ကူးစက်မှုထိန်းချုပ်ရန် ခရစ်စမတ်နဲ့ နှစ်သစ်ကူးမှာ တစ်နိုင်ငံလုံး lockdown သတ်မှတ်ကြောင်း ဝန်ကြီးချုပ်က ကြေညာပါတယ်။

အီတလီမှာ COVID-19 ကူးစက်မှုများ မြင့်တက်နေခြင်းကို ထိန်းချုပ်ရန်အတွက် ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ တစ်နိုင်ငံလုံး lockdown သတ်မှတ်ကြောင်း ဝန်ကြီးချုပ် Giuseppe Conte က ဒီဇင်ဘာ ၁၈ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

(Photo: Getty Images)

အသစ်ထုတ်ပြန်လိုက်တဲ့ lockdown စီမံဆောင်ရွက်မှုများအရ ဈေးဆိုင်များ၊ ဘားဆိုင်များနဲ့ စားသောက်ဆိုင်များ ပိတ်ထားရမျာဖြစ်ပြီး အီတလီနိုင်ငံတွင်း ဒေသတစ်ခုနဲတစ်ခုကြား ခရီးသွားလာမှုကို တားမြစ်ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အိမ်ထောင်စုတစ်ခုလျှင် လူတစ်ဦးသာ လိုအပ်တဲ့ အသုံးအဆောင်နဲ့ ပစ္စည်းများဝယ်ယူရန် နေ့စဥ် အိမ်ပြင်ထွက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။



ဘာသာရေးအခမ်းအနားတွေကို ည ၁၀ နာရီအထိ ကျင်းပခွင့်ပြုထားပါတယ်။ အီတလီရဲ့ Lombardy ၊ Veneto နဲ့ Lazio တို့မှာ ကူးစက်ပျံ့နှံ့မှုနှုန်း မြင့်တက်နေခဲ့ပြီးနောက် အစိုးရက တစ်နိုင်ငံလုံး lockdown အစီအစဥ်ကို ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေက ခရစ်စမတ်ကာအတွင်း ကူးစက်မှုတွေ မြင့်တက်လာမှာကို စိုးရိမ်ပူပန်ကြကြောင်း အီတလီဝန်ကြီးချုပ် Giuseppe Conte က ဆိုပါတယ်။

(အီတလီဝန်ကြီးချုပ် Giuseppe Conte) (Photo: EPA)

"ဗိုင်းရပ်စ်က နေရာတိုင်းမှာ ဆက်လက်ပျံ့နှံ့နေတယ်၊ ကျွန်တော်တို့ ဒါကို ဖိနှိပ်ထိန်းချုပ်နိုင်တယ်၊ ဒါပေမဲ့ အနိုင်မယူနိုင်ဘူး၊ ဒါကြောင့်ပဲ ကျွန်တော်တို့ရဲ့ ကျွမ်ကျင်းသူတွေကြားတောင် ခရစ်စမတ်ကာလအတွင်း ကူးစက်မှု မြင့်တက်နိုင်တာကို အလွန်စိုးရိမ်မှုရှိနေပါတယ်" လို့ ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

အီတလီတစ်နိုင်ငံလုံး lockdown သတ်မှတ်ဆောင်ရွက်ရာမှာ အစားအစာဆိုင်များ၊ ဆံပင်ညှပ်ဆိုင်များ၊ ဆေးဆိုင်များ၊ ဆေးလိပ်အရောင်းဆိုင်များ၊ အဝတ်လျှော်ဆိုင်များနဲ့ စာအုပ်ဆိုင်တွေကိုတော့ ဆက်လက် ဖွင့်ထားမယ်လို့ သိရပါတယ်။ Lockdown သတ်မှတ်ထားတဲ့ ကာလအတွင်း ဒီဇင်ဘာ ၂၈၊ ၂၉၊ ၃၀ နဲ့ ဇန်နဝါရီ ၄ ရက်နေ့တွေမှာတော့ ပိတ်ပင်ကန့်သတ်မှုများ ဖြေလျှော့ပေးသွားမယ်လို့လည်း ဝန်ကြီးချုပ် Giuseppe Conte က ပြောပါတယ်။

(Photo: Reuters)

ထိုရက်များမှာ ဈေးဆိုင်တွေကို ည ၉ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုပြီး လူတွေ လွတ်လပ်စွာ သွားလာနိုင်မယ်လို့ ၎င်းကဆိုပါတယ်။ လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီဟာ ဥရောပမှာ COVID-19 ကူးစက်ဖြစ်ပွားမှု အဆိုးဆုံးနိုင်ငံတစ်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၁.၉ သန်းကျော်ရှိခဲ့ပါတယ်။ အီတလီမှာ COVID-19 ကြောင့် သေဆုံးသူ ၆၇,၈၉၄ ဦးအထိရှိခဲ့ပြီး ဥရောပမှာ သေဆုံးမှုအများဆုံးနဲ့ ကမ္ဘာတစ်ဝန်း ပဥ္စမမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က