ကူးစက်မှုဖြစ်ပွားမှု လျင်မြန်စွာ ပိုမိုဆိုးရွားလာမှုကြောင့် မူလတန်းကျောင်းများ ပိတ်ထားမှာဖြစ်ပါတယ်။

အစောပိုင်းက COVID-19 ကို ထိန်းချုပ်နိုင်ခဲ့တဲ့ ဟောင်ကောင်မှာ ယခုအခါ ကူးစက်မှုဖြစ်ပွားမှု အခြေအနေ လျင်မြန်စွာ ပိုမိုဆိုးရွားလာကြောင်း ကျန်းမာရေးတာဝန်ရှိသူက ပြောကြားခဲ့ပြီးနောက် မူလတန်းကျောင်းများ ပိတ်ထားမယ်လို့ သိရပါတယ်။

(Photo: Winson Wong/SCMP)

မူလတန်းကျောင်းများမှာ ၁ တန်းမှ ၃ တန်းအထိကို တနင်္လာနေ့ (နိုဝင်ဘာ ၂၃ ရက်) မှစပြီး နှစ်ပတ်ကြာ ပိတ်ထားမှာဖြစ်ပါတယ်။ COVID-19 ကူးစက်မှုမြင့်တက်လာမှုကြောင့် သူငယ်တန်းတွေကို ပိတ်ထားရန်ညွှန်ကြားခဲ့ပြီးနောက် တစ်ပတ်ကျော်အကြာမှာ နောက်ထပ် မူလတန်းတွေကိုလည်း ပိတ်ထားရန် ကျန်းမာရေးဌာနက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။



ဟောင်ကောင်မှာ ယနေ့ (နိုဝင်ဘာ ၂၀ ရက်) ထုတ်ပြန်မှုအရ ကူးစက်ခံရသူ ၂၆ ဦး တိုးလာခဲ့ပြီး ၎င်းတို့အနက် ၂၁ ဦးဟာ ပြည်တွင်းကူးစက်မှုများဖြစ်ကြောင်း သိရပါတယ်။ "ဟောင်ကောင်မှာ ကူးစက်မှုအခြေအနေ ပြင်းထန်နေတာကြောင့် မလိုအပ်ဘဲ လူစုလူဝေးမလုပ်ကြဖို့ ပြည်သူတွေကို ပန်ကြားလိုပါတယ်" ဟောင်ကောင် အစားအစာနဲ့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ ပါမောက္ခ Sophia Chan က ပြောခဲ့ပါတယ်။

(Photo: AFP)

ပါမောက္ခ Sophia Chan ရဲ့ အဆိုအရ ဟောင်ကောင်ဟာ COVID-19 ကူးစက်မှုလှိုင်းအသစ် ကြုံတွေ့နေရတာ သေချာသလောက်ဖြစ်ကြောင်း ကျွမ်းကျင်သူတွေနဲ့ Centre for Health Protection မှ အချက်အလက်တွေကို ကိုးကားပြီး ပြောခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။ ဟောင်ကောင်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၅,၅၁၈ ဦး၊ သေဆုံးသူ ၁၀၈ ဦးနဲ့ ပြန်လည်သက်သာသူ ၅,၂၃၉ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က