ကူးစက်မှုတွေ ပြန်တွေ့လာရမှုကြောင့် ကြောက်လန့်တကြား မဖြစ်ကြရန် ကမ္ဘောဒီယားဝန်ကြီးချုပ်က ပြောပါတယ်။

အရှေ့တောင်အာရှဒေသတွင်း COVID-19 ကူးစက်ဖြစ်ပွားမှု အနည်းဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ကမ္ဘောဒီယားမှာ ပြည်တွင်းကူးစက်မှုများ တွေ့ရှိလာရပြီးနောက် အလျင်အမြန် ထိန်းချုပ်နိုင်ရေး အာဏာပိုင်တွေက ပိတ်ပင်ကန့်သတ်ချက်များ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

(Image: Worldometers webpage screengrab)

နိုဝင်ဘာ ၃၀ ရက်နေ့မှာ သတ်မှတ်လိုက်တဲ့ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်တွေအရ မင်္ဂလာပွဲအခမ်းအနားများ ကျင်းပပြုလုပ်ခြင်းကို တားမြစ်ပိတ်ပင်လိုက်ပြီး လူ ၂၀ ဦးထက်ပိုပြီး စုရုံးခြင်းမပြုရန် အမိန့်ထုတ်ထားပါတယ်။ ကမ္ဘောဒီယားမှာ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၂၉ ရက်) မှစပြီး လူဦးရေ ၃,၃၃၂ ဦးကို စစ်ဆေးခဲ့ရာ ၁၅ ဦးမှာ COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပါတယ်။



အဆိုပါ ကူးစက်မှုအသစ်အားလုံးဟာ ကမ္ဘောဒီးယားရဲ့ အကြီးဆုံး မြို့ကြီးနှစ်မြို့ကို နိုဝင်ဘာ ၂၀ ရက်နောက်ပိုင်းမှာ ခရီးသွားခဲ့တဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ ဆက်နွယ်နေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ကမ္ဘောဒီးယားဟာ COVID-19 ကူးစက်ဖြစ်ပွားမှု အနည်းဆုံးနိုင်ငံတွေထဲမှာ ပါဝင်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၃၂၃ ဦးနဲ့ သေဆုံးမှုမရှိခဲ့ပါဘူး။ ကူးစက်မှုအများစုဟာလည်း ပြည်ပကူးစက်မှုတွေ ဖြစ်ပါတယ်။

(ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်) (Photo: Reuters)

ယခု ပြန်တွေ့လာရတဲ့ ကူးစက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ COVID-19 လူနာ အမျိုးသမီးဟာ မည်သို့ ကူးစက်ခံခဲ့ရကြောင်း အတိအကျ မသိရသေးပါဘူး။ ၎င်းရဲ့ခင်ပွန်းက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အကျဥ်းထောင်များကို ကြီးကြပ်ကွပ်ကဲရသူလို့ ဆိုပါတယ်။ ထိုအမျိုးသမီးရဲ့ခင်ပွန်းနဲ့ မိသားစုဝင်အချို့မှာလည်း COVID-19 ကူးစက်ခံရမှု တွေ့ရှိခဲ့ပါတယ်။

ဒီနေ့ကစပြီး လူအများအပြား စုရုံးမှုအားလုံးကို ၁၅ ရက်ကြာ တားမြစ်ထားပါမယ်၊ တစ်ကယ်လို့ မင်္ဂလာပွဲရှိတယ်ဆိုရင် တောင်းပန်ထားပြီး ၁၅ ရက် ဆိုင်းငံ့ထားပါ၊ ကျွန်တော်တို့ ဒီလို မလုပ်ခဲ့ရင် ကျွန်တော်တို့အတွက် နောက်ကျသွားပါလိမ့်မယ်

ကမ္ဘောဒီးယားမှာ ကူးစက်မှုတွေ ပြန်တွေ့လာရပြီးနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးသုံးဦးက ၎င်းတို့ကိုယ်တိုင် အသွားအလာကန့်သတ် နေထိုင်လျက်ရှိပါတယ်။ COVID-19 လူနာ အမျိုးသမီးရဲ့ မိသားစုနဲ့ ထိတွေ့မှုရှိခဲ့တဲ့ ပြည်နယ်ခုနစ်ခုမှ လူဦးရေ ၃,၃၀၀ ခန့်ကို COVID-19 စစ်ဆေးထားကြောင်း သိရပါတယ်။

(Photo: KhmerTimes)

ကူးစက်မှုတွေ ပြန်တွေ့လာရမှုနဲ့ ပတ်သက်ပြီး အများပြည်သူအနေနဲ့ ကြောက်လန့်တကြား မဖြစ်ကြရန် ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆန်က တိုက်တွန်းခဲ့ပြီး လူစုလူဝေး တားမြစ်မှုတွေဟာ ကျွမ်းကျင်သူတွေနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) ရဲ့ အကြံပြုချက်များအတိုင်းဖြစ်တယ်လို့ ဆိုပါတယ်။

"ဒီနေ့ကစပြီး လူအများအပြား စုရုံးမှုအားလုံးကို ၁၅ ရက်ကြာ တားမြစ်ထားပါမယ်၊ တစ်ကယ်လို့ မင်္ဂလာပွဲရှိတယ်ဆိုရင် တောင်းပန်ထားပြီး ၁၅ ရက် ဆိုင်းငံ့ထားပါ၊ ကျွန်တော်တို့ ဒီလို မလုပ်ခဲ့ရင် ကျွန်တော်တို့အတွက် နောက်ကျသွားပါလိမ့်မယ်၊ ဒါကြောင့် ကျေးဇူးပြုပြီး ဒါတွေကို အရေးတကြီး လိုက်နာဆောင်ရွက်ကြပါ" လို့ ဝန်ကြီးချုပ်က ၎င်းရဲ့ Facebook စာမျက်နှာမှာ နိုဝင်ဘာ ၃၀ ရက်နေ့က တင်ထားတဲ့ အသံဖိုင်အတွင်း ပြောထားပါတယ်။

(Photo: TRT World)

ကမ္ဘောဒီးယားမှာ ပြည်တွင်းကူးစက်မှုများ ရှိလာခဲ့ပြီးနောက် စာသင်ကျောင်းတွေကို လာမယ့် စာသင်နှစ်အစဖြစ်တဲ့ ဇန်နဝါရီလအထိ ပိတ်ထားရန် ပညာရေးဝန်ကြီးဌာနက အစောပိုင်းမှာ ညွှန်ကြားခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရကျောင်းတွေကို ဇွန်နဝါရီ ၁၁ ရက်အထိ ပိတ်ထားမှာဖြစ်ပြီး ပုဂ္ဂလိကျောင်းတွေကိုတော့ နှစ်ပတ်ကြာ ပိတ်ထားရမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပုဂ္ဂလိကကျောင်းတွေမှာ တက်ရောက်သူတွေကို အွန်လိုင်းမှတစ်ဆင့် သင်ကြားရန် ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။ ပြည်တွင်းကူးစက်မှုတွေ တွေ့ရှိလာရတဲ့ ကမ္ဘောဒီးယားမှာ ကဇာတ်ရုံများနဲ့ ပြတိုက်များ အားလုံးကို ပိတ်ထားပြီး လာမယ့် သီတင်းနှစ်ပတ်အတွင်း ဂီတဖျော်ဖြေပွဲ ကျင်းပပြုလုပ်မှုတွေကို တားမြစ်ထားကြောင်းလည်း Reuters သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က