အဓိက ပြည်နယ်တွေမှာ မဲအရေအတွက် သိသာစွာ ကွာဟမှုမရှိဘဲ ယှဥ်ပြိုင်မှုဟာ အကြိတ်အနယ်ရှိနေပါတယ်။

အမေရိကန်သမ္မတရွေးကောက်ပွဲ အစောပိုင်းမဲရလဒ်တွေအရ လက်ရှိသမ္မတ ရီပတ်ဘလစ်ကင်ပါတီမှ ဒေါ်နယ်ထရန့်နဲ့ ပြိုင်ဘက် ဒီမိုကရက်တစ်ပါတီမှ ဂျိုးဘိုင်ဒန်တို့ကြား အဓိကကျတဲ့ ပြည်နယ်တွေမှာ မဲအရေအတွက် သိသာစွာ ကွာဟမှုမရှိဘဲ ယှဥ်ပြိုင်မှုဟာ အကြိတ်အနယ်ရှိနေပါတယ်။

(Electoral College မဲရလဒ်) (Image: BBC)

ရွေးကောက်ပွဲမှာ အဓိက ယှဥ်ပြိုင်ရတဲ့နေရာဖြစ်နိုင်ခြေရှိတဲ့ ဖလော်ရီဒါပြည်နယ်ရဲ့ မဲအားလုံးနီးပါးကို ရေတွက်ပြီးစီးချိန်မှာ ထရန့်က ဂျိုးဘိုင်ဒန်ကို ဦးဆောင်နေတယ်လို့ ဆိုပါတယ်။ သို့သော် ရွေးကောက်ပွဲမှာ အခြား အဓိက ပြည်နယ်တွေဖြစ်ကြတဲ့ ဂျော်ဂျီယာ၊ ပင်ဆယ်ဗေးနီးယား၊ ဝစ်ကွန်ဆင်၊ မီချီဂန်၊ အာရီဇိုးနား၊ အိုဟိုင်းအို၊ တက္ကဆက်နဲ့ မြောက်ကာရိုလိုင်းနားတို့မှာတော့ အသာရသူမရှိသေးဘဲ မဲအရေအတွက် တူညီနေပါတယ်။



မြန်မာစံတော်ချိန် ယနေ့ (နိုဝင်ဘာ ၄ ရက်) မနက် ၁၀ နာရီဝန်းကျင်အထိ မဲရလဒ်တွေအရ ထရန့်က အလာဘားမား၊ အလက်စကာ၊ အင်ဒီယာနာ၊ ကင်တက်ကီ၊ တင်နက်ဆီ၊ အိုကလာဟိုးမား၊ တောင်ကာရိုလိုင်းနား၊ မြောက်ဒါကိုတာ၊ တောင်ဒါကိုတာနဲ့ အနောက်ဗာဂျီးနီးယား၊ လူဝီစီးယားနား၊ ယူတား၊ နီဘရာစကာ၊ မစ်ဆူရီ၊ ကန်းဆက်၊ ဝိုင်အိုမင် ပြည်နယ်တွေမှာ အနိုင်ရမယ်လို့ ခန့်မှန်းထားကြောင်း BBC သတင်းက ဖော်ပြပါတယ်။

(Photo: AFP)

ဂျိုးဘိုင်ဒန်က ကော်လိုရာဒို၊ ကွန်နက်တီကပ်၊ ဒီလာဝဲ၊ ဗာမောင့်၊ မေရီလန်း၊ မက်ဆာချူးဆက်၊ နယူးဂျာစီ၊ နယူးယော့ခ်၊ ဝါရှင်တန်ဒီစီ၊ နယူးမက္ကစီကို၊ နယူးဟမ့်ရှိုင်းယားနဲ့ အီလီနွိုက်စ် ပြည်နယ်တွေမှာ အနိုင်ရမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ အရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

အမေရိကန်ရွေးကောက်ပွဲစနစ်အရ သမ္မတလောင်းနှစ်ဦးလုံးဟာ ရွေးကောက်ပွဲမှာ ပြည်နယ်ကိုယ်စားပြု မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ (Electoral College) ရဲ့ ထောက်ခံမဲတွေရရှိရန် ယှဥ်ပြိုင်ကြရပြီး စုစုပေါင်း ၅၃၈ မဲအနက်မှ မဲ ၂၇၀ သို့မဟုတ် ထိုထက်ပိုများတဲ့ မဲအရေအတွက်ရရှိသူက အနိုင်ရရှိပါတယ်။

(Photo: Reuters)

နိုဝင်ဘာ ၃ ရက်နေ့ဟာ သတ်မှတ်ထားတဲ့ အမေရိကန်ရွေးကောက်ပွဲနေ့ဖြစ်ပြီး အမေရိကန်ပြည်သူအများအပြားကတော့ လွန်ခဲ့တဲ့ သီတင်းများအတွင်း စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုတို့ဖြင့် မဲပေးထားခဲ့ကြပြီး ဖြစ်ပါတယ်။ COVID-19 ကပ်ရောဂါကာလဖြစ်တာကြောင့်လည်း မဲဆန္ဒရှင်များစွာက စာတိုက်မှတစ်ဆင့် မဲပေးမှုနဲ့ ကြိုတင်မဲပေးမှုများကို ပိုမိုလုပ်ဆောင်ခဲ့ကြပြီး လူဦးရေ သန်း ၁၀၀ နီးပါးက မဲပေးထားခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် အမေရိကန်ရွေးကောက်ပွဲမှာ မဲပေးသူရာခိုင်နှုန်းဟာ ရာစုနှစ်တစ်ခုကျော်အတွင်း အမြင့်ဆုံးစံချိန်သစ် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ မဲပေးမှုတွေ မြင့်တက်လာခြင်းက ရီပတ်ဘလစ်ကင်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဒီမိုကရက်တစ် ပြိုင်ဘက် ဂျိုးဘိုင်ဒန်တို့ကြား ယှဥ်ပြိုင်မှုအပေါ် မဲဆန္ဒရှင်တွေရဲ့ စိတ်ဝင်စားမှု အလွန်ကြီးမားနေတဲ့ လက္ခဏာလည်းဖြစ်ပါတယ်။

Share

Loading Next Article...
က္က