အသက် ၂၅ နှစ်အရွယ် အမျိုးသားဟာ အဆုတ် ကောင်းစွာအလုပ်မလုပ်တာကြောင့် ကုသမှုခံယူခဲ့ရပါတယ်။

အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦး COVID-19 နှစ်ကြိမ်ကူးစက်ခံခဲ့ရပြီး ဒုတိယအကြိမ်မှာ ပထမအကြိမ်ထက် အန္တရာယ်ပိုရှိခဲ့ကြောင်း ဆရာဝန်တွေက ပြောပါတယ်။

(Photo: Getty Images)

အသက် ၂၅ နှစ်အရွယ် အမျိုးသားဟာ ၎င်းရဲ့အဆုတ် ကောင်းစွာအလုပ်မလုပ်တာကြောင့် ကုသမှုခံယူခဲ့ရတယ်လို့ BBC သတင်းမှာ ဖော်ပြပါတယ်။ COVID-19 နောက်တစ်ကြိမ် ပြန်ကူးစက်ခံမှုဟာ ရှားပါးတဲ့ဖြစ်စဥ်ဖြစ်ပြီး ယခုအခါမှာတော့ ထိုအမျိုးသားက ပြန်လည်သက်သာနေပြီလို့ သိရပါတယ်။ သို့သော် Lancet Infectious Diseases မှာ ဖော်ပြထားတဲ့ လေ့လာမှုအရ ပထမတစ်ကြိမ် ကူးစက်ခံရပြီးနောက် ကိုယ်ခံစွမ်းအား မည်မျှအတိုင်းအတာ ရှိနိုင်ကြောင်းအပေါ် မေးခွန်းများထွက်ပေါ်လာပါတယ်။



အမေရိကန်မှာ COVID-19 နှစ်ကြိမ်ကူးစက်ခံခဲ့ရတဲ့ အမျိုးသားဟာ နီဗားဒါးပြည်နယ်မှဖြစ်ပြီး ၎င်းထံမှာ ကူးစက်လွယ်စေနိုင်တဲ့ ကျန်းမာရေးပြဿနာ သို့မဟုတ် ကိုယ်ခံအားနည်းနေခြင်း အခြေအနေ မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခုလူနာဟာ မူလ ကူးစက်ခံရမှု ငုပ်သွားခဲ့ပြီးနောက် ပြန်ပေါ်လာတာမျိုးထက် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) နှစ်ကြိမ်ကူးစက်ခံခဲ့ရတာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(Photo: The Hill)

"ပြန်လည်ကူးစက်နိုင်မှုတွေ ဖြစ်နိုင်ခြေက COVID-19 ခံနိုင်ရည်ကို ကျွန်တော်တို့ရဲ့ သိရှိနားလည်မှုအတွက် သိသာတဲ့ ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်" လို့ နီဗားဒါးတက္ကသိုလ် (University of Nevada) မှ ဒေါက်တာ Mark Pandori က ပြောခဲ့ပါတယ်။ COVID-19 ကနေ ပြန်လည်သက်သာခဲ့သူတွေပင် စည်းမျဥ်းညွှန်ကြားချက်တွေကို ဆက်လက် လိုက်နာသင့်ပြီး ခပ်ခွာခွာနေခြင်း၊ mask တပ်ခြင်းနဲ့ လက်ဆေးခြင်းတို့ လုပ်ဆောင်သင့်ကြောင်း ဒေါက်တာက ဆိုပါတယ်။

အမေရိကန်အမျိုးသား COVID-19 နှစ်ကြိမ်ကူးစက်ခံရမှု

  • မတ် ၂၅ - ပထမဆုံး ရောဂါလက္ခဏာများအဖြစ် လည်းချောင်းနာ၊ ချောင်းဆိုး၊ ခေါင်းကိုင်၊ မအီမသာဖြစ် ပျို့အန်ချင်ပြီး ဝမ်းသွားခဲ့
  • ဧပြီ ၁၈ - ၎င်းထံမှာ COVID-19 ကူးစက်ခံထားရကြောင်း ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိ
  • ဧပြီ ၂၇ - ကနဦး ရောဂါလက္ခဏာများ ပျောက်ကင်း
  • မေ ၉ နဲ့ ၂၆ - နှစ်ကြိမ်စစ်ဆေးမှုအရ COVID-19 ကင်းစင်သွားပြီလို့ တွေ့ရ
  • မေ ၂၈ - COVID-19 ရောဂါလက္ခဏာများ ပြန်ဖြစ်လာ၊ ယခုတစ်ကြိမ်မှာ ဖျားခြင်း၊ ခေါင်းကိုင်ခြင်း၊ မူးဝေခြင်း၊ ချောင်းဆိုခြင်း၊ မအီမသာဖြစ် ပျို့အန်ချင်ပြီး ဝမ်းသွားခဲ့
  • ဇွန် ၅ - ၎င်းထံမှာ COVID-19 ဒုတိယအကြိမ် တွေ့ရှိရပြီး အောက်စီဂျင်ပမာဏလျော့ကျကာ အသက်ရှူရခက်ခဲ

Share

Loading Next Article...
က္က