ကူးစက်မှု ဒုတိယလှိုင်း အထွတ်အထပ်ကို ကျော်ဖြတ်ခဲ့ပြီနောက် lockdown ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးသွားတော့မှာပါ။

COVID-19 ကူးစက်မှု ဒုတိယလှိုင်းကြုံနေခဲ့ရတဲ့ ပြင်သစ်နိုင်ငံမှာ ကူးစက်မှုထိန်းချုပ်ရေး တင်းကျပ်တဲ့ lockdown စီမံဆောင်ရွက်မှုအချို့ကို စတင်ဖြေလျှော့ပေးသွားတော့မယ်လို့ သမ္မတအီမန်နျူရယ်မက်ခရွန်က ပြောကြားပါတယ်။

(Photo: Reuters)

ပြင်သစ်မှာ ကူးစက်မှု ဒုတိယလှိုင်း အထွတ်အထပ်ကို ကျော်ဖြတ်ခဲ့ပြီနောက် ယခုသီတင်းပတ်ကုန်မှစပြီး ဈေးဆိုင်တွေနဲ့ ရုပ်ရှင်တွေ ပြန်ဖွင့်ခွင့်ပြုပြီး lockdown ကန့်သတ်ချက်အချို့ ဖြေလျှော့ပေးသွားတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ ခရစ်စမတ်ကာလမှာ မိသားစုနဲ့အတူ စုရုံးဆင်နွဲနိုင်လိမ့်မယ်လို့လည်း သမ္မတမက်ခရွန်က ဆိုပါတယ်။



ပြင်သစ်နိုင်ငံဟာ COVID-19 ကူးစက်မှု ဒုတိယလှိုင်းအထွတ်အထိပ်ကို ကျော်လွန်ခဲ့ပြီဖြစ်ကြောင်း မက်ခရွန်က ပြောခဲ့ပါတယ်။ ပြင်သစ်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၂.၂ သန်းကျော်နဲ့ သေဆုံးသူ ၅၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။ တနင်္လာနေ့ (နိုဝင်ဘာ ၂၃ ရက်) စာရင်းတွေအရ ပြင်သစ်မှာ ကူးစက်မှုအသစ် ၄,၄၅၂ ဦး တိုးလာခဲ့ရာ စက်တင်ဘာ ၂၈ ရက်နောက်ပိုင်း နေ့အလိုက်ကူးစက်မှု အနည်းဆုံးဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

အင်္ဂါနေ့ (နိုဝင်ဘာ ၂၄ ရက်) ညပိုင်းမှာ ပြင်သစ်သမ္မတမက်ခရွန်က ရုပ်မြင်သံကြားမှတစ်ဆင့် COVID-19 အခြေအနေ မိန့်ခွန်းပြောကြားခဲ့မှုအတွင်း ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလအတွက် lockdown ကန့်သတ်ချက်များ ဖြေလျှော့ပေးသွားမယ်လို့ ထည့်သွင်းပြောခဲ့ပါတယ်။ ပြင်သစ်မှာ နေ့အလိုက် ကူးစက်မှုအသစ်များ ၅,၀၀၀ အောက်ဖြစ်နေခဲ့ပါ လာမယ့် ဒီဇင်ဘာ ၁၅ ရက်နေ့မှစပြီး ခရီးသွားလာမှု ကန့်သတ်ချက်များအပါအဝင် lockdown စီမံဆောင်ရွက်မှုတွေကို ရုပ်သိမ်းသွားမယ်လို့ သမ္မတမက်ခရွန်က ဆိုပါတယ်။

သို့သော် ညမထွက်ရအမိန့်ကိုတော့ ဆက်လက် သတ်မှတ်ထုတ်ပြန်ထားမယ်လို့ သိရပါတယ်။ ပြင်သစ်မှာ COVID-19 ဒုတိလှိုင်းအဖြစ် ကူးစက်မှုနဲ့ သေဆုံးမှုတွေ စံချိန်တင် မြင့်တက်လာခဲ့ပြီးနောက် အောက်တိုဘာ ၃၀ ရက်နေ့မှစပြီး တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ထားခဲ့ပြီး ပါရီမြို့တော် အပါအဝင် နေရာ ၅၀ ထက်မနည်းကို ည ၉ နာရီမှ မနက် ၆ နာရီအထိ ညမထွက်ရအမိန့်များ ထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က