ကျောင်းသူကျောင်းများ ကူးစက်ခံရမှုရှိလာပါက ကျောင်းများကို ဒုတိယအကြိမ်ပိတ်ရန် စဥ်းစားသွားမယ်လို့ ဆိုပါတယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီးယားမှာ COVID-19 ကူးစက်မှု ထိန်းချုပ်နိုင်ခဲ့ပြီးနောက် မတ်လကတည်းက ပိတ်ထားခဲ့တဲ့ စာသင်ကျောင်းတွေကို ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) က ပြန်ဖွင့်လိုက်ပြီ ဖြစ်ပါတယ်။

(Photo: AP)

ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ကျောင်းများပြန်ဖွင့်လိုက်ပေမဲ့ COVID-19 ကြိုတင်ကာကွယ်ရေးအရ ကျောင်းသူကျောင်းသားဦးရေနဲ့ စာသင်ချိန်ကိုတော့ ကန့်သတ်ထားကြောင်း သိရပါတယ်။ ကျောင်းတက်နေစဥ် ကျောင်းသူကျောင်းများ ကူးစက်ခံရမှုရှိလာပါက ကျောင်းများကို ဒုတိယအကြိမ်ပိတ်ရန် စဥ်းစားသွားမယ်လို့ ကမ္ဘောဒီးယားပညာရေးဝန်ကြီး Hang Chuon Naron က ပြောပါတယ်။



ဥရောပနဲ့ အမေရိကန်မှာ COVID-19 ကူးစက်မှုတွေ မြင့်တက်နေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ COVID-19 ကာကွယ်ဆေးမပေါ်သေးတာကြောင့် ကျောင်းသူကျောင်းသားတွေနဲ့ ဆရာဆရာမတွေဟာ သတိရှိရှိနဲ့ ကူးစက်မှုအန္တရာယ်ကင်းရေး မည်သို့ လုပ်ဆောင်ရမည်ကို လေ့လာသင်ယူသွားကြရမယ်လို့ ပညာရေးဝန်ကြီးက ဆိုပါတယ်။

(Photo: AP)

စာသင်ကျောင်းများ စမ်းသပ်ဖွင့်လှစ်မှုတွေကို ဖနွမ်းပင်မြို့တော်နဲ့ ကမ္ဘောဒီးယားအရှေ့ပိုင်း နေရာဒေသတွေမှာ ပြီးခဲ့တဲ့လအတွင်း စတင်ခဲ့ကြောင်းနဲ့ ရလဒ်များကောင်းမွန်ခဲ့တာကြောင်း တစ်နိုင်ငံလုံးမှာ ကျောင်းတွေပြန်ဖွင့်ခဲ့ကြောင်း Hang Chuon Naron က ပြောပါတယ်။ "အစိုးရက COVID-19 အခြေအနေကို ကောင်းစွာထိန်းချုပ်ခဲ့ရာမှာ ကမ္ဘောဒီးယားမှာ ကူးစက်မှုအရေအတွက် တိုးမလာတော့ပါဘူး၊ အထူးသဖြင့် နယ်စပ်ထိန်းချုပ်ရေးက အများကြီး ထိရောက်ခဲ့ပါတယ်" လို့ ပညာရေးဝန်ကြီး Hang Chuon Naron က ဖနွမ်းပင်မြို့မှာ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

ကျွန်တော်တို့မှာ ရည်မှန်းချက်နှစ်ခုရှိပါတယ်၊ နံပါတ်တစ်က ကျွန်တော်တို့ရဲ့ ကျောင်းသူကျောင်းသားတွေ၊ ကျွန်တော်တို့ရဲ့ ဆရာဆရာမတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက်ကိုလည်း ဘေးအန္တရာယ်ကင်းဖို့ပါ၊ နံပါတ်နှစ်ကတော့ လူတိုင်းအတွက် ပညာသင်ကြားရေး‌ ရှေ့ဆက်ဖို့ပါ

ကျောင်းတက်တဲ့ ကျောင်းသူကျောင်းသား အရေအတွက်နဲ့ စာသင်ချိန်များ၊ ကျောင်းကားများ၊ စာကြည့်တိုက်များ၊ ကိုယ်ကာယပိုင်းဆိုင်ရာ သင်ကြားမှုနဲ့ အနုပညာလှုပ်ရှားမှုများ၊ ကျောင်းစားသောက်ဆိုင်များကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ COVID-19 ကူးစက်မှုကာကွယ်ရေး စည်းမျဥ်းများအတိုင်း ပြန်လည်ဖွင့်လှစ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

(Image: Worldometers webpage screengrab)

"ကျွန်တော်တို့မှာ ရည်မှန်းချက်နှစ်ခုရှိပါတယ်၊ နံပါတ်တစ်က ကျွန်တော်တို့ရဲ့ ကျောင်းသူကျောင်းသားတွေ၊ ကျွန်တော်တို့ရဲ့ ဆရာဆရာမတွေနဲ့ လူမှုအသိုင်းအဝိုင်းအတွက်ကိုလည်း ဘေးအန္တရာယ်ကင်းဖို့ပါ၊ နံပါတ်နှစ်ကတော့ လူတိုင်းအတွက် ပညာသင်ကြားရေး‌ ရှေ့ဆက်ဖို့ပါ" လို့ ပညာရေးဝန်ကြီးက ပြောခဲ့ပါတယ်။

လူဦးရေ ၁၆.၇ သန်းကျော်ရှိတဲ့ ကမ္ဘောဒီယားနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၂၉၂ ဦး တွေ့ရှိခဲ့ပြီး သေဆုံးမှု မရှိခဲ့ပါဘူး။ ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂ ရက် ထုတ်ပြန်ချက်အရ ကူးစက်ခံရသူ တစ်ဦးတိုးလာခဲ့ပြီး ပြည်ပမှပြန်လာတဲ့ ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ကြောင်း AP သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က