မြိုခံ ၉.၄ သန်းနဲ့ မြို့မှာရောက်ရှိနေတဲ့ ဧည့်သည် ၁.၅ သန်းကို စစ်ဆေးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ COVID-19 ပြည်တွင်းကူးစက်မှု ပြန်တွေ့ခဲ့ရတဲ့ ချင်ဒေါင်မြို့မှာရှိနေတဲ့ လူဦးရေ ၁၀ သန်းကျော်ကို စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၁၅ ရက်မှာ ပြောပါတယ်။

(Photo: AFP)

ချင်ဒေါင်မြို့ ဒုတိယမြို့တော်ဝန် Luan Xin က ပြောကြားမှုအရ လူဦးရေ ၉.၉ သန်းကျော်ရဲ့ တို့ဖတ်နမူနာတွေကို ရယူခဲ့ကြောင်းနဲ့ ၇.၆ သန်းရဲ့ စစ်ဆေးအဖြေများ သိရှိခဲ့ရပြီးဖြစ်ရာ နောက်ထပ် ကူးစက်မှုအသစ် မတွေ့ရှိရဘူးလို့ ဆိုပါတယ်။ တရုတ်အရှေ့ပိုင်း ရှန်တုံပြည်နယ်ရှိ အဓိက ပင်လယ်ဆိပ်ကမ်းမြို့ဖြစ်တဲ့ ချင်ဒေါင်မြို့မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁၃ ဦးရှိကြောင်း အတည်ပြုထားတယ်လို့ ဒုတိယမြို့တော်ဝန် Luan Xin က အောက်တိုဘာ ၁၅ ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ကြောင်း AFP က ဖော်ပြပါတယ်။



(Photo: AFP)

ကျန်းမာရေးဝန်ထမ်းတွေက မြို့ခံလူဦးရေ ၉.၄ သန်းကို စစ်ဆေးမှုပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနဲ့ နောက်ထပ် မြို့မှာရောက်ရှိနေသူ ဧည့်သည် ၁.၅ သန်းကိုလည်း အောက်တိုဘာ ၁၆ ရက်နေ့မှာ စစ်ဆေးမှုများပြီးဆုံးမယ်လို့ ၎င်းကဆိုပါတယ်။ ချင်ဒေါင်မြို့မှာ ငါးရက်အတွင်း လူဦးရေ ၁၀ သန်းနီးပါးကို COVID-19 စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါမြို့မှာ ပြင်ပမှဝင်ရောက်လာသူ ကူးစက်ခံ လူနာတွေကို ကုသပေးနေတဲ့ ဆေးရုံတစ်ရုံနဲ့ ဆက်နွယ်နေကြောင်း ယူဆထားတဲ့ ပြည်တွင်းကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် တစ်မြို့လုံးကို COVID-19 စစ်ဆေးခဲ့တယ်။ ချင်ဒေါင်မှာတွေ့ရတဲ့ ကူးစက်မှုတွေဟာ ၂ လကျော်အတွင်း ပထမဆုံး ပြည်တွင်းကူးစက်မှုလည်း ဖြစ်ပါတယ်။ ကူးစက်မှုတွေအနက် အများစုဟာ ချင်ဒေါင် ရင်ခေါင်းပိုင်းဆိုင်ရာဆေးရုံ (Qingdao Chest Hospital) နဲ့ ဆက်နွယ်နေခဲ့ပြီး ထိုဆေးရုံကိုတော့ lockdown လုပ်ထားခဲ့ပါတယ်။

(Photo: Reuters)

ထို့အတူ ကူးစက်ခံရသူတွေ နေထိုင်ကြတဲ့ အဆောက်အအုံတွေကိုလည်း ကူးစက်မှုထိန်းချုပ်ရေး စီမံဆောင်ရွက်မှုအရ lockdown လုပ်ထားကြောင်း သိရပါတယ်။ ဆက်စပ်သတင်းအရ ချင်ဒေါင်မှာ ကူးစက်မှုအသစ်များ တွေ့ရှိလာရပြီးနောက် မြို့ရဲ့ ကျန်းမာရေးကော်မရှင် အကြီးအကဲကို ရာထူးဆိုင်းငံ့လိုက်ပြီး ဆေးရုံဒါရိုက်တာတစ်ဦးကို အလုပ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်မှာ ယခုနှစ် အစောပိုင်း ကူးစက်မှုတွေ အထွတ်အထိပ်သို့ မြင့်တက်ခဲ့ရာမှ နေ့စဥ် ကူးစက်မှုအသစ်တွေ့ရှိရမှု သိသာစွာ လျော့နည်းသွားခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် တရုတ်အစိုးရက နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု ကျုံ့သွားစေခဲ့တဲ့ စိတ်မသက်သာဖွယ်ရာ lockdown အစီအမံတွေ သတ်မှတ်ဆောင်ရွက်ရခြင်း မရှိစေရေး COVID-19 ကူးစက်မှုအန္တရာယ်ကို သတိကြီးကြီးထားနေဆဲ ဖြစ်ပါတယ်။ တရုတ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈၅,၆၆၈ ဦးနဲ့ သေဆုံးသူ ၄,၆၃၄ ဦးရှိခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က