အင်ဒိုနီးရှားဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ သုံးစွဲငွေအပေါ်မှာလည်း ကြီးမားစွာ မှီခိုအားထားပါတယ်။

အရှေ့တောင်အာရှမှ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ဂယက်ရိုက်ခတ်မှုနဲ့အတူ ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

(Photo: NEWS.CN/Xinhua)

အရှေ့တောင်အာရှိရဲ့ စီးပွားရေးအင်အားအကြီးဆုံး အင်ဒိုနီးရှားမှာ ယခုနှစ် တတိယသုံးလပတ်အတွင်း စီးပွားဖွံဖြိုးမှုနှုန်းဟာ ယမန်နှစ် အလားတူကာလနဲ့ နှိုင်းယှဥ်ပါက ၃.၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ အင်ဒိုနီးရှားရဲ့ စီးပွားရေးဟာ ၂၀၂၀ ခုနှစ် ဒုတိယသုံးလပတ်မှာ ၅.၃၂ ရာခိုင်နှုန်း ကျဆင်းသွားခဲ့မှုက နိုင်ငံကို ၂၂ နှစ်အတွင်း ပထမဆုံးအကြိမ် စီးပွားရေးကျဆင်းမှု ကြုံစေခဲ့တယ်လို့ ဆိုပါတယ်။



အင်ဒိုနီးရှားမှာ နောက်ဆုံးအကြိမ် စီးပွားရေးကျဆင်းမှုကို ၁၉၉၈ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်း ဖြစ်ပွားခဲ့စဥ်အတွင်း ကြုံခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေက ခန့်မှန်းချက်အရ နိုင်ငံမှာ လူဦးရေ ၃.၅ သန်းဟာ COVID-19 ဂယက်ကြောင့် ၎င်းတို့ရဲ့ အလုပ်အကိုင်များ ဆုံးရှုံးရနိုင်ကြောင်း သိရပါတယ်။

(Photo: IANS)

အင်ဒိုနီးရှားဟာ အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။ စိုက်ပျိုးရေးက နိုင်ငံရဲ့ စီးပွားရေးမှာ အဓိက အစိတ်အပိုင်းတစ်ခုဖြစ်သလို အင်ဒိုနီးရှားဟာ ကမ္ဘာလှည့်ခရီးသွားတွေရဲ့ သုံးစွဲငွေအပေါ်မှာလည်း ကြီးမားစွာ မှီခိုအားထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာလီကျွန်းသို့ နှစ်စဥ် သန်းနဲ့ချီတဲ့ ပြည်ပခရီးသွားများ လာရောက်အပန်းဖြေလေ့ရှိကြပါတယ်။ သို့သော် COVID-19 ကပ်ရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် အင်ဒိုနီးရှားက နိုင်ငံခြားသားများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့ရာ ပြည်ပခရီးသွားအရေအတွက် သိသာစွာ ကျဆင်းသွားခဲ့ပါတယ်။

(Photo: LaprensaLatina)

ယခုနှစ် တတိယသုံးလပတ်ဖြစ်တဲ့ ဇူလိုင်မှ စက်တင်ဘာလအတွင်း အင်ဒိုနီးရှားရဲ့ စီးပွားရေးဖွံဖြိုးတိုးတက်မှုနှုန်းဟာ ၃.၄၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စီးပွားရေးပညာရှင်တွေ ခန့်မှန်းထားမှုထက် ပိုဆိုးခဲ့ပါတယ်။ အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှာ ကူးစက်မှုတွေ တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် စက်တင်ဘာလလယ်မှစပြီး ဒုတိယအကြိမ် semi-lockdown သတ်မှတ်ထားခဲ့ရပါတယ်။

"အင်ဒိုနီးရှားရဲ့ စီးပွားရေးက အားအနည်းဆုံး အခြေအနေကို ဖြတ်ကျော်ခဲ့ပါပြီ၊ ဒါပေမဲ့ ပြည်တွင်းကူးစက်မှုကို မထိန်းချုပ်နိုင်သေးပါဘူး၊ စီးပွားရေးလုပ်ကိုင်ရမှုတွေက ဖိအားအောက်မှာရှိနေဆဲပါ" လို့ ANZ (Australia and New Zealand Banking Group) ဘဏ်လုပ်ငန်းအုပ်စုက ဆိုပါတယ်။ အစိုးရတာဝန်ရှိသူတွေကတော့ ကပ်ရောဂါရဲ့ သက်ရောက်မှုကို တုံ့ပြန်ရန် ငွေသုံးစွဲမှုမြှင့်တင်သွားမယ်လို့ ကတိပြုခဲ့ပြီး အင်ဒိုနီးရှားရဲ့ ပြည်တွင်းထုတ်လုပ်မှု ပြန်လည်ဖွံ့ဖြိုးလာစေရန် တွန်းအားပေး ဆောင်ရွက်သွားမယ်လို့ ကတိပြုထားပါတယ်။

Share

Loading Next Article...
က္က