စီမံခန့်ခွဲရေးနဲ့ ကြီးကြပ်ရေး ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်စေမှာ ဖြစ်ပါတယ်။

လတ်တလော COVID-19 ကူးစက်မှုတွေ မြင့်တက်နေတဲ့ မလေးရှားနိုင်ငံမှာ ကွာလာလမ်ပူရှိ Klang Valley ၊ ဆာဘားပြည်နယ်နဲ့ Labuan နယ်မြေတို့ရှိ ဝန်ထမ်း ၇၅၀,၀၀၀ ကျော်ကို နေအိမ်မှအလုပ်လုပ်ကြရန် အမိန့်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပြီး ယနေ့ (အောက်တိုဘာ ၂၂ ရက်) စတင်သက်ရောက်ကြောင်း သိရပါတယ်။

(Photo: AFP)

အဆိုပါ နေရာတွေမှာ ကူးစက်မှုထိန်းချုပ်ရေး သွားလာလှုပ်ရှားမှုထိန်းချုပ်မိန့် (Conditional Movement Control Order - CMCO) နဲ့အတူ ယခု ညွှန်ကြားချက်ကို ထုတ်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။ နိုင်ငံတကာကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီးဌာန ((Ministry of International Trade and Industry - MITI) ဝန်ကြီး Mohamed Azmin Ali က အောက်တိုဘာ ၂၁ ရက် ထုတ်ပြန်ချက်မှာ ပြောကြားထားမှုအရ ဆာဘား၊ ဆီလန်ဂေါနဲ့ Labuan နယ်မြေ၊ ကွာလာလမ်ပူနဲ့ ပူထရာဂျာယာတို့ရှိ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ဝန်ဆောင်မှုလုပ်ငန်းများမှာ စုစုပေါင်း ဝန်ထမ်းအရေအတွက် ၃.၁ သန်းရှိကြောင်း သိရပါတယ်။



(ဝန်ကြီး Mohamed Azmin Ali) (Photo: Reuters)

ထိုဝန်ထမ်းများအနက် ၂၅ ရာခိုင်နှုန်း သို့မဟုတ် ၇၇၆,၁၃၅ ဦးဟာ စီမံခန့်ခွဲရေးနဲ့ ကြီးကြပ်ရေး အခန်းကဏ္ဍများမှ လုပ်ကိုင်နေကြတာဖြစ်ပြီး ၎င်းတို့ဟာ နေအိမ်မှအလုပ်လုပ်ကြရန် ဖြစ်တယ်လို့ ဆိုပါတယ်။ "လူတွေနဲ့ အလုပ်သမားတွေရဲ့ ကျန်းမာရေးကို ကာကွယ်ဖို့အတွက် MITI က နိုင်ငံတော်လုံခြုံရေးကောင်စီ (MKN - National Security Council) ရဲ့ ဆုံးဖြတ်ချက်ကို ချက်ချင်း အကောင်အထည်ဖော်မှုအဖြစ် စီမံခန့်ခွဲရေးနဲ့ ကြီးကြပ်ရေး ဝန်ထမ်းတွေကို နေအိမ်ကနေ အလုပ်လုပ်စေမှာ ဖြစ်ပါတယ်" လို့ ဝန်ကြီး Mohamed Azmin Ali က ပြောခဲ့ပါတယ်။

(Photo: The Star)

ထိုသို့ စီမံဆောင်ရွက်ခြင်းက COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို လျှော့ချရန်ဖြစ်ကြောင်းလည်း ဝန်ကြီးက ဖြည့်စွက် ပြောပါတယ်။ သို့သော် လုပ်ငန်းတွေမှာ လိုအပ်ချက်အရ စီမံခန့်ခွဲမှု ဝန်ထမ်းဦးရေ အများဆုံး ၁၀ ဦးကို တစ်ပတ်လျှင် သုံးရက်၊ တစ်ရက်လျှင် လေးနာရီ (မနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီ) ရုံးတက်ချိန်ဖြင့် ဝန်ကြီးဌာနက ခွင့်ပြုပေးသွားမယ်လို့ Mohamed Azmin Ali က ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ လတ်တလာ သီတင်းပတ်များအတွင်း နေ့စဥ် ကူးစက်မှုအသစ်တွေ သိသိသာသာ တိုးလာနေပြီး လက်ရှိအချိန်အထိ COVID-19 အတည်ပြုလူနာ ၂၂,၉၅၇ ဦး၊ သေဆုံးသူ ၁၉၉ ဦးနဲ့ ဆေးကုသမှုခံယူနေရသူ ၇,၈၂၇ ဦးရှိကြောင်း CNA သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က