အောက်တိုဘာ ၁၄ ရက် ဆန္ဒပြပွဲကို ကျောင်းသားများဦးဆောင်တဲ့ အုပ်စုများက ပူးပေါင်းစီစဥ်ထားပါတယ်။

ထိုင်းနိုင်ငံမှာ အောက်တိုဘာ ၁၄ ရက်နေ့ ဆန္ဒပြပွဲ ပြုလုပ်မယ့်နေရာမှာ စခန်းချနေကြတဲ့ တက်ကြွလှုပ်ရှားသူတွေကို ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာ ၁၃ ရက်) ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

(စခန်းချနေထိုင်တဲ့ ဆန္ဒပြသူတစ်ဦးကို ဖမ်းဆီးစဥ်) (Photo: AP)

စုရုံးချီတက် ဆန္ဒပြပွဲ ပြုလုပ်ရန်စီစဥ်ထားတဲ့နေရာဟာ ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းက တော်ဝင်အခမ်းအနားနဲ့ ဆက်နွယ်မှုမရှိတဲ့ ခရီးစဥ်သွားရောက်မယ့် လမ်းကြောင်းတစ်လျှောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ရန်အတွက် ထိုင်းအရှေ့မြောက်ပိုင်းမှ ကြိုတင်လာရောက်ကြတဲ့ ဆန္ဒပြသူတွေဆောက်လုပ်ထားတဲ့ ယာယီတဲ့တွေကို ရဲတပ်ဖွဲ့က ဖျက်ဆီးပစ်ခဲ့ကြပါတယ်။



ဆန္ဒပြသူတွေက ယာယီတဲတွေကို ဖျက်ဆီးတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ခုခံတွန်းထုတ်ခဲ့ကြပြီး ရန်ပွဲဖြစ်ပွားခဲ့ပါတယ်။ ရဲတပ်ဖွဲ့က ပြောကြားမှုအရ ယာယီတဲတွေကို ဖယ်ရှားပေးရန် ကနဦး ပြောကြားခဲ့ပေမဲ့ ဆန္ဒပြသူတွေက ငြင်းဆန်ခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့ ဆန္ဒပြပွဲကို ကျောင်းသားများဦးဆောင်တဲ့ အုပ်စုအများစုက ပူးပေါင်းစီစဥ်ထားတာ ဖြစ်ပါတယ်။

(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု) (Photo: MediaCorp/CNA)

အဆိုပါ ကျောင်းသားအုပ်စုတွေက အချက်သုံးချက်ဖြစ်တဲ့ ရွေးကောက်ပွဲအသစ် ပြုလုပ်ရန်၊ ဒီမိုကရေစီကို ပိုမိုအခြေခံတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်မှုလုပ်ရန်နဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေကို ခြိမ်းခြောက်နေမှု အဆုံးသတ်ရန် လနဲ့ချီကြာ တောင်းဆိုထားခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက နောက်ပိုင်းမှာ နောက်ထပ် အဓိက တောင်းဆိုချက်တစ်ခုဖြစ်တဲ့ ဘုရင်စနစ် ပြုပြုင်ပြောင်းလဲရန်လည်း တောင်းဆိုခဲ့ကြပြီး ဒီမိုကရေစီ အခြေခံမူများအတွင်း ကိုက်ညီစွာ စီမံခန့်ခွဲခြင်းမရှိကြောင်း ပြောဆိုခဲ့ကြပါတယ်။

ဘုရင်စနစ်ကို ပြုပြုပြောင်းလဲရန် တောင်းဆိုမှုဟာ ထိုင်းနိုင်ငံမှာ ကြီးမားတဲ့ အငြင်းပွားစရာတစ်ခု ဖြစ်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဘုရင့်မိသားစု အပါအဝင် တော်ဝင်အသိုင်းအဝိုင်းကို အလွန်အရေးပါပြီး ထိုင်းရဲ့ကိုယ်ပိုင် ထူးခြားတဲ့လက္ခဏာအဖြစ် အစဥ်အဆက် မှတ်ယူထားခဲ့ကြတာလည်း ဖြစ်ပါတယ်။

(ထိုင်းဘုရင်စနစ်ကို ထောက်ခံသူများ) (Photo: Reuters)

ထိုင်းဘုရင်စနစ်ကို အသရေဖျက်မှုကိုလည်း ထောင်ဒဏ်သုံးနှစ်မှ ၁၅ နှစ်အထိ ကြီးလေးတဲ့ ပြစ်ဒဏ်သတ်မှတ်ထားပြီး အကာအကွယ်ပြုထားကြောင်း သိရပါတယ်။ ယနေ့ အဖမ်းခံရတဲ့ ဆန္ဒပြသူတွေက ထိုင်းဘုရင်ရဲ့ ခရီးစဥ်လမ်းကြောင်းမှာ ယာယီတဲများထိုးကာ မနက်ဖြန် (အောက်တိုဘာ ၁၄ ရက်) ဆန္ဒပြပွဲအတွက် ကြိုတင်ရောက်ရှိနေခဲ့ကြတာဖြစ်ပြီး ဘုရင်ရဲ့ယာဥ်တန်း ဖြတ်သန်းသွားမှုကို အနှောင့်အယှက်ပြုရန် မရည်ရွယ်ကြောင်း ပြောခဲ့ပါတယ်။

ဆန္ဒပြပွဲကြီး ပြုလုပ်ရန်စီစဥ်ထားတဲ့ ရက်စွဲဟာ ထိုင်းနိုင်ငံမှာ အရေးပါတဲ့ ထင်ရှားတဲ့ ရက်စွဲတစ်ခုလည်း ဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်နေ့ မနက်အစောပိုင်းမှာ ထိုင်းလုံခြုံရေးတပ်ဖွဲ့တွေက ကျောင်းသူကျောင်းသားတွေနဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြသူတွေကို ဘန်ကောက်မြို့မှာ အကြမ်းဖက်ဖြိုခွဲတဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ကြောင်း AP သတင်းက ဖော်ပြထားပါတယ်။

Share

Loading Next Article...
က္က