၂၀၀၀ ပြည့်လွန် နှစ်များအတွင်း အီရန်ရဲ့ နျူကလီးယားအစီအစဥ်တွေမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

နိုင်ငံရဲ့ ထိပ်တန်းနျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh ကို သောကြာနေ့ (နိုဝင်ဘာ ၂၇ ရက်) က လုပ်ကြံခဲ့မှုမှာ အစ္စရေးနဲ့ အတိုက်အခံ ပြည်ပြေးအုပ်စုက အ‌ဝေးထိန်းစနစ်သုံး လက်နက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း အီရန်က ယုံကြည်ထားပါတယ်။

(Photo: Reuters)

အီရန်မြို့တော် တီဟီရန်မြို့ရဲ့ အရှေ့ဘက်မှာ နျူကလီးယားသိပ္ပံပညာရှင်ရဲ့ မော်တော်ယာဥ်ကို တိုက်ခိုက်ခဲ့သူတွေဟာ အီလက်ထရောနစ်ကိရိယာကို အသုံးပြုခဲ့ကြောင်း အီရန်လုံခြုံရေးဆိုင်ရာ အကြီးအကဲ Ali Shamkhani က ပြောခဲ့ပါတယ်။ အီရန်ရဲ့ အရေးပါတဲ့ နျူကလီးယားသိပ္ပံပညာရှင် Mohsen ရဲ့ ဈာပနအခမ်းအနားကို တက်ရောက်လာစဥ် လုံခြုံရေးအကြီးအကဲက ထိုသို့ မှတ်ချက်ပြုခဲ့တာ ဖြစ်ပါတယ်။



သိပ္ပံပညာရှင် Mohsen ဟာ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ရေးအစီအစဥ်ကို လျှို့ဝှက်ဦးစီးဆောင်ရွက်နေခဲ့ကြောင်း အစ္စရေးနိုင်ငံက စွပ်စွဲထားခဲ့ပါတယ်။ အစ္စရေးကတော့ အီရန်နျူကလီးယားသိပ္ပံပညာရှင် လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်ခဲ့ကြောင်း စွပ်စွဲမှုတွေကို လူသိရှင်ကြား မှတ်ချက်ပြု တုံ့ပြန်ခြင်းမရှိပါဘူး။

(အီရန်နျူကလီးယားသိပ္ပံပညာရှင် Mohsen Fakhrizadeh) (Photo: AFP)

Mohsen ဟာ ၂၀၀၀ ပြည့်လွန် နှစ်များအတွင်း အီရန်ရဲ့ နျူကလီးယားအစီအစဥ်တွေမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ အီရန်အစိုးရကတော့ ၎င်းရဲ့ နျူကလီးယားအစီအစဥ်တွေဟာ ငြိမ်းချမ်းစွာ အသုံးပြုရန် ရည်ရွယ်ချက်သာဖြစ်ကြောင်း အခိုင်အမာ ဆိုခဲ့ပါတယ်။ အနောက်အုပ်စုနဲ့ အစ္စရေးကဲ့သို့ နိုင်ငံတွေကတော့ အီရန်က နျူကလီးယားလက်နက်များ ထုတ်လုပ်ရန် လျှို့ဝှက်ကြိုးပမ်းလုပ်ဆောင်နေခဲ့တယ်လို့ ယုံကြည်ထားပါတယ်။

ဒါက အီလက်ထရောနစ်ကိရိယာသုံးထားပြီး အလွန်ရှုပ်ထွေးတဲ့ မစ်ရှင်တစ်ခုပါ၊ အခင်းဖြစ်နေရာမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး

