သုတေသီတွေက ဟမ်းစတားကြွက်ငယ်လေးများကို အသုံးပြုပြီး စမ်းသပ်လေ့လာခဲ့ပါတယ်။

အစာအိမ်ပြည်တည်နာနဲ့ ဘက်တီးရီးယားပိုးဝင်မှုအတွက် ကုသဆေးတစ်မျိုးဖြင့် ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ခံထားရတဲ့ တိရိစ္ဆာန်တွေကို စမ်းသပ်ကုသရာမှာ အလားအလာကောင်းပြသခဲ့ကြောင်း ဟောင်ကောင်မှ သိပ္ပံပညာရှင်တွေက ယနေ့ (အောက်တိုဘာ ၁၂ ရက်) ပြောပါတယ်။

(Photo: TechJuice)

ဘက်တီးရီးယားပိုး တိုက်ဖျက်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဆေးတွေက COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုလည်း တိုက်ထုတ်နိုင်ခြင်းရှိ မရှိ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ သုတေသီတွေက ဟမ်းစတားကြွက်ငယ်လေးများ (golden or Syrian hamsters) ကို အသုံးပြုပြီး စမ်းသပ်လေ့လာခဲ့မှုအရ အဆိုပါဆေးတွေထဲမှ Ranitidine Bismuth Citrate (RBC) အမည်ရှိဆေးဟာ ကိုရိုနာဗိုင်းရပ်စ်ကို တိုက်ဖျက်ရာမှာ အလားအလာရှိတဲ့ ဆေးဖြစ်ကြောင်း တွေ့ခဲ့ရတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။



"RBC က ကူးစက်ခံထားရတဲ့ ဟမ်းစတားရဲ့ အဆုတ်ထဲမှာ ဗိုင်းရပ်စ်ပွားများမှုကို ၁၀ ဆလျှော့ချပေးနိုင်ပါတယ်" လို့ ဟောင်ကောင်တက္ကသိုလ် (Hong Kong University) မှ သုတေသီ Runming Wang က ယနေ့ပြုလုပ်ခဲ့တဲ့ ၎င်းတို့အဖွဲ့ရဲ့ လေ့လာတွေ့ရှိမှုကို ရှင်းလင်းတင်ပြစဥ် သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

(Photo: Reuters)

"ကျွန်တော်တို့ တွေ့ရှိချက်တွေက RBC ဟာ COVID-19 အတွက် အလားအလာရှိတဲ့ ဗိုင်းရပ်စ်သတ်ဆေးတစ်ခုဆိုတာ ထင်ရှားစေပါတယ်" လို့ ၎င်းက ဆိုပါတယ်။ ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံမှာ စတင်တွေ့ခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာတစ်ဝန်းကို လျင်မြန်စွာ ကူးစက်ပျံ့နှံ့သွားခဲ့ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၇.၈ သန်းကျော်၊ သေဆုံးသူ ၁ သန်းကျော်နဲ့ ပြန်လည်သက်သာလာသူ ၂၈.၄ သန်း ရှိခဲ့ပါတယ်။

ကျွန်တော်တို့ တွေ့ရှိချက်တွေက RBC ဟာ COVID-19 အတွက် အလားအလာရှိတဲ့ ဗိုင်းရပ်စ်သတ်ဆေးတစ်ခုဆိုတာ ထင်ရှားစေပါတယ်

ကမ္ဘာတစ်ဝန်း သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတစ်မျိုးရရှိရန် အပတ်တကုန် ကြိုးပမ်းနေကြသလို ထိုဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ COVID-19 ရောဂါ သက်သာစေရန် သို့မဟုတ် ခန္ဓာကိုယ်က ဗိုင်းရပ်စ်ကူးစက်မှုကို တိုက်ထုတ်ရန် ကူညီပေးတဲ့ ကုသဆေးရရှိရန်လည်း စမ်းသပ်လေ့လာနေကြပါတယ်။

(Image: Worldometers webpage screengrab)

လက်ရှိမှာတော့ အမေရိကန်အခြေစိုက် Remdesivir ဗိုင်းရပ်စ်တိုက်ဖျက်ဆေးနဲ့ စတီးရွိုက်ဆေး Dexamethasone တို့ဟာ COVID-19 ကုသမရာမှာ အောင်မြင်မှုအချို့ရရှိထားတဲ့ ဆေးတွေဖြစ်ပါတယ်။ ထိုဆေးနှစ်မျိုးကို COVID-19 ကူးစက်ခံရတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကို ကုသရာမှာလည်း အသုံးပြုခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က