ဈေးဆိုင်၊ လုပ်ငန်းခွင်နဲ့ စာသင်ကျောင်းမှာ mask များ အမြဲတပ်ဆင်ထားသင့်ကြောင်း WHO က ပြောထားပါတယ်။

COVID-19 ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေတဲ့ နေရာဒေသတွေမှာ နေထိုင်ကြသူတွေဟာ ဈေးဆိုင်၊ လုပ်ငန်းခွင်နဲ့ စာသင်ကျောင်းမှာ mask များ အမြဲတပ်ဆင်ထားသင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က ယနေ့ (ဒီဇင်ဘာ ၂ ရက်) ပြင်ဆင်ထုတ်ပြန်တဲ့ လမ်းညွှန်ချက်မှာ ပြောထားပါတယ်။

(Photo: Reuters)

၎င်းတို့အနေနဲ့ အချင်းချင်း အနည်းဆုံး ၃ ပေအကွာ ခပ်ခွာခွာ နေထိုင်နိုင်ခြင်းမရှိပါက ကလေးများနဲ့ အသက် ၁၂ နှစ် သို့မဟုတ် ၁၂ နှစ်အထက် ကျောင်းသူကျောင်းသားတွေဟာ လေဝင်လေထွက်ကောင်းမွန်တဲ့ အဆောက်အအုံထဲမှာ ရှိနေစဥ်မှာလည်း mask တပ်ထားသင့်ကြောင်း ပိုမိုတင်းကျပ်လိုက်တဲ့ WHO လမ်းညွှန်ချက်မှာ ဖော်ပြပါတယ်။



အဆောက်အအုံထဲမှာ လေဝင်လေထွက် မကောင်းခဲ့ပါက အများပြည်သူအနေနဲ့ အနည်းဆုံး ၃ ပေအကွာ ခပ်ခွာခွာ နေခြင်း မနေခြင်းကို ထည့်မတွက်ဘဲ ခွဲစိတ်ခန်းသုံးမဟုတ်တဲ့ mask ကို တပ်သင့်ပါတယ်

ဒါ့အပြင် ၎င်းတို့အနေနဲ့ အဆောက်အအုံပြင်ပ နေရာတွေမှာ ခပ်ခွာခွာ နေထိုင်နိုင်ခြင်းမရှိပါကလည်း mask တပ်ထားသင့်တယ်လို့ WHO က ပြောထားပါတယ်။ ယခု လမ်းညွှန်ချက်တွေဟာ mask တပ်ခြင်းနဲ့ ပတ်သက်ပြီး အကြီးမားဆုံး အပြောင်းအလဲတွေအနက် ပါဝင်ကြောင်းနဲ့ ဇွန်လအတွင်း ထုတ်ပြန်ထားခဲ့တဲ့ လမ်းညွှန်အကြံပြုချက်ကို ပြင်ဆင်လိုက်ခြင်းဖြစ်ကြောင်း WHO ပြောခွင့်ရအမျိုးသမီး မာဂရက်ဟာရစ်က ဆိုပါတယ်။

(Photo: China Daily)

"အဆောက်အအုံထဲမှာ လေဝင်လေထွက် မကောင်းခဲ့ပါက အများပြည်သူအနေနဲ့ အနည်းဆုံး ၃ ပေအကွာ ခပ်ခွာခွာ နေခြင်း မနေခြင်းကို ထည့်မတွက်ဘဲ ခွဲစိတ်ခန်းသုံးမဟုတ်တဲ့ mask ကို တပ်သင့်ကြောင်း" WHO က အကြံပြုထားကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

ထို့အတူ ဆေးရုံ၊ ဆေးခန်းကဲ့သို့ ကျန်းမာရေးစောင့်ရှောက်မှုဌာနများရှိ စားသောက်ဆိုင်နဲ့ ဝန်ထမ်းရုံးခန်းကဲ့သို့ အများသုံးနေရာတွေ အားလုံးမှာလည်း mask ကို တစ်ကမ္ဘာလုံးအတိုင်းအတာ တပြေးညီ တပ်ထားသင့်ကြောင်း WHO က လမ်းညွှန်ထားပါတယ်။ COVID-19 လူနာတွေကို ပြုစုစောင့်ရှောက်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေဟာ ဖြစ်နိုင်ပါက N95 အမျိုးအစား mask များ တပ်သင့်ကြောင်း WHO က ပြောပါတယ်။ 

Share

Loading Next Article...
က္က