မြိုခံတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို အလေးအနက်ထားကြရန်လည်း နယူးယော့ခ်မြို့တော်ဝန်က သတိပေးခဲ့ပါတယ်။

အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းမှာ နှင်းမုန်တိုင်းတစ်ခု ကျရောက်ခဲ့ပြီး လူဦးရေ သန်း ၆၀ ကျော်ဟာ နှင်းမုန်တိုင်းအန္တရာယ် စောင့်ကြည့်အခြေအနေမှာ ရှိနေပါတယ်။

(Photo: Reuters)

မုန်တိုင်းဟာ ကော်လိုရာဒိုမှ မိန်းပြည်နယ်အထိ ဖြတ်သန်းနိုင်ကြောင်း ခန့်မှန်းထားပြီး ပြည်နယ် ၁၄ ခုမှာ သတိပေးချက်များ ထုတ်ပြန်ထားပါတယ်။ အချို့နေရာတွေမှာ ဆီးနှင်းထု ၂ ပေအထိ ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ National Weather Service (NWS) က အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။



အမေရိကန်စံတော်ချိန် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) ညပိုင်းမှာ နှင်းများ အထူထပ်ဆုံး ကျရောက်နိုင်တယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ နယူးယော့ခ်မြို့မှာ နှစ်ပေါင်းများစွာအတွင်း အကြီးဆုံး ဆောင်းရာသီမုန်တိုင်းကို ကြုံတွေ့ရနိုင်တယ်လို့ မြို့တော်ဝန် Bill de Blasio က သတိပေးခဲ့ပါတယ်။

(Photo: Reuters)

မြိုခံတွေအနေနဲ့ မုန်တိုင်းအန္တရာယ်ကို အလေးအနက်ထားကြရန်လည်း နယူးယော့ခ်မြို့တော်ဝန် Bill က သတိပေး ပြောကြားခဲ့ပါတယ်။ မုန်တိုင်းအန္တရာယ်ရှိတာကြောင့် နယူးယော့ခ်ရှိ ကျောင်းများကို အွန်လိုင်းမှ သင်ကြားကြရန် ညွှန်ကြားထားပြီး အဆောက်အအုံပြင်ပ စားသောက်ဆိုင်တွေ ပိတ်ထားကြောင်းနဲ့ ကူးတို့သင်္ဘောခရီးစဥ်များ ရပ်ဆိုင်းထားကြောင်း သိရပါတယ်။ ထို့အတူ အရှေ့မြောက်ပိုင်းမှာ လေယာဥ်နဲ့ ရထားခရီးစဥ် ရာနဲ့ချီ ဆိုင်းငံ့ထားတယ်လို့ ဆိုပါတယ်။

(Photo: Reuters)

မုန်တိုင်းလမ်းကြောင်းမှာ ရှိနေသူတွေဟာ ၎င်းတို့နေရာဒေသမှာ ကြုံတွေ့နိုင်တဲ့ အနေအထားကို သိထားကြရန်နဲ့ အန္တရာယ်ရှိတဲ့ အခြေအနေတွေမှာ ယာဥ်မောင်းနှင်ခြင်းမပြုရန် အမေရိကန် ပို့ဆောင်ရေးဝန်ကြီး Elaine Chao က သတိပေးခဲ့ပါတယ်။ အမေရိကန်မှာ COVID-19 ကာကွယ်ဆေးထိုးနှံမှုများ စတင်နေခဲ့ပြီဖြစ်ရာ မုန်တိုင်းကြောင့် Pfizer-BioNTech ကာကွယ်ဆေးကို ဆေးရုံများသို့ ပို့ဆောင်မှုအပေါ် သက်ရောက်နိုင်မှုကို စောင့်ကြည့်နေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

.

Share

Loading Next Article...
က္က