ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ဒေသဟာ ထိုင်းနိုင်ငံရဲ့ ရော်ဘာပင်စိုက်ပျိုးရာ အဓိကနေရာဖြစ်ပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ခရိုင်ခုနစ်ခုမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရုတ်တရက် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေက ယမန်နေ့ (ဒီဇင်ဘာ ၃ ရက်) မှာ ပြောခဲ့ပါတယ်။

(Photo: Reuters)

တာဝန်ရှိသူတွေက သတင်းထုတ်ပြန်မှုအရ Nakhon Si Thammarat ခရိုင်မှာ လူသေဆုံးမှုများဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ရုပ်မြင်သံကြားသတင်းမှာ ထုတ်လွှင်ပြသခဲ့ရာအဆိုပါခရိုင်ရှိ ဆေးရုံတစ်ရုံမှာ အရေးပေါ်ခန်းအပြင်ဘက် နေရာတစ်ခုကို လမ်းမပေါ်မှ ရေများစီးဝင်မလာစေရန် ဝန်ထမ်းတွေက သဲအိတ်များချပြီး တားဆီးနေတာ တွေ့ခဲ့ရပါတယ်။



အခြား ရုပ်သံမှတ်တမ်းတွေမှာတော့ ပေါင်လယ်အထိနက်တဲ့ ရေတွေကိုဖြတ်ကာ ဆိုင်ကယ်များတွန်းသွားနေသူတွေနဲ့ ခက်ခက်ခဲခဲ လမ်းလျှောက်ဖြတ်သန်းသွားနေသူတွေကို တွေ့ရတယ်လို့ Reuters သတင်းက ပြောပါတယ်။ ထိုင်းမှာ လွန်ခဲ့တဲ့ တစ်ပတ်မှစပြီး ရေကြီးမှုတွေ စတင်ဖြစ်ပေါ်နေခဲ့ကာ ယမန်နေ့မှာတော့ တဖြည်းဖြည်း ရေပြန်ကျသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(Photo: Reuters)

ရေကြီးမှုကို တောင်ပိုင်းဒေသရှိ ခရိုင်ခုနစ်ခုမှ လူဦးရေ ၂၅၅,၀၀၀ ကျော် ကြုံခဲ့ကြရတယ်လို့ ဝန်ကြီးဌာက ဆိုပါတယ်။ လတ်တလော ရေကြီးမှုဖြစ်ပေါ်ခဲ့တဲ့ ဒေသဟာ ထိုင်းနိုင်ငံရဲ့ ရော်ဘာပင်စိုက်ပျိုးရာ အဓိကနေရာလည်း ဖြစ်ပါတယ်။ ထိုင်းက ကမ္ဘာတစ်ဝန်းသို့ သဘာဝ‌ရော်ဘာ တင်ပို့နေတဲ့ အဓိက နိုင်ငံအဖြစ် ရပ်တည်နေပါတယ်။ Rubber Authority of Thailand က ယမန်နေ့မှာ ပြောကြားမှုအရ ရေကြီးမှုကြောင့် ရော်ဘာပင် ၃၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ ရော်ဘာစိုက်တောင်သူတွေကို ထိုင်းဘတ်ငွေ ၃,၀၀၀ (အမေရိကန်ဒေါ်လာ ၉၉.၃၄) ပေးအပ်သွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က