တစ်ကြိမ် ကူးစက်ခံရပြီးသူဟာ နောက်ထပ် ကူးစက်မှုကို အချိန်မည်မျှကြာရှည် ခံနိုင်ရည်ရှိနေကြောင်း အတိအကျ မသိထားပါဘူး။

အမေရိကန်သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေ ပြန်လုပ်ရန်ပြင်ဆင်နေတဲ့ သမ္မတဒေါ်နယ်ထရန့်က COVID-19 ကို ခံနိုင်ရည်ရှိပြီလို့ အောက်တိုဘာ ၁၁ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

(Photo: Bloomberg)

"ကျွန်တော် ခံနိုင်ရည်ရှိသွားပြီနဲ့တူတယ်၊ အချိန်ကာလရှည်ကြာဖြစ်နိုင်တယ် အချိန်ကာလတိုဖြစ်နိုင်တယ် ဒါက တစ်သက်လုံး ဖြစ်နိုင်တာပဲ။ ဘယ်သူမှ အမှန်တစ်ကယ် မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော် ခံနိုင်ရည်ရှိတယ်" လို့ ထရန့်က Fox News နဲ့ အင်တာဗျူးမှာ ပြောခဲ့ပါတယ်။ ၎င်းထံမှ အခြားလူတွေသို့ ကူးစက်သွားစေနိုင်တဲ့ အန္တရာယ်မရှိတော့ကြောင်း အိမ်ဖြူတော်ဆရာဝန်က အခိုင်အမာ ပြောခဲ့ပြီးနောက်တစ်ရက်မှာ သမ္မတထရန့်က COVID-19 ကို ခံနိုင်ရည်ရှိပြီလို့ ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။



ဒါ့အပြင် "ခင်ဗျားတို့မှာ COVID-19 ကို ခံနိုင်ရည်ရှိတဲ့ သမ္မတတစ်ယောက်ရှိတယ် ... ဒါကြောင့် အခုဆိုရင် သူ့ရဲ့ပြိုင်ဘက်လို မြေအောက်ခန်းထဲ ဝင်ပုန်းနေဖို့မလိုတဲ့ သမ္မတတစ်ယောက် ခင်ဗျားတို့မှာရှိတယ်ဗျာ" လို့ ထရန့်က ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်ကို ထိုးနှက်ပြောကြားခဲ့ပါသေးတယ်။ ဂျိုးဘိုင်ဒန်က ကပ်ရောဂါကာလအတွင်း မဲဆွယ်စည်းရုံးရေးတွေကို ပိုမိုသတိထား လုပ်ဆောင်နေခဲ့ပါတယ်။

(Photo: AP)

လက်ရှိအချိန်အထိ COVID-19 တစ်ကြိမ် ကူးစက်ခံရပြီးသူဟာ နောက်ထပ် ကူးစက်မှုကို အချိန်မည်မျှကြာရှည် ခံနိုင်ရည်ရှိနေကြောင်း အတိအကျ မသိထားရသေးပါဘူး။ အစောပိုင်း လေ့လာမှုတွေအရတော့ ပထမအကြိမ် ကူးစက်ခံရသူဟာ လအနည်းငယ်ကြာမျှ ခံနိုင်ရည်ရှိကြောင်း ဖော်ပြထားပြီး နောက်ထပ် လေ့လာမှုအသစ်ကတော့ ပိုမိုကြာရှည်နိုင်ကြောင်း ပြောခဲ့ပါတယ်။ ‌

ကျွန်တော် ခံနိုင်ရည်ရှိသွားပြီနဲ့တူတယ်၊ အချိန်ကာလရှည်ကြာဖြစ်နိုင်တယ် အချိန်ကာလတိုဖြစ်နိုင်တယ် ဒါက တစ်သက်လုံး ဖြစ်နိုင်တာပဲ။ ဘယ်သူမှ အမှန်တစ်ကယ် မသိပါဘူး၊ ဒါပေမဲ့ ကျွန်တော် ခံနိုင်ရည်ရှိတယ်

ယေဘုယျအားဖြင့် အသိအမှတ်ပြုထားမှုကတော့ ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရပြီးနောက် ပြန်လည်သက်သာကောင်းမွန်လာသူတစ်ဦးဟာ နောက်ထပ် ကူးစက်မှုကို ကာကွယ်ပြီးဖြစ်ပါတယ်။ သို့သော် COVID-19 အတွက်ကတော့ ထိုသို့ အတည်မပြုနိုင်သေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတိပေးထားပါတယ်။

(Photo: Getty Images/CNN)

သမ္မတထရန်နဲ့ မီလန်နီယာတို့ ကူးစက်ခံရကြောင်းကို ကြာသပတေးနေ့ (အောက်တိုဘာ ၁ ရက်) ညပိုင်းမှာ အဖြေသိခဲ့ရပြီးနောက် သောကြာနေ့ (အောက်တိုဘာ ၂ ရက်) မနက်အကူးမှာ ထရန့်က Twitter မှတစ်ဆင့် အသိပေးခဲ့ပါတယ်။ သမ္မတထရန့်ကို အောက်စီဂျင်ပမာဏ လျော့ကျမှုကြောင့် အိမ်ဖြူတော်မှာ အောက်စီဂျင်ပေးခဲ့ပြီးနောက် အောက်တိုဘာ ၂ ရက်နေ့မှာတော့ ဝါရှင်တန်ဒီစီအပြင်ဘက်ရှိ Walter Reed National Military Medical Center စစ်ဘက်ဆေးရုံသို့ ရွှေ့ပြောင်းကုသပေးခဲ့တာ ဖြစ်ပါတယ်။

ထရန့်ဟာ အသက် ၇၄ နှစ်ရှိပြီဖြစ်ရာ အစိုးရိမ်ရဆုံး လူနာအုပ်စုမှာ ပါဝင်နေပါတယ်။ Walter Reed မှာ သုံးရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက် သမ္မတထရန့်ဟာ လေးရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၅ ရက် ဒေသစံတော်ချိန် ညနေပိုင်းမှာ ဆေးရုံဆင်းပြီး အိမ်ဖြူတော်ကို ပြန်ရောက်ခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က