မတထရန့်က ပထမဆုံးအကြိမ် လူထုရှေ့ကို ပြန်ရောက်လာမှုလည်း ဖြစ်ပါတယ်။ ထရန့်က နေကောင်းကြောင်းနဲ့ ၎င်းအတွက် ဆုမွန်ကောင်းတောင်းပေးသူတွေကို ကျေးဇူးတင်ကြောင်း ပြောခဲ့ပါတယ်။ ထို့နောက် ၎င်းဟာ ဗိုင်းရပ်စ်ကနေ ပြန်လည်သက်သာနေဆဲဖြစ်ပေမဲ့ ကပ်ရောဂါပျောက်သွားခဲ့ပြီလို့ ထရန့်က ကြေညာခဲ့ပါတယ်။

(အိမ်ဖြတော်မြက်ခင်းပြင်မှာတွေ့ရသည့် ထရန့်ကိုထောက်ခံသူများ) (Photo: AP)

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။

ထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ Walter Reed မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သမ္မတထရန့်ဟာ လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ပါတယ်။

(ဒေါက်တာ Sean Conley) (Photo: AP)

အိမ်ဖြူတော်ကိုပြန်ရောက်ပြီးနောက် ထရန့်က ၎င်းထံမှာ COVID-19 ကူးစက်ခံရမှုဟာ "ဘုရားသခင်ထံမှ ကောင်းချီးမင်္ဂလာ" တစ်ခုဖြစ်တယ်လို့ အောက်တိုဘာ ၇ ရက်နေ့မှာ ပြောကြားလိုက်ပြီး ၎င်းကို ကုသရာမှာ အသုံးပြုခဲ့တဲ့ စမ်းသပ်အဆင့်ဆေးဟာ အမေရိကန်အားလုံးအတွက် အခမဲ့ဖြစ်လာမယ်လို့ ဆေးရုံဆင်းပြီးနောက်ပိုင်း ပထမဆုံး ဗီဒီယိုအမှာစကားမှာ ထည့်သွင်းပြောခဲ့ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။ ထိုဆေးဖြင့် ၎င်းဟာ COVID-19 ကုသပျောက်ကင်းခဲ့တယ်လို့ သမ္မတထရန့်က ဆိုပါတယ်။

ထရန့်နဲ မီလန်နီယာတို့အပြင် အိမ်ဖြူတော်ဝန်ထမ်းများနဲ့ ၎င်းနဲ့ နီးကပ်သူတွေမှာလည်း COVID-19 ကူးစက်မှုတွေ ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၇.၉ သန်းကျော်၊ သေဆုံးသူ ၂၁၉,၀၀၀ ကျော်နဲ့ ပြန်လည်သက်သာသူ ၅ သန်းကျော်ရှိကြောင်း သိရပါတယ်။

Source: AP, BBC, ABC Newsw



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က