နျူကလီးယားသိပ္ပံပညာရှင် Mohsen ဟာ တီဟီရန်မြို့အရှေ့ဘက်ရှိ Absard မြို့မှာ ၎င်းရဲ့ကားကို ပစ်ခတ်ခံရစဥ် ဒဏ်ရာအပြင်းအထန်ရခဲ့ပြီးနောက် သေဆုံးခဲ့ကြောင်း အီရန်သတင်းတွေက ပြောပါတယ်။ Mohsen ကို တိုက်ခိုက်မှုအတွင်း Nissan ပစ်ကပ်ကားတစ်စီးအတွင်း တပ်ဆင်ထားတဲ့ ဗုံတစ်လုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းလည်း သတင်းတွေက ဆိုပါတယ်။

(Photo: AP)

Mohsen လုပ်ကြံခံရမှုအတွင်း ၎င်းရဲ့ သက်တော်စောင့်တွေနဲ့ သေနတ်သမားအချို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ကနဦး ထုတ်ပြန်ခဲ့ပါတယ်။ အီရန်သတင်းတစ်ရပ်မှာ ဖော်ပြမှုအရ အပြန်အလှန် တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမားလို့ ယူဆရသူ သုံးဦးမှ လေးဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ယခုနောက်ဆုံး အီရန်သတင်းတွေနဲ့ လုံခြုံရေးအကြီးအကဲရဲ့ အဆိုအရ Mohsen ကို လုပ်ကြံသတ်ဖြတ်ရာမှာ အဝေးထိန်းစနစ်ဖြင့် ထိန်းချုပ်ပစ်ခတ်တဲ့ စက်သေနတ် သို့မဟုတ် ဂြိုဟ်တုဆက်သွယ်ရေးဖြင့် ထိန်းချုပ်နိုင်တဲ့လက်နက် အသုံးပြုခဲ့ကြောင်း သိရပါတယ်။ နျူကလီးယားသိပ္ပံပညာရှင် Mohsen ကို အထူးစီစဥ်ထားတဲ့ နည်းလမ်းများသုံးပြီး အဝေးထိန်းစနစ်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အီရန် Supreme National Security Council အကြီးအကဲ Ali Shamkhani က နိုဝင်ဘာ ၃၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

(ပစ်ခတ်တိုက်ခိုက်ခံရသည့် Mohsen ရဲ့ကား) (Photo: AP)

"ဒါက အီလက်ထရောနစ်ကိရိယာသုံးထားပြီး အလွန်ရှုပ်ထွေးတဲ့ မစ်ရှင်တစ်ခုပါ၊ အခင်းဖြစ်နေရာမှာ ဘယ်သူမှရှိမနေခဲ့ပါဘူး" လို့ ၎င်းကဆိုပါတယ်။ အီရန်ထောက်လှမ်းရေးနဲ့ လုံခြုံရေးဌာနက သိပ္ပံပညာရှင် Mohsen ကို လုပ်ကြံသတ်ဖြတ်ရန် ကြံစည်နေမှုကို သိရှိထားခဲ့ကြောင်းနဲ့ မည်သည့်နေရာမှာ တိုက်ခိုက်မှုဖြစ်နိုင်ကြောင်းကိုပင် ခန့်မှန်းထားခဲ့တယ်လို့လည်း Ali Shamkhani က ပြောပါတယ်။

Mohsen ကို အီရန်အတိုက်အခံ ပြည်ပြေးအုပ်စု Mujahideen-e Khalq နဲ့ အစ္စရေးတို့က ပူးပေါင်းကြံစည် လုပ်ကြံခဲ့ကြောင်း Ali Shamkhani က အပြစ်ဖို့ခဲ့ကြောင်း သိရပါတယ်။ နျူကလီးယားသိပ္ပံပညာရှင် Mohsen လုပ်ကြံသတ်ဖြတ်ခံရပြီးနောက် အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီနဲ့ သမ္မတဟတ်ဆန်ရိုဟာနီတို့က လက်တုံ့ပြန်သွားမယ်လို့ ပြောကြားထားခဲ့ပြီး ပင်လယ်ကွေ့ဒေသတွင်း တင်းမာမှုများ မြင့်တက်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က