ကိုဗစ်ကူးစက်ခံရခြင်းမရှိဘဲ ရေမသန့်မှု သို့မဟုတ် လေထုညစ်ညမ်းမှုကြောင့်လည်း မဟုတ်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာ အမည်မသိနိုင်သေးတဲ့ ထူးထူးဆန်းဆန်း နာမကျန်းဖြစ်မှုကြောင့် သီတင်းပတ်ကုန်ရက်များအတွင်း ၁၄၀ ကျော် ဆေးရုံတက်ခဲ့ရပြီး တစ်ဦးသေဆုံးခဲ့ကြောင်းနဲ့ တာဝန်ရှိသူတွေက နာမကျန်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။

(Photo: AP)

အင်ဒရာပရာဒက်ရှ်ပြည်နယ် Eluru မြို့မှ ထူးထူးဆန်းဆန်း နာမကျန်းဖြစ်သူ ၂၉၂ ဦးရှိခဲ့ပြီး ၁၄၀ ကျော်က ဆေးရုံတက်ခဲ့ရကြောင်း အိန္ဒိယသတင်းဌာန NDTV ဖော်ပြပါတယ်။ အဆိုပါ လူနာတွေဟာ မအီမသာဖြစ်ပြီး ပျို့အန်ချင်မှုကနေ လဲကျပြီး သတိမေ့တဲ့အထိ ရောဂါလက္ခဏာများရှိခဲ့ကြတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။



Eluru မြို့ရှိ အစိုးရဆေးရုံသို့ နောက်ထပ် အလားတူ လူနာများ ရောက်ရှိလာနိုင်မှုအတွက် ကုတင်များ ကြိုတင်ပြင်ဆင်ထားကြောင်း သိရပါတယ်။ အိန္ဒိယဟာ COVID-19 ကူးစက်မှုထိန်းချုပ်ရေး ရုန်းကန်နေရဆဲအချိန်မှာ ယခု နာမကျန်းဖြစ်မှုတွေ ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။ ဒေသခံမီဒီယာက ဖော်ပြမှုအရ Eluru မြို့မှ ထူးထူးဆန်ဆန်း နာမကျန်းဖြစ်တဲ့ လူနာတွေကို COVID-19 စစ်ဆေးခဲ့ရာမှာလည်း ကူးစက်ခံထားရမှု မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

(Photo: AP)

"လူတွေက နေမကောင်းဖြစ်လာတယ်၊ အထူးသဖြင့် ကလေးတွေပေါ့၊ မျက်လုံးတွေ ပူစပ်ပူလောင်ဖြစ်ပြီးနောက် ရုတ်တရက် ပျို့အန်လာကြတယ်၊ တချို့က အားနည်းမောပန်းပြီး မူးမေ့သလို ဖြစ်သွားကြတယ်" လို့ Eluru အစိုးရဆေးရုံမှ ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ထိုသို့ နာမကျန်းဖြစ်ပြီး ဆေးရုံသို့ရောက်လာသူ အများအပြားဟာ ပြန်လည်သက်သာသွားကြပြီး ဆေးရုံကနေ အလျင်အမြန် ဆင်းနိုင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။ အမည်မသိရတဲ့ နာမကျန်းဖြစ်မှုကြောင့် ဆေးရုံတက်ရသူတွေရဲ့ သွေးနမူနာကို စစ်ဆေးကြည့်ရာမှာ ဗိုင်းရပ်စ်တစ်ခု ကူးစက်ခံရတာမျိုး မတွေ့ရကြောင်း အင်ဒရာပရာဒက်ရှ်ပြည်နယ် ကျန်းမာရေးဝန်ကြီး Alla Kali Krishna Srinivas က ပြောပါတယ်။

(Photo: PTI)

"လူတွေ နာမကျန်းဖြစ်ကြတဲ့ နေရာဒေသကို တာဝန်ရှိသူတွေ သွားရောက်စစ်ဆေးခဲ့ကြပြီးနောက် ရေမသန့်မှု သို့မဟုတ် လေထုညစ်ညမ်းမှုကြောင့် မဟုတ်ဘူးလို့ ကျွန်တော်တို့ ကောက်ချက်ချထားပါတယ်၊ ဒါက နည်းနည်းဆန်းကြယ်တဲ့ နာမကျန်းဖြစ်မှုပါ၊ ဓာတ်ခွဲခန်းမှာ လေ့လာဆန်းစစ်မှုက ဘာလဲဆိုတာ ဖော်ထုတ်ပါလိမ့်မယ်" ဝန်ကြီးက ဆိုပါတယ်။ သို့သော် အစိုးရအတိုက်အခံ Telugu Desam ပါတီကတော့ ယခုဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှုလုပ်ရန် တောင်းဆိုခဲ့ပြီး ညစ်ညမ်းမှုကြောင့် ထူးထူးဆန်းဆန်း နာမကျန်းဖြစ်မှုတွေ ဖြစ်ခဲ့တယ်လို့ အခိုင်အမာ ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က