အမေရိကန်က ကာရီလမ်နဲ့ အခြား ဟောင်ကောင်တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားပါတယ်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က သူမထံမှာ ဘဏ်အကောင့်မရှိ ဖြစ်နေတာကြောင့် သူမရဲ့ငွေတွေကို အိမ်မှာပဲ သိမ်းဆည်းထားနေရတယ်လို့ တီဗီအင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောခဲ့ပါတယ်။

(Photo: HKIBC screengrab)

အမေရိကန်ဘဏ္ဍာရေးဌာနက ကာရီလမ်ကို အရေးယူပိတ်ဆို့မှုများ ချမှတ်ထားခဲ့ရာ သူမအနေနဲ့ ဘဏ်အကောင့် အသုံးမပြုနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။ အမေရိကန်က တရုတ်နိုင်ငံရဲ့ ဟောင်ကောင်အတွက် လုံခြုံရေးဥပဒေသစ် ပြဌာန်းမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ ကာရီလမ်နဲ့ အခြား တာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။



ရှင့်ရဲ့ရှေ့မှာထိုင်နေသူက ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်တဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးတစ်ယောက်ပေါ့ရှင်

ကာရီလမ်က တီဗီအင်တာဗျူးမှာ ထုတ်ဖော်ပြောခဲ့ပြီးနောက် သူမရဲ့ များပြားတဲ့ လစာငွေတွေကို သူမနေအိမ်သို့ မည်သို့ ပို့ဆောင်နေမှုအပေါ် ဆိုရှယ်မီဒီယာမှာ ခန့်မှန်းပြောဆိုမှုတွေလည်း ထွက်ပေါ်လာပါတယ်။ သောကြာနေ့ (နိုဝင်ဘာ ၂၇ ရက်) ညပိုင်းက ထုတ်လွှင့်ခဲ့တဲ့ တီဗီအင်တာဗျူးအတွင်း ကာရီလမ်က နေ့စဥ်နေ့တိုင်း ငွေစက္ကူ ကိုင်တွယ်သုံးစွဲနေရတယ်လို့ ပြောခဲ့ပါတယ်။

(Photo: HKIBC screengrab)

"ရှင့်ရဲ့ရှေ့မှာထိုင်နေသူက ဘဏ်ဝန်ဆောင်မှု အသုံးမပြုနိုင်တဲ့ ဟောင်ကောင်အုပ်ချုပ်ရေးမှူးတစ်ယောက်ပေါ့ရှင်" လို့ သူမက အင်္ဂလိပ်ဘာသာဖြင့် ထုတ်လွှင့်နေတဲ့ ဟောင်ကောင်အခြေစိုက် HKIBC ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့ပါတယ်။ "ကျွန်မအိမ်မှာ ငွေတွေတစ်ပုံကြီးရှိတယ်၊ ကျွန်မမှာ ဘဏ်အကောင့်မရှိတော့ အစိုးရက ကျွန်မရဲ့လစာကို ငွေသားနဲ့ ပေးနေတယ်လေ" လို့ ကာရီလမ်က အင်တာဗျူးမှာ ဖြည့်စွက်ပြောပါတယ်။

ကျွန်မအိမ်မှာ ငွေတွေတစ်ပုံကြီးရှိတယ်၊ ကျွန်မမှာ ဘဏ်အကောင့်မရှိတော့ အစိုးရက ကျွန်မရဲ့လစာကို ငွေသားနဲ့ ပေးနေတယ်လေ

အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုဟာ တရားမျှတမှု မရှိကြောင်းလည်း ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ဆိုပါတယ်။ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်ဟာ လစာအမြင့်ဆုံးရရှိတဲ့ ခေါင်းဆောင်တွေအနက် တစ်ဦးအပါအဝင်ဖြစ်ပြီး သူမရဲ့ နှစ်စဥ် လစာငွေဟာ ဟောင်ကောင်ဒေါ်လာ ၅.၃ သန်း (အမေရိကန်ဒေါ်လာ ၆၇၀,၀၀၀) ဖြစ်တယ်လို့ ဆိုပါတယ်။

(Photo: HKIBC screengrab)

တရုတ်နိုင်ငံက ဟောင်ကောင်နဲ့ ပတ်သက်ပြီး အငြင်းပွားဖွယ် လုံခြုံရေးဥပဒေကို ပြီးခဲ့တဲ့ ဇွန်လအတွင်း အတည်ပြု ပြဌာန်းခဲ့ပါတယ်။ ဝေဖန်သူတွေက ထိုဥပဒေဟာ ဟောင်ကောင်ရဲ့ လွတ်လပ်မှုတွေကို ခြိမ်းခြောက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရမှုကို အဆင့်အတန်းကို လျောပါးစေကြောင်း ထောက်ပြကြပါတယ်။

ဟောင်ကောင်မှာ ထိုဥပဒေပြဌာန်းမှုအပေါ် တုံ့ပြန်မှုအဖြစ် အမေရိကန်က ဒါဇင်နဲ့ချီတဲ့ ဟောင်ကောင်အစိုးရတာဝန်ရှိသူတွေရဲ့ အမေရိကန်ဆက်နွယ် ပိုင်ဆိုင်မှုတွေနဲ့ အမေရိကန်မှာ ၎င်းတို့ ပိုင်ဆိုင်ထားနိုင်တဲ့ မြေနဲ့အိမ်ရာအဆောက်အအုံတွေကို အသုံးပြုခွင့်မရှိစေရန် ထိန်းချုပ်ခြင်းဖြင့် အရေးယူပိတ်ဆို့မှုတွေ ချမှတ်လုပ်ဆောင်ထားပါတယ်။


.


ဆက်စပ်အကြောင်းအရာများ



က္က