တရုတ်က ပြည်ပမှတင်သွင်းလာတဲ့ အေးခဲအစားအစာတွေကို စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်နေခဲ့ပါတယ်။

အေးခဲအစားအစာတွေကနေ စားသုံးသူတွေကို ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကူးစက်နိုင်တဲ့အန္တရာယ်ဟာ အလွန်နည်းပါးကြောင်း တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၂၅ ရက်နေ့မှာ ပြောခဲ့ပါတယ်။

(Photo: AFP)

တရုတ်နိုင်ငံက ပြည်ပမှတင်သွင်းလာတဲ့ အေးခဲအစားအစာတွေကို စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီးနောက် အစိုးရတာဝန်ရှိသူက ထိုသို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ကလည်း အေးခဲအစားအစာတွေကနေ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနိုင်တဲ့အန္တရယ် နည်းပါးကြောင်း ပြောထားခဲ့ပါတယ်။



"အေးခဲအစားအစာတွေနဲ့ အဲဒီအစားအစာတွေ ထုပ်ပိုးထားတဲ့ ပါကင်ထုတ်တွေကို ထိတွေ့ကိုင်တွယ်မှုကနေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်တဲ့အန္တရယ်က အရမ်းနည်းပါတယ်" လို့ China National Center for Food Safety Risk Assessment မှ လက်ထောက်ညွှန်ကြားရေးမှူး Li Ning က အစားအစာတွေကို စစ်ဆေးမှုပြုလုပ်တဲ့ အာဏာပိုင်တွေကို ကိုးကားပြီး ပြောခဲ့ပါတယ်။

(Photo: Reuters)

အေးခဲအစားအစာတွေကို စစ်ဆေးမှုအရ ဗိုင်းရပ်စ်တွေ့ရတဲ့ အချိုးအစားဟာ ၁၀,၀၀၀ မှာ ၀.၄၈ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ သို့သော် အေးခဲအစားအစာ ပါကင်ထုပ်တွေနဲ့ အကြိမ်ကြမ် ထိတွေ့မှုရှိတဲ့ သယ်ဆောင်ရသူတွေမှာ ကူးစက်မှုအန္တရာယ်ရှိနေဆဲဖြစ်ကြောင်း Li Ning က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဘရာဇီး၊ နယူးဇီလန်၊ ဘိုလီးဗီးယား၊ ဆော်ဒီအာရေဗျ၊ အာဂျင်တီးနားတို့မှ တင်သွင်းလာတဲ့ အေးခဲအစားအစာ ပါကင်ထုပ်တွေပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိရကြောင်း တရုတ်နိုင်ငံ မြို့အချို့ရဲ့ တာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ဖူးပါတယ်။

(Photo: Reuters)

တရုတ်နိုင်ငံက ဆောင်းရာသီကာလအတွင်း ပြည်ပမှတင်သွင်းလာတဲ့ အခြား ကုန်ပစ္စည်းတွေနဲ့ ကွန်တိန်နာတွေကိုလည်း စောင့်ကြည့်စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်သွားမယ်လို့ Center for Diseases Prevention and Control ရဲ့ ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်သူအကြီးအကဲ Wu Zunyou က ဆိုပါတယ်။

အစားအစာထုတ်လုပ်သူတွေနဲ့ ရောင်းချသူတွေဟာ ပြည်ပမှတင်သွင်းတဲ့ အေးခဲအစားအစာထုတ်ကုန်များ ဝယ်ယူစဥ်မှာ COVID-19 ကင်းစင်ကြောင်းနဲ့ ပိုးသတ်ထားကြောင်း အသိအမှတ်ပြု စာရွက်စာတမ်းတောင်းရမယ်လို့ တရုတ်အစိုးရရဲ့ State Administration for Market Regulation မှ တာဝန်ရှိသူ Chen Xu က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က