ဝန်ကြီးချုပ်နုတ်ထွက်ရန် အချိန်ကာလသတ်မှတ်ထားမှု ကျော်လွန်သွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ပြန်ဖြစ်လာခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရန် အချိန်ကာလသတ်မှတ်ထားမှု အောက်တိုဘာ ၂၄ ရက်ညမှာ ကျော်လွန်သွားခဲ့ပြီးနောက် ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ လမ်းမတွေပေါ်သို့ ယမန်နေ့ (အောက်တိုဘာ ၂၅ ရက်) က ပြန်ရောက်လာကြပြီး စုရုံးဆန္ဒပြခဲ့ပါတယ်။

(Photo: AP)

ယမန်နေ့ ဆန္ဒပြမှုတွေဟာ ဝန်ကြီးချုပ်ပရာယွတ်က အောက်တိုဘာ ၁၅ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ အရေးပေါ်အမိန့်ဒီကရီကို ပြန်ရုပ်သိမ်းခဲ့ပြီးနောက် ပထမဆုံးအကြိမ်လည်း ဖြစ်လာပါတယ်။ သုံးလကြာ ပေါ်ပေါက်နေခဲ့တဲ့ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲ‌ရေး ဆန္ဒပြမှုတွေကို အဆုံးသတ်ရန် အရေးပေါ်အမိန့်ဒီကရီထုတ်ခဲ့ပေမဲ့ ဆန္ဒပြမှုတွေ ပိုမိုကြီးမားပြင်းထန်လာခဲ့ပါတယ်။



သူ ရာထူးကနေ မနုတ်ထွက်ဘူးဆိုရင် နုတ်ထွက်ရေး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တောင်းဆိုဖို့ ကျွန်တော်တို့ ပြန်ထွက်လာရမှာပဲ

ထို့နောက်မှာတော့ ဝန်ကြီးချုပ်ပရာယွတ်က အရေးပေါ်အမိန့်ဒီကရီကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။ "သူ ရာထူးကနေ မနုတ်ထွက်ဘူးဆိုရင် နုတ်ထွက်ရေး ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ တောင်းဆိုဖို့ ကျွန်တော်တို့ ပြန်ထွက်လာရမှာပဲ" လို့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ "Pai" လို့လည်း သိထားကြတဲ့ Jatupat Boonpattararaksa က ပြောပါတယ်။

(Photo: AP)

"ပရာယွတ်အနေနဲ့ ဝန်ကြီးချုပ်တစ်ယောက်နေရာကနေ မစဥ်စားဘဲ နိုင်ငံသားတစ်ယောက်နေရာက စဥ်းစားစေချင်တယ်၊ သူက ပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် စီးပွားရေးက တစ်ကယ်ဆိုးနေတယ်၊ သူ နုတ်ထွက်သင့်ပြီး အခြားတစ်ယောက်ယောက်ကို လုပ်ခွင့်ပေးသင့်တယ်" လို့ အသက် ၄၃ နှစ်အရွယ် Nuch က ဆိုပါတယ်။

ဝန်ကြီးချုပ်ရုံးကတော့ ဝန်ကြီးချုပ်ပရာယွတ် နုတ်ထွက်မှာမဟုတ်ကြောင်း Twitter မှာ ရေးသားထားပါတယ်။ ယခု အကျပ်အတည်းကို လွှတ်တော်မှာ ဖြေရှင်းသင့်ကြောင်း ဝန်ကြီးချုပ်ပရာယွတ်က ပြောထားပြီး လွှတ်တော် အထူးအစည်းအ‌ဝေးကို ယနေ့ (အောက်တိုဘာ ၂၆ ရက်) နဲ့ အောက်တိုဘာ ၂၇ ရက်တို့မှာ ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Reuters)

သို့သော် ပရာယွတ်ရဲ့ အတိုက်အခံ ပြိုင်ဘက်တွေကတော့ ၎င်းရဲ့ ထောက်ခံသူအများစု ကြီးစိုးထားတဲ့ လွှတ်တော်ကို အနည်းငယ်သာ ယုံကြည်မှုရှိတယ်လို့ ဆိုပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ဟာ စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။

ပရာယွတ်အနေနဲ့ ဝန်ကြီးချုပ်တစ်ယောက်နေရာကနေ မစဥ်စားဘဲ နိုင်ငံသားတစ်ယောက်နေရာက စဥ်းစားစေချင်တယ်၊ သူက ပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် စီးပွားရေးက တစ်ကယ်ဆိုးနေတယ်၊ သူ နုတ်ထွက်သင့်ပြီး အခြားတစ်ယောက်ယောက်ကို လုပ်ခွင့်ပေးသင့်တယ်

ထို့နောက် ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်အစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ကာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါတယ်။ ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။

(Photo: AP)

ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။ ဇူလိုင်လအတွင်းမှာတော့ ထိုင်းနိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လုပ်ဆောင်လာခဲ့ကြကာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။

ယမန်နေ့က စုရုံးဆန္ဒပြခဲ့ကြတဲ့ ဘန်ကောက်မြို့လယ် Ratchaprasong လမ်းဆုံတစ်ဝိုက် ရဲတပ်ဖွဲ့အများအပြားကို မမြင်တွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ အစိုးရပြောခွင့်ရအမျိုးသားတစ်ဦးကတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အသုံးပြုသွားမှာ မဟုတ်ကြောင်း ပြောခဲ့ပြီး ပြည်သူတွေအနေနဲ့ ငြိမ်းချမ်းစွာရှိကြရန်နဲ့ ဥပဒေကို လေးစားကြရန် တောင်းဆိုခဲ့ပါတယ်။ လက်ရှိ အခြေအနေတွေအရ ထိုင်းနိုင်ငံရေးဟာ အကျပ်အတည်းအခြေအနေမှာ ရှိနေဆဲဖြစ်ပြီး ဆက်လက် စောင့်ကြည့်အုံးမှာ ဖြစ်ပါတယ်။

.

Share

Loading Next Article...
က္က