ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဘုရင်မဟာဗာဂျီယာလောင်းကွန်းကို တောင်းဆိုထားတဲ့ စာများကိုပေးအပ်ရန် စုရုံးချီတက်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဘုရင့်နန်းတော် တော်ဝင်ရုံးခန်းသို့ စုရုံးချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက ယမန်နေ့ (နိုဝင်ဘာ ၈ ရက်) ညပိုင်းမှာ လူစုခွဲခဲ့ကြကြောင်း သိရပါတယ်။

(Photo: AFP)

ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက တော်ဝင်ရုံးခန်းများရှိရာသို့ စုရုံးချီတက်ခဲ့ကြပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဘုရင်မဟာဗာဂျီယာလောင်းကွန်းကို တောင်းဆိုထားတဲ့ စာများကိုပေးအပ်ရန် စုရုံးချီတက်ခဲ့ကြရာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တားဆီးခဲ့ရာမှ ထိပ်တိုက်တွေ့ခဲ့ကြပါတယ်။



ကျွန်တော်တို့ကလည်း 'ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ' လို့ အော်နေကြတဲ့ အဲဒီရှပ်ဝါတွေလိုပဲ တူညီတဲ့ လူသားတွေပဲလေ

ထို့နောက် ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တို့က ဆန္ဒပြသူတွေကို ရေအမြောက်များဖြင့် ပစ်ခတ်လူစုခွဲခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ ဆန္ဒပြသူတွေကို ရပ်တန့်ရန် ရေအမြောက်များသုံးပြီး လူစုခွဲခဲ့ကြပေမဲ့ အချို့ကတော့ ဘုရင့်နန်းတော်နဲ့ ကပ်လျက်မှာရှိတဲ့ Sanam Luang လို့ သိကြတဲ့ ကွင်းပြင်နေရာသို့ ရောက်ရှိသွားခဲ့ကြတယ်လို့ ဆိုပါတယ်။

(Phot: MeidaCorp)

ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့ပြီးနောက် ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ကြား ဘုရင့်ထံပေးစာများကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က ရေအမြောက်များ အသုံးပြုခဲ့ခြင်းအတွက် တောင်းပန်ခဲ့ကြောင်း သိရပါတယ်။ Royal Household Bureau က စုစည်းရယူရန် ဆန္ဒပြသူတွေက ၎င်းတို့ရဲ့ ပေးစာတွေကို ဘူးများထဲထည့်ပြီး နန်းတော်အပြင်ဘက်မှာ ချန်မထားခဲ့မီ ပြည်သူ့ထံမှ ဘုရင့်ဆီသို့ ကြေညာချက်တစ်ရပ်ကို ဖတ်ကြားခဲ့ပါတယ်။

အားလုံးကို အတူတူပဲ ချစ်ခင်တယ်ဆိုရင် ဘုရင်က ကျွန်တော်တိုဆီကစာတွေကို လက်ခံရမယ်

"ဘုရင်က သူ့ကိုချစ်တဲ့ ပြည်သူတွေကို စကားပြောနိုင်တယ်ဆိုရင် အဲဒီလိုမဟုတ်တဲ့ ပြည်သူတွေကိုလည်း သူ စကားပြောရမယ်၊ ဆန္ဒပြသူတွေဆီက တောင်းဆိုချက်သုံးချက်က အစွမ်းကုန် ညှိနှိုင်းအလျှော့ပေးထားမှုပဲ ဖြစ်ပါတယ်" လို့ အဆိုပါ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ "ပြည်သူတွေဆီက ချီးမွမ်းဂုဏ်ပြုတာ အားလုံးကိုကြားတယ်ဆိုရင် အကြောက်အရွံ့မရှိ ဝေဖန်မှုတွေနဲ့ အကြံပြုတိုက်တွန်းတာ အားလုံးကိုလည်း အတူတူပဲ ကြားရမယ်" လို့ ကြေညာချက်က ဆိုပါတယ်။

(Phot: MeidaCorp)

ထိုင်းနိုင်ငံမှာ လတ်တလော လပိုင်းအတွင်း နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ယခင်က မကြုံခဲ့ဖူးတဲ့ ဘုရင်စနစ် ဩဇာလွှမ်းမိုးမှုအပေါ် စိန်ခေါ်မှုတွေလည်း ရှိလာခဲ့ပါတယ်။ "အားလုံးကို အတူတူပဲ ချစ်ခင်တယ်ဆိုရင် ဘုရင်က ကျွန်တော်တိုဆီကစာတွေကို လက်ခံရမယ်၊ ကျွန်တော်တို့ကလည်း 'ဘုရင်မင်းမြတ် သက်တော်ရှည်ပါစေ' လို့ အော်နေကြတဲ့ အဲဒီရှပ်ဝါတွေလိုပဲ တူညီတဲ့ လူသားတွေပဲလေ" လို့ ဆန္ဒပြပွဲစီစဥ်သူတစ်ဦးက ပြောခဲ့ပါတယ်။ နိုဝင်ဘာ ၈ ရက်နေ့က စုရုံးချီတက် ဆန္ဒပြမှုတွေ မတိုင်မီ ဘန်ကောက်မြို့ရှိ ဒီမိုကရေစီအထိမ်းအမှတ်ကျောက်တိုက်၊ ဘုရင့်နန်းတော်နဲ့ အစိုးရအိမ်တော် နေရာတွေမှာ ရဲတပ်ဖွဲ့ဝင် ၉,၀၀၀ ကို ဖြန့်ကျက်ချထားခဲ့ကြောင်း သိရပါတယ်။

.

Share

Loading Next Article...
က္က