မြန်မာနဲ့နယ်စပ်အနီး နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားမျာားဖြစ်ကြောင်း နေ့စဥ် ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ထိုင်းနိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံး COVID-19 ပြည်တွင်းကူးစက်မှုနှစ်ခုကို မြန်မာနိုင်ငံသားများထံမှာ တွေ့ရှိရကြောင်း တာဝန်ရှိသူတွေက ယနေ့ (အောက်တိုဘာ ၁၇ ရက်) ပြောပါတယ်။

(Photo: Reuters)

အဆိုပါ ပြည်တွင်းကူးစက်မှုနှစ်ခုဟာ မြန်မာနဲ့နယ်စပ်အနီး နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားဖြစ်ကြောင်း ထိုင်းနိုင်ငံရဲ့ နေ့စဥ် ကူးစက်မှုအခြေအနေ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ ၎င်းတို့ကို အောက်တိုဘာ ၁၃ ရက်နေ့မှာ COVID-19 စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံသားနှစ်ဦးဟာ ရောဂါလက္ခဏာမပြခဲ့ပေမဲ့ ၎င်းတို့ထံမှာ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) တွေ့ခဲ့ရတယ်လို့ ထိုင်းတာဝန်ရှိသူတွေကပြောကြောင်း Reuters သတင်းက ဖော်ပြပါတယ်။



ထိုင်းမှာ ပြည်တွင်းကူးစက်မှုကို စက်တင်ဘာလအစောပိုင်းမှာ နောက်ဆုံး တွေ့ရှိထားခဲ့တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွားတွေကို ပထမဆုံးအကြိမ် ပြန်လည်လာ‌ရောက်ခွင့်ပြုမယ့် အစီအစဥ်အား စီမံခန့်ခွဲမှုကိစ္စတွေကြောင့် ရွေ့ဆိုင်းလိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ထားပါတယ်။

(Image: Worldometers webpage screengrab)

အထူးဗီဇာများ လျှောက်ထားမှုနဲ့ ခွင့်ပြုပေးမှုပါဝင်တဲ့ လုပ်ငန်းစဥ်က ပြည်ပခရီးသွား ပြန်လည်ဝင်ခွင့်ပြုမယ့် အစီအစဥ်ကို နှောင့်နှေးနေစေကြောင်း Tourism Authority of Thailand (TAT) အကြီးအကဲ Yuthasak Supasorn က Reuters သတင်းဌာနကို ထိုစဥ်က ပြောခဲ့ပါတယ်။ ယခုလအတွင်း ပြည်ပခရီးသည် ၁၀၀ ခန့် ရောက်ရှိလာမယ်လို့ ခန့်မှန်းထားခဲ့ကြောင်းလည်း Yuthasak Supasorn က ဖြည့်စွက်ပြောခဲ့ပါတယ်။

COVID-19 ကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး အစိုးရက စီးပွားဖြစ်လေကြောင်းလိုင်း ပျံသန်းမှုများ ပိတ်ပင်ခဲ့ပြီးနောက် ဧပြီလအတွင်း ထိုင်းနိုင်ငံကို ခရီးသွားဝင်ရောက်မှု ရပ်ဆိုင်းသွားခဲ့ပါတယ်။ ထိုင်းနိုင်ငံဟာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၃,၆၀၀ ကျော်မျှသာ တွေ့ရှိခဲ့ရပြီး အာရှဒေသတွင်း ကူးစက်ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

(Photo: Reuters)

သို့သော် ခရီးသွားလုပ်ငန်းအပေါ် အဓိက အားထားနေရတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုဟာ ကပ်ရောဂါဂယက်ကြောင့် ယခုနှစ်မှာ ၇.၈ ရာခိုင်နှုန်းအထိ စံချိန်တင်ကျုံ့သွားနိုင်ကြောင်း ခန့်မှန်ထားပါတယ်။ ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ ခရီးသွားဝင်ရောက်မှုဟာ ၆.၇ သန်းမျှသာ ရှိနိုင်တယ်လို့ အစိုးရက ခန့်မှန်ထားပြီး ၂၀၁၉ ခုနှစ်မှာတော့ ၃၉.၈ သန်းအထိ စံချိန်တင်ထားခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းအရ ထိုင်းမှာ နောက်ထပ် COVID-19 ပြည်တွင်းကူးစက်မှုသုံးခု ထပ်မံတွေ့ရှိခဲ့ရပြီး အစောပိုင်း ပြည်တွင်းကူးစက်မှုအဖြစ် တွေ့ရှိထားခဲ့တဲ့ မြန်မာနိုင်ငံသားနှစ်ဦးရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က