တရုတ်ရဲ့ ကုန်သွယ်မှုကဏ္ဍ ပြန်ကောင်းလာခြင်းဟာ ပစ္စည်းအမျိုးမျိုးကို နိုင်ငံတကာမှ မှာကြားဝယ်ယူမှု မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။
Ko John

COVID-19 ကပ်ရောဂါကာလအတွင်း အခြား စီးပွားရေးအင်အားကြီး နိုင်ငံတွေက ရုန်းကန်နေရဆဲမှာ တရုတ်နိုင်ငံဟာ ကုန်သွယ်မှုကဏ္ဍ တိုးတက်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံရဲ့ ပို့ကုန်ကဏ္ဍဟာ စက်တင်ဘာလမှာ ၉.၉ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး သွင်းကုန်ကတော့ ၁၃.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရပါတယ်။ သွင်းကုန်များ တစ်ဟုန်ထိုး မြင့်တက်လာမှုက တရုတ်ရဲ့ ပုံမှန် အသားကုန်သွယ်မှုမှာ အပြောင်းအလဲဖြစ်ခဲ့ပြီး တရုတ်က တင်ပို့မှုထက် တင်သွင်းမှုက ပိုလွန်များပြားလာခဲ့ပါတယ်။

တရုတ်မှ အသားတင်ပို့မှု တန်ဖိုးပမာဏဟာ ဩဂုတ်လမှာ ၅၉ ဘီလီယံမှ စက်တင်ဘာလမှာ ၃၇ ဘီလီယံ ဖြစ်ခဲ့ပါတယ်။ အခြား စီးပွားရေးအင်အအားကြီးနိုင်ငံ အများစုကတော့ ကပ်ရောဂါဖြစ်ပွားမှုကာလအတွင်း lockdown နဲ့ လူတွေရဲ့ အသုံးစရိတ်လျှော့ချမှုတွေကြောင့် တိုးတက်မှုနှုန်း ကြီးမားစွာ ကျုံသွားမယ်လို့ ခန့်မှန်ထားပါတယ်။

(Photo: AP)

သို့သော် အချက်အလက်တွေအရ တရုတ်နိုင်ငံမှာ ကပ်ရောဂါကြောင့် ပြည်ပအမှာစာများ ကနဦး လျော့ကျသွားမှုကနေ အလျင်အမြန် အခြေအနေပြန်ကောင်းလာတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကို ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံဖြစ်ပြီး ယမန်နှစ် ဒီဇင်ဘာကုန်မှာ ပထမဆုံးကူးစက်မှု တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ ဒုတိယမြောက် စီးပွာရေးအင်အားအကြီးဆုံးဖြစ်တဲ့ တရုတ်မှာ ၂၀၂၀ ခုနှစ် ပထမ သုံးလအတွင်း တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုများဖြင့် ကူးစက်မှုကို သိသာစွာ လျော့နည်းသွားစေခဲ့ပါတယ်။ သို့သော် ဇူလိုင်လအတွင်းမှာတော့ တရုတ်မှာ ကူးစက်မှုတွေ ပြန်တွေ့လာခဲ့ပါတယ်။

(Photo: AP)

တရုတ်ရဲ့ ကုန်သွယ်မှုကဏ္ဍ ပြန်ကောင်းလာခြင်းဟာ အိမ်သုံးလျှပ်စစ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ အထည်အလိပ်များ၊ ကျန်းမာရေးအကာအကွယ်ဝတ်စုံ (Personal Protective Equipment) အပါအဝင် ပစ္စည်းအမျိုးမျိုးကို နိုင်ငံတကာမှ မှာကြားဝယ်ယူမှု မြင့်တက်လာတာကြောင့် ဖြစ်တယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။

သို့သော် မှာယူမှုတွေ ထိုကဲ့သို့ များပြားနေမှုအချို့ဟာ စတင်လျော့ကျသွားနိုင်ကြောင်း ၎င်းတို့က သတိပေးပါတယ်။ စက်တင်ဘာလကုန်အထိ တစ်နှစ်စာမှာ အခြားနိုင်ငံတွေနဲ့ တရုတ်ရဲ့ သွင်းကုန်နဲ့ ထုတ်ကုန်ဟာ တန်ဖိုးပမာဏ ယွမ်ငွေ ၂၃.၁၂ ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၄ ထရီလီယံ) ရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က