အသက် ၁၂ နှစ်အရွယ်မှာ ကျောင်းထုတ်ခဲ့ပြီးနောက်ပိုင်း တိုက်ခန်းထဲမှာ ပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

ဆွီဒင်နိုင်ငံမှ သားဖြစ်သူကို ၎င်းတို့ရဲ့ တိုက်ခန်းအတွင်း ၂၈ နှစ်ကြာ ပိတ်လှောင်ထားခဲ့မှုဖြင့် သံသယရှိသူ မိခင်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့နဲ့ မီဒီယာက ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။

(Photo: AFP)

ပိတ်လှောင်ခံရတဲ့ သားဖြစ်သူဟာ အာဟာရချို့တဲ့မှုဖြစ်ပြီး သွားလုံးဝမရှိလုနီးနီး အခြေအနေ ဖြစ်နေခဲ့ပါတယ်။ "မိခင်က ပိတ်လှောင်ထားခဲ့တယ်လို့ သံသယရှိပြီး ခန္ဓာကိုယ်ပိုင်း ထိခိုက်မှုဖြစ်စေခဲ့ပါတယ်" လို့ စတော့ဟုမ်းရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Ola Osterling က AFP သတင်းဌာနကို ပြောပါတယ်။



ထိုအမျိုးသားဟာ စတော့ဟုမ်းမြို့တောင်ဘက် ဆင်ခြေဖုံးအရပ်ရှိ တိုက်ခန်းထဲမှာ အလွန်ရှည်ကြာစွာ သော့ခတ်ပိတ်လှောင်ထားခြင်းခံခဲ့ရကြောင်း Ola Osterling က ပြောခဲ့ပေမဲ့ ဆွီဒင်နေ့စဥ်ထုတ် သတင်းစာတွေဖြစ်တဲ့ Expressen နဲ့ Aftonbladet တို့မှာ ဖော်ပြထားတဲ့ ၂၈ နှစ်ကြ ပိတ်လှောင်ခံရကြောင်း သတင်းတွေအပေါ် မှတ်ချက်မပေးခဲ့ပါဘူး။ ထိုသတင်းစာတွေမှာ ဖော်ပြမှုအရ မိခင်က သားဖြစ်သူကို အသက် ၁၂ နှစ်အရွယ်မှာ ကျောင်းထုတ်ခဲ့ပြီး ထိုနောက်ပိုင်းကတည်းက တိုက်ခန်းထဲမှာ သော့ခတ်ပိတ်လှောင်ထားခဲ့တယ်လို့ ဆိုပါတယ်။

(Photo: AFP)

အမည်မဖော်ပြတဲ့ ဆွေမျိုးတစ်ဦးက ယခုအခါ အသက် ၄၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပိတ်လှောင်ခံရသူ အမျိုးသားကို နိုဝင်ဘာ ၂၉ ရက်နေ့မှာ တွေ့ရှိသွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၇၀ ကျော်အရွယ် မိခင်ဖြစ်သူကို ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီးနောက် အဆိုပါ ဆွေမျိုးဖြစ်သူက ထိုအမျိုးသားကို တွေ့ရှိသွားခဲ့ကြောင်း Expressen သတင်းစာက ဖော်ပြပါတယ်။

ကာလရှည်ကြာ ပိတ်လှောင်ခံထားရတဲ့ အမျိုးသားဟာ ခြေထောက်တွေမှာ ပိုးဝင်နေတဲ့ ဒဏ်ရာတွေရှိနေပြီး လမ်းမလျှောက်နိုင်သလောက် အခြေအနေဖြစ်ပါတယ်။ ၎င်းဟာ သွားတွေလည်း လုံးဝနီးပါး မရှိသလောက်ဖြစ်ပြီး စကားပြောနိုင်ခြင်း သိပ်မရှိဘူးလို့ သတင်းတွေက ပြောပါတယ်။

(Photo: AFP)

စတော့ဟုမ်းရဲတပ်ဖွဲ့ ပြောခွင့်ရအမျိုးသား Ola Osterling ကတော့ အဆိုပါ အသေးစိတ် အကြောင်းတွေအပေါ် မှတ်ချက်မပေးခဲ့ဘဲ ထိုအမျိုးသားကို ဆေးရုံတင်ထားကြောင်းနဲ့ ၎င်းရဲ့ ဒဏ်ရာတွေဟာ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။ မိခင်ဖြစ်သူကတော့ သူမအပေါ် ရာဇဝတ်ပြစ်မှုကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ကြောင်း Swedish Prosecution Authority က ပြောပါတယ်။

ယခုအခါ အဆိုပါ တိုက်ခန်းကို ရဲတပ်ဖွဲ့က ပိတ်ပင်ထားပြီး မှုခင်းစစ်ဆေးသူတွေက ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နေခဲ့ကြောင်း AFP သတင်းဌာနမှ ဓာတ်ပုံဆရာက ဆိုပါတယ်။ ပိတ်လှောင်ခံရတဲ့ အမျိုးသားကို ပထမဆုံး တွေ့ရှိခဲ့တဲ့ ဆွေမျိုးဖြစ်သူရဲ့ အဆိုအရ တိုက်ခန်းဟာ နှစ်ပေါင်းကြာမြင့်စွာ သန့်ရှင်းရေးမလုပ်ဘဲထားခဲပုံရတယ်လို့ ပြောခဲ့ပါတယ်။

(Photo: AP)

"ကျင်ငယ်တွေ၊ အညစ်အကြေးတွေနဲ့ ဖုန်မှုန်တွေနဲ့ ပုပ်စော်နံ့နေခဲ့တယ်" လို့ ဆွေမျိုးဖြစ်သူ အမျိုးသမီးက Expressen သတင်းစာကို ပြောပါတယ်။ ထိုတိုက်ခန်းမှ ဖြစ်ရပ်ကို အိမ်နီးချင်းတွေကလည်း သတိမပြုမိခဲ့ကြပါဘူး။ အိမ်နီးချင်း အများအပြားကတော့ အသက် ၁၂ နှစ်အရွယ်ကတည်းက တိုက်ခန်းထဲမှာ ပိတ်လှောင်ခံထားရသူနဲ့ ပတ်သက်ပြီး ယခုလောက်အထိ နှစ်များစွာကြတဲ့ အချိန်ကာလအတွင်း လူမှုဖူလုံးရေးအဖွဲ့ သို့မဟုတ် ၎င်းရဲ့စာသင်ကျောင်းနဲ့ အခြား သက်ဆိုင်ရာ အာဏာပိုင်တွေက စစ်ဆေးမှုတစ်စုံတရာ မရှိခဲ့ခြင်းအပေါ် အံ့အားသင့်နေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က