အမြင့်ပေ ၁,၆၄၀ ရှိပြီး အင်ပါယာစတိတ်နဲ့ ပက်ထရိုနတ်စ် အဆောက်အအုံတွေထက် ပိုမိုမြင့်မားပါတယ်။

ဩစတြေးလျးနိုင်ငံရဲ့ ဂရိတ်ဘာရီယာ သန္တာကျောက်တန်း (Great Barrier Reef) မြောက်ဘက်အစွန်းပိုင်မှာ အလွန်ကြီးမားတဲ့ သန္တာကျောက်တန်းကြီးတစ်ခုကို တွေ့ရှိခဲ့ရပြီး နှစ်ပေါင်း ၁၂၀ အတွင်း ထိုကဲ့သို့ ပထမဆုံးတွေ့ရှိမှုဖြစ်ကြောင်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

(ရေငုပ်စက်ရုပ်ဖြင့် ရှာဖွေတွေ့ရှိခဲ့သည့် သန္တာကျောက်တန်း) (Photo: Schmidt Ocean Institute)

အဆိုပါ ဧရာမ သန္တာကျောက်တန်းကြီးဟာ အမြင့်ပေ ၁,၆၄၀ ရှိပြီး အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ရှိ အင်ပါယာစတိတ်အဆောက်အအုံ (Empire State Building) နဲ့ မလေးရှားနိုင်ငံ ကွာလမ်လမ်မြို့ရှိ ပက်ထရိုနတ်စ်အမြွှာအဆောက်အအုံ (Petronas Twin Towers) တွေထက် ပိုမိုမြင့်မားကြောင်း သိရပါတယ်။



အသစ်တွေ့ရှိရတဲ့ သန္တာကျောက်တန်းကြီးဟာ တစ်မိုင်ကျယ်ပြန့်ပြီး အတိမ်ဆုံးအပိုင်းဟာ ပင်လယ်ရေမျက်နှာပြင်အောက် ၁၃၁ ပေမှာဖြစ်ပါတယ်။ သိပ္ပံပညာရှင်တွေက ၁၂ လကြာ မစ်ရှင်တစ်ခုအတွင်း Cape York ကျွန်းဆွယ်ကမ်းလွန်မှာ ဂရိတ်ဘာရီယာသန္တာကျောက်တန်းနဲ့ သီးခြားစီရှိနေတဲ့ ယခု သန္တာကျောက်တန်းကြီးကို ပြီးခဲ့တဲ့ သီးတင်းပတ်မှာ မမျှော်လင့်ဘဲ ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။'

(SuBastian ရေငုပ်စက်ရုပ်) (Photo: Schmidt Ocean Institute)

၎င်းတို့က သန္တာကျောက်တန်းကြီးကို တွေ့ရှိခဲ့ရာ ပင်လယ်ကြမ်းပြင်ရဲ့ သုံးဖက်မြင်မြေပုံကို ဖန်တီးလေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ ကယ်လီဖိုးနီးယားအခြေစိုက် Schmidt Ocean Institute (SOI) အဖွဲ့အစည်းရဲ့ သုတေသနရေယာဥ်နဲ့အတူ သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့က လိုက်ပါခဲ့ကြပြီး ရေငုပ်စက်ရုပ်အသုံးပြုကာ သန္တာကျောက်တန်းကို ရှာဖွေရေးလုပ်ဆောင်ခဲ့ကြပါတယ်။

အမြင့်ပေပေါင်း ၁,၆၀၀ ကျော်ရှိတဲ့ သန္တာကျောက်တန်းသစ်တစ်ခုကို ရှာဖွေတွေ့ရှိမှုက ကျွန်မတို့ရဲ့ ကမ်းရိုးတန်းအလွန်မှာ ကမ္ဘာကြီးက ဘယ်လောက် ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်ဆိုတာ ထင်ရှားစေပါတယ်

(သန္တာကျောက်တန်း သုံးဖက်မြင် မြေပုံ) (Photo: Schmidt Ocean Institute)

SuBastian လို့ သိထားကြတဲ့ ရေငုပ်စက်ရုပ်ကနေက သန္တာကျောက်တန်းကြီးကို ရှာဖွေတွေ့ရှိခဲ့မှု တိုက်ရိုက်ဗီဒီယိုကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၅ ရက်) က မှတ်တမ်းရယူခဲ့ပြီး YouTube မှာ လွှင့်တင်ခဲ့ပါတယ်။ "အမြင့်ပေပေါင်း ၁,၆၀၀ ကျော် (ကီလိုမီတာတစ်ဝက်) ရှိတဲ့ သန္တာကျောက်တန်းသစ်တစ်ခုကို လူသိများတဲ့ ဂရိတ်ဘာရီယာသန္တာကျောက်တန်းရဲ့ Cape York ဧရိယာကမ်းလွန်မှာ ရှာဖွေတွေ့ရှိမှုက ကျွန်မတို့ရဲ့ ကမ်းရိုးတန်းအလွန်မှာ ကမ္ဘာကြီးက ဘယ်လောက် ပဟေဠိဆန်ပြီး လျှို့ဝှက်ဆန်းကြယ်တယ်ဆိုတာ ထင်ရှားစေပါတယ်" လို့ SOI အမှုဆောင်ဒါရိုက်တာ ဒေါက်တာ Jyotika Virmani က ပြောပါတယ်။

(သန္တာကျောက်တန်းနှင့် ကမ္ဘာအ့မြင့်ဆုံး အဆောက်အအုံများ နှိုင်းယှဥ်မှု) (Infographic: Leo Delauncey/Mail Online)

ကမ္ဘာ့အကြီးဆုံး သန္တာကျောက်တန်းဖြစ်တဲ့ ဂရိတ်ဘာရီယာသန္တာကျောက်တန်းမှာ ငါးမျိုးစိတ် ၁,၅၀၀ ကျော်၊ သန္တာကောင်မျိုးစိတ် ၄၁၁ ခုနဲ့ အခြား မျိုးစိတ် ဒါဇင်နဲ့ချီ နေထိုင်ကျက်စားကြပါတယ်။ ဂရိတ်ဘာရီယာသန္တာကျောက်တန်းဟာ မိုင်ပေါင်း ၁,၄၀၀ ကျော်ရှည်လျားပြီး ၁၉၈၁ ခုနှစ်မှာ ကမ္ဘာ့အမွေအနစ်စာရင်းဝင် (World Heritage) နေရာတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။

လတ်တလော နှစ်များအတွင်း ပိုမိုပူနွေးလာတဲ့ ပင်လယ်ရေတွေကြောင့် သန္တာကျောက်တန်း နေရာအများအပြား ပျက်စီးခဲ့ပြီး သန္တာကောင်များ သေဆုံးခဲ့ကာ အခြား ‌ရေနေသတ္တဝါများက စွန့်ခွာသွားကြရာ မှော်ပင်နဲ့ အခြား ညစ်ညမ်းမှုဖြစ်စေတဲ့အရာများ ပိုမိုများပြားလာခဲ့ကြောင်း သိရပါတယ်။

Source: The Guardian, BBC, Mail Online


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က